မန္ယူႏိုက္တက္ေရာင္းခ်သင့္တ့ဲ ကစားသမား(၃)ဦး

မန္ယူႏို္က္တက္ဟာ အခုခ်ိန္မွာ အားနည္းခ်က္ေတြအမ်ားအျပားနဲ႔ရုန္းကန္ေနရတ့ဲအသင္းဆိုတာအားလံုးကလက္ခံထားၾကပါတယ္။ နည္းျပသစ္ဆိုးလ္ရွားလက္ထက္မွာ ေျပာင္းလဲမႈေတြျပဳလုပ္ဖို႔ျပင္ဆင္ေနျပီး၊ ကစားေခၚယူမႈေတြလည္း ေသခ်ာျပဳလုပ္ေနပါတယ္။ ေနာက္ျပီး အသင္းမွာ ေျခစြမ္းမျပႏိုင္တ့ဲ ကစားသမားအခ်ိဳ႔ကိုလည္းေရာင္းထုက္ဖို႔ စီစဥ္ေနျပီး ဒီထဲကမွ မန္ယူႏိုက္တက္ကေနထြက္ခြာသင့္တ့ဲ ကစားသမား(၃)ဦးကိုေဖာ္ျပေပးခ်င္ပါတယ္။

#၃ အက္ရွေလယန္း
မန္ယူႏိုက္တက္ရဲ႕ညာေနာက္ခံလူ အက္ရွေလယန္းဟာ ဒီရာသီမွာ အသင္းအတြက္ေျခစြမ္းျပႏိုင္ဖို႔ရုန္းကန္ေနခ့ဲရျပီး၊ အေရးၾကီးပြဲစဥ္အခ်ိဳ႕မွာလည္း မၾကာခဏအမွားေတြက်ဳးလြန္ေနတာလည္းျဖစ္ပါတယ္။ အသက္အရြယ္အရ(၃၃)ႏွစ္ရွိေနျပီျဖစ္တ့ဲ အက္ရွေလယန္းဟာ မန္ယူႏိုက္တက္နဲ႔အတူ ေျခစြမ္းျပကစားႏိုင္ဖို႔ဆိုတာမျဖစ္ႏိုင္ေတာ့တ့ဲအေနအထားမ်ိဳးပါ။ ဒါ့ေၾကာင့္မန္ယူႏိုက္တက္အေနနဲ႔ အက္ရွေလယန္းကို ဒီေႏြေစ်းကြက္မွာ ထုက္ေရာင္းလိုက္သင့္ပါတယ္။

#၂ ဆန္းခ်က္
ျပီးခ့ဲတ့ဲ(၂၀၁၈)ခုႏွစ္ဇန္န၀ါရီအေျပာင္းေရႊ႕ကာလက အာဆင္နယ္ကေနမန္ယူႏိုက္တက္ ကုိေရာက္ရွိခ့ဲတာျဖစ္ျပီး၊ မန္ယူႏိုက္တက္နဲ႔အတူ တစ္ရာသီခြဲအၾကာျဖတ္သန္းျပီးခ်ိန္ထိ ဆန္းခ်က္ဟာ အာဆင္နယ္ကလိုေျခစြမ္းမ်ိဳးျပသႏိုင္ဖို႔ရုန္းကန္ေနရဆဲပဲျဖစ္ပါတယ္။ ဒဏ္ရာကလည္း မၾကာခဏရရွိေနျပီး၊ လုပ္ခလစာကလည္းျမင့္မားလြန္းတာေၾကာင့္ ပြဲထြက္ကစားတ့ဲအေရအတြက္ဟာလည္းနည္းပါးလြန္းခ့ဲပါတယ္။ ျပဳျပင္မႈေတြျပဳလုပ္ေနတ့ဲ မန္ယူႏိုက္တက္အဖို႔ ဆန္းခ်က္ကိုအသင္းမွာဆက္ထားေနရင္ ဆင္ဖိုးထက္ခၽြန္ဖိုးၾကီးေနျပီဆိုတ့ဲ ဗမာဆိုရိုးအတိုင္းျဖစ္ေနတာေၾကာင့္ ဆန္းခ်က္ဟာ ဒီေႏြေစ်းကြက္ထဲမွာ ေရာင္းခ်သြားသင့္တ့ဲ ကစားသမားတစ္ေယာက္ပဲျဖစ္ပါတယ္။

#၁ ရိုဂ်ိဳ
နည္းျပ ဗန္ေဂါလ္လက္ထက္က မန္ယူႏိုက္တက္ရဲ႕ပထမဆံုးေခၚယူမႈျဖစ္ခ့ဲတ့ဲ ေနာက္ခံလူရိုဂ်ိဳဟာ မန္ယူႏိုက္တက္နဲ႔အတူ တာထြက္ေကာင္းတ့ဲကစားသမားတစ္ေယာက္ျဖစ္ခ့ဲပါတယ္။ ဒါေပမ့ဲ ဒဏ္ရာျပႆနာေတြၾကံဳေတြ႔ျပီးေနာကျ္ပိုင္းမွာ အသင္းမွာ ပံုမွန္ေျခစြမ္းျပႏိုင္ဖို႔ရုန္းကန္ခ့ဲရျပီး၊ပြဲထြက္ခြင့္ပါ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ မန္ယူႏိုက္တက္အေနနဲ႔ ရိုဂ်ိဳေနရာမွာေကာင္းမြန္တ့ဲ အစားထိုးမႈေတြျပဳလုပ္သင့္ျပီး၊ ကစားသမားကို အသင္းကေနေရာင္းခ်သြားသင့္ပါတယ္။

မန္ယူႏိုက္တက္ဟာ ဒီေႏြေစ်းကြက္ရဲ႕ပထမဆံုကစားသမားေခၚယူမႈအျဖစ္ ဆြမ္ဆီးကစားသမားေလးဒန္နီယမ္ ဂ်ိမ္းစ္ကိုေခၚယူထားျပီးျဖစ္ကာ ေနာက္ထပ္ေခၚယူမႈေတြျပဳလုပ္ဖို႔ ၾကိဳးစားေနတာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်ယူနိုက်တက်ရောင်းချသင့်တဲ့ ကစားသမား(၃)ဦး

မန်ယူနိုက်တက်ဟာ အခုချိန်မှာ အားနည်းချက်တွေအများအပြားနဲ့ရုန်းကန်နေရတဲ့အသင်းဆိုတာအားလုံးကလက်ခံထားကြပါတယ်။ နည်းပြသစ်ဆိုးလ်ရှားလက်ထက်မှာ ပြောင်းလဲမှုတွေပြုလုပ်ဖို့ပြင်ဆင်နေပြီး၊ ကစားခေါ်ယူမှုတွေလည်း သေချာပြုလုပ်နေပါတယ်။ နောက်ပြီး အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားအချို့ကိုလည်းရောင်းထုက်ဖို့ စီစဉ်နေပြီး ဒီထဲကမှ မန်ယူနိုက်တက်ကနေထွက်ခွာသင့်တဲ့ ကစားသမား(၃)ဦးကိုဖော်ပြပေးချင်ပါတယ်။

#၃ အက်ရှလေယန်း
မန်ယူနိုက်တက်ရဲ့ညာနောက်ခံလူ အက်ရှလေယန်းဟာ ဒီရာသီမှာ အသင်းအတွက်ခြေစွမ်းပြနိုင်ဖို့ရုန်းကန်နေခဲ့ရပြီး၊ အရေးကြီးပွဲစဉ်အချို့မှာလည်း မကြာခဏအမှားတွေကျုးလွန်နေတာလည်းဖြစ်ပါတယ်။ အသက်အရွယ်အရ(၃၃)နှစ်ရှိနေပြီဖြစ်တဲ့ အက်ရှလေယန်းဟာ မန်ယူနိုက်တက်နဲ့အတူ ခြေစွမ်းပြကစားနိုင်ဖို့ဆိုတာမဖြစ်နိုင်တော့တဲ့အနေအထားမျိုးပါ။ ဒါ့ကြောင့်မန်ယူနိုက်တက်အနေနဲ့ အက်ရှလေယန်းကို ဒီနွေဈေးကွက်မှာ ထုက်ရောင်းလိုက်သင့်ပါတယ်။

#၂ ဆန်းချက်
ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်ဇန်နဝါရီအပြောင်းရွှေ့ကာလက အာဆင်နယ်ကနေမန်ယူနိုက်တက် ကိုရောက်ရှိခဲ့တာဖြစ်ပြီး၊ မန်ယူနိုက်တက်နဲ့အတူ တစ်ရာသီခွဲအကြာဖြတ်သန်းပြီးချိန်ထိ ဆန်းချက်ဟာ အာဆင်နယ်ကလိုခြေစွမ်းမျိုးပြသနိုင်ဖို့ရုန်းကန်နေရဆဲပဲဖြစ်ပါတယ်။ ဒဏ်ရာကလည်း မကြာခဏရရှိနေပြီး၊ လုပ်ခလစာကလည်းမြင့်မားလွန်းတာကြောင့် ပွဲထွက်ကစားတဲ့အရေအတွက်ဟာလည်းနည်းပါးလွန်းခဲ့ပါတယ်။ ပြုပြင်မှုတွေပြုလုပ်နေတဲ့ မန်ယူနိုက်တက်အဖို့ ဆန်းချက်ကိုအသင်းမှာဆက်ထားနေရင် ဆင်ဖိုးထက်ချွန်ဖိုးကြီးနေပြီဆိုတဲ့ ဗမာဆိုရိုးအတိုင်းဖြစ်နေတာကြောင့် ဆန်းချက်ဟာ ဒီနွေဈေးကွက်ထဲမှာ ရောင်းချသွားသင့်တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။

#၁ ရိုဂျို
နည်းပြ ဗန်ဂေါလ်လက်ထက်က မန်ယူနိုက်တက်ရဲ့ပထမဆုံးခေါ်ယူမှုဖြစ်ခဲ့တဲ့ နောက်ခံလူရိုဂျိုဟာ မန်ယူနိုက်တက်နဲ့အတူ တာထွက်ကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေကြုံတွေ့ပြီးနောြက်ပိုင်းမှာ အသင်းမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရပြီး၊ပွဲထွက်ခွင့်ပါ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ မန်ယူနိုက်တက်အနေနဲ့ ရိုဂျိုနေရာမှာကောင်းမွန်တဲ့ အစားထိုးမှုတွေပြုလုပ်သင့်ပြီး၊ ကစားသမားကို အသင်းကနေရောင်းချသွားသင့်ပါတယ်။

မန်ယူနိုက်တက်ဟာ ဒီနွေဈေးကွက်ရဲ့ပထမဆုံကစားသမားခေါ်ယူမှုအဖြစ် ဆွမ်ဆီးကစားသမားလေးဒန်နီယမ် ဂျိမ်းစ်ကိုခေါ်ယူထားပြီးဖြစ်ကာ နောက်ထပ်ခေါ်ယူမှုတွေပြုလုပ်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar