ဟာဇက္၀တ္မယ့္ေက်ာနံပါတ္ကိုေျပာသြားခ့ဲတဲ့ရီးရဲလ္

ျပီးခ့ဲတ့ဲႏွစ္ေတြထဲက ရီးရဲလ္နဲ႔သတင္းေတြထြက္ေနခ့ဲတ့ဲ ဟာဇက္ဟာ ခုေတာ့ ရီးရဲလ္အသင္းကိုအမွန္တကယ္ပဲေရာက္ရွိသြားခ့ဲပါျပီ။ ဟာဇက္ရဲ႕မိတ္ဆက္ပြဲကို ရီးရဲလ္ရဲ႕ဘာေနဗ်ဳးကြင္းမွာ ျပဳလုပ္ခ့ဲျပီး၊ ပရိသတ္(၅၀၀၀၀)၀န္းက်င္လာေရာက္ၾကိဳဆိုခ့ဲၾကပါတယ္။

ဟာဇက္ဟာရီးရဲလ္ကိုေရာက္ရွိလာျပီျဖစ္ေပမ့ဲ သူ၀တ္ဆင္မယ့္ ဂ်ာစီေကာနံပါတ္ကို အခုထိမသိရေသးတာပဲျဖစ္ပါတယ္။ သတင္းေတြအရေတာ့ ဟာဇက္ကိုေက်ာနံပါတ္(၇) သို႔မဟုတ္ (၁၁)ကိုေပးျပီး၀တ္ဆင္ေစမွာျဖစ္တယ္လို႔သိရပါတယ္။ လက္၇ွိမွာ ေက်ာနြပါတ္(၇)ကို စီေရာ္နယ္ဒိုဂ်ဳဗင္တပ္ကိုေျပာင္းသြားျပီးေနာက္ပိုင္း တိုက္စစ္မွဴး ဒိုင္ယက္က ၀တ္ဆင္ေနတာျဖစ္ပါတယ္။

ေက်ာနံပါတ္(၁၁)ကေတာ့ တိုက္စစ္မွဴးဂါရက္ေဘးလ္၀တ္ဆင္ေနတာျဖစ္ျပီး၊ ဂါရက္ေဘးလ္က ဒီေႏြမွာ အသင္းကေနထြက္ခြာဖို႔ရွိေနတာေၾကာင့္ ဟာဇက္အေနနဲ႔ ေက်ာနံပါတ္(၇)ထက္စာရင္ ေက်ာနံပါတ္(၁၁)ကို၀တ္ဆင္ရဖို႔ အခြင့္အလမ္းပိုမ်ားေနတာလည္းျဖစ္ပါတယ္။ရီးရဲလ္ကိုေရာက္ရွိလာတ့ဲခံစားခ်က္နဲ႔ပတ္သက္ျပီးေတာ့ ေမးျမန္းခ့ဲရာမွာလည္းဟာဇက္က ” ဒါကိုကၽြန္ေတာ္အျမဲတမ္း အိပ္မက္ မက္ေနခ့ဲတာပါ၊ အခုေတာ့ေရာက္ရွိလာခ့ဲပါျပီ၊ ေျပာျပစရာစကားမရွိေအာင္ပါပဲ၊

ကၽြန္ေတာ္ရဲ႕ကစားသမားဘ၀တစ္ေလ်ွာက္ အဆင့္ေတြအမ်ားၾကီးေက်ာ္ျဖတ္ခ့ဲရပါတယ္၊ ျပင္သစ္မွာ ကစားသမားဘ၀စခ့ဲတယ္၊ ေနာက္ေတာ့ အဂၤလန္ကိုေရာက္လာခ့ဲတယ္၊ အခု စပိန္ကိုေရာက္လာခ့ဲပါျပီ၊ ရီးရဲလ္အတြက္ကစားဖို႔လာခ့ဲရတာက ကၽြန္ေတာ္အတြက္ေတာ့ အေကာင္းဆံုးအခိုက္အတန္႔ပါပဲ၊ ဒီမွာ ကၽြန္ေတာ္ရဲ႕အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကိုျပသ သြားမွာပါ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ဟာဇက္အေနနဲ႔ ရီးရဲလ္မွာ ခ်ဲလ္ဆီးတုန္းကလိုေျခစြမ္းေတြျပသႏိုင္မလားဆိုတာကေတာ့ လာမယ့္ရာသီမွာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဟာဇက်ဝတ်မယ့်ကျောနံပါတ်ကိုပြောသွားခဲ့တဲ့ရီးရဲလ်

