မက္ဆီရဲ႕အာဂ်င္တီးနားအသင္းကိုအႏိုင္ယူဖို႔စိတ္အားထက္သန္ေနတဲ့ဖယ္လ္ကာအို

ကိုလံဘီယာတိုက္စစ္မွဴး ဖယ္လ္ကာအိုဟာ ကိုပါအေမရိကဖလားျပိဳင္ပြဲမွာ အုပ္စုပြဲစဥ္အျဖစ္ပြဲဦးထြက္ရင္ဆိုင္ရမယ့္ အာဂ်င္တီးနားအသင္းကို အႏိုင္ယူဖို႔ စိတ္အားထက္သန္ေနျပီး အသင့္ျဖစ္ေနျပီလို႔ ေျပာၾကားလိုက္ပါတယ္။

မက္ဆီဦးေဆာင္တဲ့ အာဂ်င္တီးနားအသင္းနဲ႔ ဖယ္လ္ကာအိုရဲ႕ကိုလံဘီယာ အသင္းတို႔ဟာ ဇြန္လ (၁၆)ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားသြားရမွာလည္းျဖစ္ပါတယ္။ ကိုလံဘီယာအသင္းရဲ႕ဂိုးသြြင္းအမ်ားဆံုး တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဖယ္လ္ကာအိုအတြက္ ယခုႏွစ္ကိုပါအေမရိက ျပိဳင္ပြဲဟာ ေနာက္ဆံုး ႏိုင္ငံတကာျပိဳင္ပြဲလည္းျဖစ္သြားႏိုင္တာေၾကာင့္ ဖယ္လ္ကာအိုဟာ လက္ေရြးစင္အသင္းကို ေအာင္ျမင္မႈေတြနဲ႔ ခ်န္ထားခဲ့ခ်င္ေနတာလည္းျဖစ္ပါတယ္။ ဖယလ္ကာအိုက-

” ဒီ့အတြက္ ကြ်န္ေတာ္ျပင္ဆင္ေနပါတယ္၊ ကြ်န္ေတာ့္ရဲ႕အေကာင္းဆံုးပံုစံကို ၾကိဳးစားရယူဖို႔ အဲဒါက အေကာင္းဆံုးနည္းလမ္းတစ္ခုပါပဲ၊ အာဂ်င္တီးနားကို ကြ်န္ေတာ္တို႔ မႏိုင္တာ အခ်ိန္ေတြ အရမ္းၾကာေနပါျပီ၊ ဒါေပမဲ့ ကြ်န္ေတာ္တို႔ အားတင္းထားရပါမယ္၊ အႏိုင္ရဖို႔က နီးစပ္ေနပါျပီ ”

” သမိုင္းအစဥ္အလာေတြကို မၾကည့္ပဲ လက္ေတြက်တဲ့ အခ်က္အလတ္ေတြကိုပဲ အာရံုစိုက္ရပါမယ္၊ ကြ်န္ေတာ္တို႔ ေလ့က်င့္ထားတဲ့အတိုင္း ကစားသြားမွာပါ၊ ဒီလိုျပိဳင္ပြဲၾကီးေတြမွာ နည္းပါးတဲ့ အခြင့္အေရးေသးေသးေလးေတြကလည္း ပြဲအေျဖကို အၾကီးမားဆံုးေျပာင္းလဲေပးႏိုင္ပါတယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အသက္အရြယ္အားျဖင့္ (၃၃)ႏွစ္အရြယ္ေရာက္ျပီျဖစ္တဲ့ ဖယ္လ္ကာအိုဟာ ျပီးခဲ့တဲ့ေဘာလံုးရာသီအတြင္း ကလပ္အသင္းမိုနာကိုအတြက္ လီဂူးပြဲ (၃၃)ပြဲကစားေပးခဲ့ျပီး၊ သြင္းဂိုး (၁၅)ဂိုးအထိ သြင္းယူႏိုင္ခဲ့ကာ၊ (၂)ၾကိမ္ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

မက်ဆီရဲ့အာဂျင်တီးနားအသင်းကို အနိုင်ယူဖို့ စိတ်အားထက်သန်နေတဲ့ ဖယ်လ်ကာအို

ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုပွဲစဉ်အဖြစ်ပွဲဦးထွက်ရင်ဆိုင်ရမယ့် အာဂျင်တီးနားအသင်းကို အနိုင်ယူဖို့ စိတ်အားထက်သန်နေပြီး အသင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။

မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းနဲ့ ဖယ်လ်ကာအိုရဲ့ကိုလံဘီယာ အသင်းတို့ဟာ ဇွန်လ (၁၆)ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။ ကိုလံဘီယာအသင်းရဲ့ဂိုးသွင်းအများဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဖယ်လ်ကာအိုအတွက် ယခုနှစ်ကိုပါအမေရိက ပြိုင်ပွဲဟာ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲလည်းဖြစ်သွားနိုင်တာကြောင့် ဖယ်လ်ကာအိုဟာ လက်ရွေးစင်အသင်းကို အောင်မြင်မှုတွေနဲ့ ချန်ထားခဲ့ချင်နေတာလည်းဖြစ်ပါတယ်။ ဖယလ်ကာအိုက-

” ဒီ့အတွက် ကျွန်တော်ပြင်ဆင်နေပါတယ်၊ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံကို ကြိုးစားရယူဖို့ အဲဒါက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ၊ အာဂျင်တီးနားကို ကျွန်တော်တို့ မနိုင်တာ အချိန်တွေ အရမ်းကြာနေပါပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ အားတင်းထားရပါမယ်၊ အနိုင်ရဖို့က နီးစပ်နေပါပြီ ”

” သမိုင်းအစဉ်အလာတွေကို မကြည့်ပဲ လက်တွေကျတဲ့ အချက်အလတ်တွေကိုပဲ အာရုံစိုက်ရပါမယ်၊ ကျွန်တော်တို့ လေ့ကျင့်ထားတဲ့အတိုင်း ကစားသွားမှာပါ၊ ဒီလိုပြိုင်ပွဲကြီးတွေမှာ နည်းပါးတဲ့ အခွင့်အရေးသေးသေးလေးတွေကလည်း ပွဲအဖြေကို အကြီးမားဆုံးပြောင်းလဲပေးနိုင်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

အသက်အရွယ်အားဖြင့် (၃၃)နှစ်အရွယ်ရောက်ပြီဖြစ်တဲ့ ဖယ်လ်ကာအိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ကလပ်အသင်းမိုနာကိုအတွက် လီဂူးပွဲ (၃၃)ပွဲကစားပေးခဲ့ပြီး၊ သွင်းဂိုး (၁၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ၊ (၂)ကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

လူညိုချော@SportsGabar