မက္ဆီကိုမာရာဒိုနာနဲ႔ႏိႈင္းယွဥ္ျပီးခ်ီးက်ဳးလိုက္တ့ဲအာဂ်င္တီးနားဂႏၳ၀င္ ကမ္ပတ္စ္

အာဂ်င္တီးနားဂႏၳ၀င္ (၁၉၇၈)ကမာၻ႔ဖလားဆုရွင္ မာရီယိုကမ္ပတ္စ္ က မက္ဆီကို မာရာဒိုနာနဲ႔ႏိႈင္းယွဥ္ေျပာဆိုေနၾကတ့ဲအေပၚမွာ သူ႔ရဲ႕အျမင္ကိုေျပာၾကားသြားခ့ဲပါတယ္။

မက္ဆီဟာ အာဂ်င္တီးနားအသင္းရဲ႕ဂိုးသြင္းအမ်ားဆံုးကစားသမားတစ္ဦးျဖစ္ေသာ္လည္း၊ အာဂ်င္တီးနားအသင္းနဲ႔အတူ ေအာင္ျမင္မႈေတြမရရွိသည့္အေပၚမွာ မၾကာခဏေ၀ဖန္ခံေနရတာလည္းျဖစ္ပါတယ္။ အာဂ်င္တီးနားနဲ႔အတူူ (၂၀၁၄)ကမာၻ႕ဖလားဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္ခ့ဲေပမ့ဲ ဗိုလ္လုပြဲမွာ ဂ်ာမနီကိုရံႈးနိ္မ့္ခ့ဲျပီး၊ ဒုတိယနဲ႔သာေက်နပ္ခ့ဲရာတလည္းျဖစ္ပါတယ္။

ေရဒီယိုအင္တာဗ်ဳးတစ္ခုမွာ မာရီယို ကမ္ပတ္စ္က ” မာရာဒိုနာက (၁၉၈၆)ကမာၻ႕ဖလားမွာခ်န္ပီယံျဖစ္ခ့ဲပါတယ္၊ မက္ဆီကေတာ့ ဒါကိုမလုပ္ႏိုင္ေသးပါဘူး၊ ဒါကအမွန္တရားပါပဲ၊ ဒါေပမ့ဲ မက္ဆီက အားလံုးကို အႏိုင္ရျပီးသြားပါျပီ၊ မက္ဆီက ကမာၻ႕ဖလားကိုမရလို႔ မာရာဒိုနာေလာက္မေ႕ာင္းဘူးလို႔ လူေတြကႏိႈင္းယွဥ္ေျပာဆိုေနၾကပါတယ္၊ ဒါကတကယ္ကိုရူးပါတယ္၊

မက္ဆီက မာရာဒိုနာလိုေကာင္းဖို႔ ကမာၻ႕ဖလားကိုရစရာမလိုပါဘူး၊ မက္ဆီကမာၻ႔ဖလားမရတာကိုပဲလူေတြကေျပာေနၾကတယ္၊ ဒါေပမ့ဲ မက္ဆီကအားလံုးကိုအႏိုင္ရျပီးသြားျပီဆိုတာကိုက်ေတာ့ လူေတြကေမ့ေနျပီးေတာ့ ေနာက္ျပန္ၾကည့္ျပီး၊ ေျပာဆိုမႈေတြျပဳလုပ္ေနၾကတာပါ ” လို႔သူ႔ရဲ႕အျမင္ကိုေျပာၾကားသြားခ့ဲပါတယ္။

လတ္တေလာမွာေတာ့ မက္ဆီဟာ အာဂ်င္တီးနားနဲ႔အတူ ဘရာဇီးကအိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ ကိုပါအေမရိက ျပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းကိုကမာၻ႔ဖလားရရွိေအာင္စြမ္းေဆာင္ေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မက်ဆီကိုမာရာဒိုနာနဲ့နှိုင်းယှဉ်ပြီးချီးကျုးလိုက်တဲ့အာဂျင်တီးနားဂန္ထဝင် ကမ်ပတ်စ်

အာဂျင်တီးနားဂန္ထဝင် (၁၉၇၈)ကမ္ဘာ့ဖလားဆုရှင် မာရီယိုကမ်ပတ်စ် က မက်ဆီကို မာရာဒိုနာနဲ့နှိုင်းယှဉ်ပြောဆိုနေကြတဲ့အပေါ်မှာ သူ့ရဲ့အမြင်ကိုပြောကြားသွားခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးဖြစ်သော်လည်း၊ အာဂျင်တီးနားအသင်းနဲ့အတူ အောင်မြင်မှုတွေမရရှိသည့်အပေါ်မှာ မကြာခဏဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့အတူူ (၂၀၁၄)ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပေမဲ့ ဗိုလ်လုပွဲမှာ ဂျာမနီကိုရှုံးနိမ့်ခဲ့ပြီး၊ ဒုတိယနဲ့သာကျေနပ်ခဲ့ရာတလည်းဖြစ်ပါတယ်။

ရေဒီယိုအင်တာဗျုးတစ်ခုမှာ မာရီယို ကမ်ပတ်စ်က ” မာရာဒိုနာက (၁၉၈၆)ကမ္ဘာ့ဖလားမှာချန်ပီယံဖြစ်ခဲ့ပါတယ်၊ မက်ဆီကတော့ ဒါကိုမလုပ်နိုင်သေးပါဘူး၊ ဒါကအမှန်တရားပါပဲ၊ ဒါပေမဲ့ မက်ဆီက အားလုံးကို အနိုင်ရပြီးသွားပါပြီ၊ မက်ဆီက ကမ္ဘာ့ဖလားကိုမရလို့ မာရာဒိုနာလောက်မေ့ာင်းဘူးလို့ လူတွေကနှိုင်းယှဉ်ပြောဆိုနေကြပါတယ်၊ ဒါကတကယ်ကိုရူးပါတယ်၊

မက်ဆီက မာရာဒိုနာလိုကောင်းဖို့ ကမ္ဘာ့ဖလားကိုရစရာမလိုပါဘူး၊ မက်ဆီကမ္ဘာ့ဖလားမရတာကိုပဲလူတွေကပြောနေကြတယ်၊ ဒါပေမဲ့ မက်ဆီကအားလုံးကိုအနိုင်ရပြီးသွားပြီဆိုတာကိုကျတော့ လူတွေကမေ့နေပြီးတော့ နောက်ပြန်ကြည့်ပြီး၊ ပြောဆိုမှုတွေပြုလုပ်နေကြတာပါ ” လို့သူ့ရဲ့အမြင်ကိုပြောကြားသွားခဲ့ပါတယ်။

လတ်တလောမှာတော့ မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ဘရာဇီးကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကိုပါအမေရိက ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကိုကမ္ဘာ့ဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar