လုကာဂ်ိဳဗစ္ရဲ႕ေနရာအတြက္ သင့္ေတာ္တဲ့သူကို ေခၚယူလိုက္ႏိုင္တဲ့ ဖရန္႔ဖက္

ဂ်ာမန္ဘြန္ဒက္လီဂါကလပ္ ဖရန္႔ဖက္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းထံေျပာင္းေရႊ႕ေရာက္ရွိသြားျပီျဖစ္တဲ့ တိုက္စစ္မွဴး လုကာဂ်ိဳဗစ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ရက္စတားဘဲလ္ဂရိတ္အသင္းရဲ႕ဆားဘီးယားတိုက္စစ္ကစားသမား ဒီဂ်န္ဂ်ိဳဗယ္လ္ဂ်စ္ကို ေခၚယူလိုက္ပါတယ္။

မႏွစ္ကဖရန္႔ဖက္အသင္းအတြက္ ဘြန္ဒက္လီဂါ (၁၇)ဂိုးသြင္းယူေပးခဲ့ျပီး၊ ယူရိုပါလိဂ္ဆီမီးဖိုင္နယ္ကို ပို႔ေဆာင္ေပးခဲ့သူ လုကာဂ်ိဳဗစ္ဟာ ဆားဘီးယားသားျဖစ္သလို ေနာက္ထပ္ ဆားဘီးယားသားတစ္ေယာက္ျဖစ္တဲ့ ဒီဂ်န္ဂ်ိဳဗယ္လ္ဂ်စ္ကိုလည္း ဖရန္႕ဖက္အသင္းေခၚယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ေနာက္ျပီး လုကာဂ်ိဳဗစ္လိုပဲ ဒီဂ်န္ဂ်ိဳဗယ္လ္ဂ်စ္ကိုလည္း ဆားဘီးယားႏိုင္ငံ ဘီဂ်ယ္လ္ဂ်ီနာျမိဳ႕မွာ ေမြးဖြားခဲ့တာပဲျဖစ္ပါတယ္။

ဒါ့အျပင္ ဒီဂ်န္ဂ်ိဳဗယ္လ္ဂ်စ္ဟာ ျပီးခဲ့တဲ့ရာသီက ရက္စတားဘဲလ္ဂရိတ္အသင္းအတြက္ (၈)ဂိုးသြင္းျပီး၊ (၂)ၾကိမ္ဂိုးဖန္တီးေပးႏိုင္ခဲ့ကာ ငယ္ငယ္ရြယ္ရြယ္နဲ႔ လုကာဂ်ိဳဗစ္ရဲ႕ေျခရာကို နင္းႏိုင္မယ့္သူအျဖစ္ အားလံုးက ထင္ေၾကးေပးေနၾကသူလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဖရန္႔ဖက္ဟာ အဆိုပါ လူငယ္ကစားသမားကို ယူရို (၄)သန္းနဲ႔ အရေခၚယူခဲ့တာလည္းျဖစ္ပါတယ္။

ဆားဘီးယားလိဂ္ စူပါလီဂါရဲ႕ခ်န္ပီယံအသင္းတစ္သင္းလည္းျဖစ္တဲ့ ရက္စတားဘဲလ္ဂရိတ္အသင္းရဲ႕ တိုက္စစ္မွဴး ဒီဂ်န္ဂ်ိဳဗယ္လ္ဂ်စ္ဟာ အသက္အရြယ္အားျဖင့္ (၁၉)ႏွစ္သာရွိေသးျပီး၊ ဖရန္႕ဖက္အသင္းက (၅)ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္နဲ႔ ေခၚယူႏိုင္ခဲ့တာေၾကာင့္ ဒီဂ်န္ဂ်ိဳဗယ္လ္ဂ်စ္အေနနဲ႔ ဖရန္႔ဖက္မွာ (၂၀၂၄)ခုႏွစ္အထိ ရွိေနေတာ့မွာလည္းျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

လုကာဂျိုဗစ်ရဲ့နေရာအတွက် သင့်တော်တဲ့သူကို ခေါ်ယူလိုက်နိုင်တဲ့ ဖရန့်ဖက်

ဂျာမန်ဘွန်ဒက်လီဂါကလပ် ဖရန့်ဖက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းထံပြောင်းရွှေ့ရောက်ရှိသွားပြီဖြစ်တဲ့ တိုက်စစ်မှူး လုကာဂျိုဗစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ရက်စတားဘဲလ်ဂရိတ်အသင်းရဲ့ဆားဘီးယားတိုက်စစ်ကစားသမား ဒီဂျန်ဂျိုဗယ်လ်ဂျစ်ကို ခေါ်ယူလိုက်ပါတယ်။

မနှစ်ကဖရန့်ဖက်အသင်းအတွက် ဘွန်ဒက်လီဂါ (၁၇)ဂိုးသွင်းယူပေးခဲ့ပြီး၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့သူ လုကာဂျိုဗစ်ဟာ ဆားဘီးယားသားဖြစ်သလို နောက်ထပ် ဆားဘီးယားသားတစ်ယောက်ဖြစ်တဲ့ ဒီဂျန်ဂျိုဗယ်လ်ဂျစ်ကိုလည်း ဖရန့်ဖက်အသင်းခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ နောက်ပြီး လုကာဂျိုဗစ်လိုပဲ ဒီဂျန်ဂျိုဗယ်လ်ဂျစ်ကိုလည်း ဆားဘီးယားနိုင်ငံ ဘီဂျယ်လ်ဂျီနာမြို့မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီဂျန်ဂျိုဗယ်လ်ဂျစ်ဟာ ပြီးခဲ့တဲ့ရာသီက ရက်စတားဘဲလ်ဂရိတ်အသင်းအတွက် (၈)ဂိုးသွင်းပြီး၊ (၂)ကြိမ်ဂိုးဖန်တီးပေးနိုင်ခဲ့ကာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုကာဂျိုဗစ်ရဲ့ခြေရာကို နင်းနိုင်မယ့်သူအဖြစ် အားလုံးက ထင်ကြေးပေးနေကြသူလည်းဖြစ်ပါတယ်။ ဒါကြောင့် ဖရန့်ဖက်ဟာ အဆိုပါ လူငယ်ကစားသမားကို ယူရို (၄)သန်းနဲ့ အရခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

ဆားဘီးယားလိဂ် စူပါလီဂါရဲ့ချန်ပီယံအသင်းတစ်သင်းလည်းဖြစ်တဲ့ ရက်စတားဘဲလ်ဂရိတ်အသင်းရဲ့ တိုက်စစ်မှူး ဒီဂျန်ဂျိုဗယ်လ်ဂျစ်ဟာ အသက်အရွယ်အားဖြင့် (၁၉)နှစ်သာရှိသေးပြီး၊ ဖရန့်ဖက်အသင်းက (၅)နှစ်သက်တမ်းရှိတဲ့ စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာကြောင့် ဒီဂျန်ဂျိုဗယ်လ်ဂျစ်အနေနဲ့ ဖရန့်ဖက်မှာ (၂၀၂၄)ခုနှစ်အထိ ရှိနေတော့မှာလည်းဖြစ်ပါတယ်။

လူညိုချော@SportsGabar