ပြီးခဲ့တဲ့နှစ်တွေထဲက ရီးရဲလ်နဲ့သတင်းတွေထွက်နေခဲ့တဲ့ ဟာဇက်ဟာ ခုတော့ ရီးရဲလ်အသင်းကိုအမှန်တကယ်ပဲရောက်ရှိသွားခဲ့ပါပြီ။ ဟာဇက်ရဲ့မိတ်ဆက်ပွဲကို ရီးရဲလ်ရဲ့ဘာနေဗျုးကွင်းမှာ ပြုလုပ်ခဲ့ပြီး၊ ပရိသတ်(၅၀၀၀၀)ဝန်းကျင်လာရောက်ကြိုဆိုခဲ့ကြပါတယ်။

ဟာဇက်ဟာရီးရဲလ်ကိုရောက်ရှိလာပြီဖြစ်ပေမဲ့ သူဝတ်ဆင်မယ့် ဂျာစီကောနံပါတ်ကို အခုထိမသိရသေးတာပဲဖြစ်ပါတယ်။ သတင်းတွေအရတော့ ဟာဇက်ကိုကျောနံပါတ်(၇) သို့မဟုတ် (၁၁)ကိုပေးပြီးဝတ်ဆင်စေမှာဖြစ်တယ်လို့သိရပါတယ်။ လက်၇ှိမှာ ကျောနွပါတ်(၇)ကို စီရော်နယ်ဒိုဂျုဗင်တပ်ကိုပြောင်းသွားပြီးနောက်ပိုင်း တိုက်စစ်မှူး ဒိုင်ယက်က ဝတ်ဆင်နေတာဖြစ်ပါတယ်။

ကျောနံပါတ်(၁၁)ကတော့ တိုက်စစ်မှူးဂါရက်ဘေးလ်ဝတ်ဆင်နေတာဖြစ်ပြီး၊ ဂါရက်ဘေးလ်က ဒီနွေမှာ အသင်းကနေထွက်ခွာဖို့ရှိနေတာကြောင့် ဟာဇက်အနေနဲ့ ကျောနံပါတ်(၇)ထက်စာရင် ကျောနံပါတ်(၁၁)ကိုဝတ်ဆင်ရဖို့ အခွင့်အလမ်းပိုများနေတာလည်းဖြစ်ပါတယ်။ရီးရဲလ်ကိုရောက်ရှိလာတဲ့ခံစားချက်နဲ့ပတ်သက်ပြီးတော့ မေးမြန်းခဲ့ရာမှာလည်းဟာဇက်က ” ဒါကိုကျွန်တော်အမြဲတမ်း အိပ်မက် မက်နေခဲ့တာပါ၊ အခုတော့ရောက်ရှိလာခဲ့ပါပြီ၊ ပြောပြစရာစကားမရှိအောင်ပါပဲ၊

ကျွန်တော်ရဲ့ကစားသမားဘဝတစ်လျှောက် အဆင့်တွေအများကြီးကျော်ဖြတ်ခဲ့ရပါတယ်၊ ပြင်သစ်မှာ ကစားသမားဘဝစခဲ့တယ်၊ နောက်တော့ အင်္ဂလန်ကိုရောက်လာခဲ့တယ်၊ အခု စပိန်ကိုရောက်လာခဲ့ပါပြီ၊ ရီးရဲလ်အတွက်ကစားဖို့လာခဲ့ရတာက ကျွန်တော်အတွက်တော့ အကောင်းဆုံးအခိုက်အတန့်ပါပဲ၊ ဒီမှာ ကျွန်တော်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသ သွားမှာပါ ” လို့ပြောကြားသွားခဲ့ပါတယ်။

ဟာဇက်အနေနဲ့ ရီးရဲလ်မှာ ချဲလ်ဆီးတုန်းကလိုခြေစွမ်းတွေပြသနိုင်မလားဆိုတာကတော့ လာမယ့်ရာသီမှာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar