ပီအက္စ္ဂ်ီနဲ႔သတင္းေတြထြက္လာတ့ဲ စီေရာ္နယ္ဒို

ျပီးခ့ဲတ့ဲ ေႏြရာသီကမွ ရီးရဲလ္မက္ဒစ္ကေန ဂ်ဳဗင္တပ္ကိုေျပာင္းေရႊ႕ခ့ဲတ့ဲ တိုက္စစ္မွဴးစီေရာ္နယ္ဒိုဟာ လာမယ့္ရာသီမွာ ဂ်ဳဗင္တပ္မွာဆက္ရွိေနမယ္လို႔ေျပာၾကားထားခ့ဲေပမ့ဲ၊ ပီအက္စ္ဂ်ီကိုရုတ္တရတ္ေျပာင္းေရႊ႕ေတာ့မယ္လို႔သတင္းေတြထြက္လာတာပဲျဖစ္ပါတယ္။

ဂ်ဳဗင္တပ္အသင္းဟာ နည္းျပ အယ္လီဂရီ အသင္းကေနႏႈတ္ထြက္သြားခ့ဲျပီးတ့ဲေနာက္မွာေတာ့ လက္ရွိခ်န္ထိ နည္းျပသစ္တစ္ဦးကိုခန္႔အပ္ႏိုင္ျခင္းမရွိေသးတာပဲျဖစ္ပါတယ္။ ေနာက္ဆံုးထြက္ေပၚေနတ့ဲ သတင္းေတြအရ စီေရာ္နယ္ဒိုဟာ လာမယ့္ရာသီအတြက္ ဂ်ဳဗင္တပ္အသင္းရဲ႕အေနအထားကို ေက်နပ္အားရမႈမရွိျဖစ္ေနတယ္လို႔ သိရပါတယ္။

စီေရာ္နယ္ဒိုဟာ ဂ်ဳဗင္တပ္နည္းျပသစ္အျဖစ္ သူ႔ရဲ႕နည္းျပျဖစ္ခ့ဲဖူးသူ ေမာ္ရင္ဟိုကိုအလိုရွိေနတာျဖစ္ျပီး၊ ဂ်ဳဗင္တပ္ကေတာ့ အသင္းရဲ႕နည္းျပသစ္ေနရာအတြက္ ခ်ဲလ္ဆီးနည္းျပ ျဖစ္သူ ဆာရီကို ပစ္မွတ္ထားေနတယ္လို႔သတင္းေတြထြက္ေပၚလ်က္ရွိေနတာလည္းျဖစ္ပါတယ္။ သတင္းေတြအရ စီေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ျဖစ္သူ ေဂ်ာ့္မန္ဒက္စ္က စီေရာ္နယ္ဒိုကို အေျပာင္းအေရႊ႕အတြက္ကမ္းလွမ္းမႈတစ္ခုျပဳလုပ္ခ့ဲတယ္လို႔သိရပါတယ္။

အဆိုပါကမ္းလွမ္းခ်က္ဟာ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းထံကေနလာတယ္လို႔လည္း သိရပါတယ္။ စီေရာ္နယ္ဒိုရဲ႕ႏိုင္ပြဲဆာေလာင္မႈေတြနဲ႔ စိတ္ဓာတ္ျပင္းထန္မႈေတြက ပီအက္စ္ဂ်ီအသင္းကအလိုရွိေနတ့ဲ ကစားသမားတစ္ေယာက္ရဲ႕ပံုစံမ်ိဳးျဖစ္တယ္လို႔သတင္းေတြအရသိရပါတယ္။ ပီအက္စ္ဂ်ီအေနနဲ႔စီေရာ္နယ္ဒိုက သူတို႔အတြက္ ျပည့္စံုတ့ဲလူတစ္ေယာက္ျဖစ္တယ္လို႔ ယံုၾကည္ေနတာလည္းျဖစ္ပါတယ္။

ဂ်ဳဗင္တပ္ရဲ႕အေျပာင္းအေရႊ႕လႈပ္ရွားမႈအေပၚ စိတ္ေက်နပ္မႈမရွိတ့ဲ စီေရာ္နယ္ဒိုတစ္ေယာက္ ဘာေတြဆက္ျဖစ္မလဲဆိုတာ ဒီေႏြေစ်းကြက္ထဲမွာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ပီအက်စ်ဂျီနဲ့သတင်းတွေထွက်လာတဲ့ စီရော်နယ်ဒို

ပြီးခဲ့တဲ့ နွေရာသီကမှ ရီးရဲလ်မက်ဒစ်ကနေ ဂျုဗင်တပ်ကိုပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုဟာ လာမယ့်ရာသီမှာ ဂျုဗင်တပ်မှာဆက်ရှိနေမယ်လို့ပြောကြားထားခဲ့ပေမဲ့၊ ပီအက်စ်ဂျီကိုရုတ်တရတ်ပြောင်းရွှေ့တော့မယ်လို့သတင်းတွေထွက်လာတာပဲဖြစ်ပါတယ်။

ဂျုဗင်တပ်အသင်းဟာ နည်းပြ အယ်လီဂရီ အသင်းကနေနှုတ်ထွက်သွားခဲ့ပြီးတဲ့နောက်မှာတော့ လက်ရှိချန်ထိ နည်းပြသစ်တစ်ဦးကိုခန့်အပ်နိုင်ခြင်းမရှိသေးတာပဲဖြစ်ပါတယ်။ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရ စီရော်နယ်ဒိုဟာ လာမယ့်ရာသီအတွက် ဂျုဗင်တပ်အသင်းရဲ့အနေအထားကို ကျေနပ်အားရမှုမရှိဖြစ်နေတယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုဟာ ဂျုဗင်တပ်နည်းပြသစ်အဖြစ် သူ့ရဲ့နည်းပြဖြစ်ခဲ့ဖူးသူ မော်ရင်ဟိုကိုအလိုရှိနေတာဖြစ်ပြီး၊ ဂျုဗင်တပ်ကတော့ အသင်းရဲ့နည်းပြသစ်နေရာအတွက် ချဲလ်ဆီးနည်းပြ ဖြစ်သူ ဆာရီကို ပစ်မှတ်ထားနေတယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိနေတာလည်းဖြစ်ပါတယ်။ သတင်းတွေအရ စီရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့်မန်ဒက်စ်က စီရော်နယ်ဒိုကို အပြောင်းအရွှေ့အတွက်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါကမ်းလှမ်းချက်ဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းထံကနေလာတယ်လို့လည်း သိရပါတယ်။ စီရော်နယ်ဒိုရဲ့နိုင်ပွဲဆာလောင်မှုတွေနဲ့ စိတ်ဓာတ်ပြင်းထန်မှုတွေက ပီအက်စ်ဂျီအသင်းကအလိုရှိနေတဲ့ ကစားသမားတစ်ယောက်ရဲ့ပုံစံမျိုးဖြစ်တယ်လို့သတင်းတွေအရသိရပါတယ်။ ပီအက်စ်ဂျီအနေနဲ့စီရော်နယ်ဒိုက သူတို့အတွက် ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်တယ်လို့ ယုံကြည်နေတာလည်းဖြစ်ပါတယ်။

ဂျုဗင်တပ်ရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုအပေါ် စိတ်ကျေနပ်မှုမရှိတဲ့ စီရော်နယ်ဒိုတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီနွေဈေးကွက်ထဲမှာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar