ဒုတိယအျမင့္ဆံုးေျပာင္းေရႊ႕ေၾကးနဲ႔စပိန္ကြင္းလယ္လူကိုေခၚယူလိုက္ျပီျဖစ္တဲ့၀က္စ္ဟမ္း

ပရီးမီးယားလိဂ္ကလပ္ ၀က္စ္ဟမ္းအသင္းဟာ စပိန္လာလီဂါကလပ္ ဗီလာရီးရဲလ္အသင္းကြင္းလယ္လူ ပါဘလိုေဖာ္နယ္စ္ကို လက္မွတ္ထိုးေခၚယူႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။

ပါဘလိုေဖာ္နယ္စ္ဟာ ဖီလစ္ပီအန္ဒါဆင္ျပီးတဲ့ေနာက္ ၀က္စ္ဟမ္းအသင္းရဲ႕ ဒုတိယေျမာက္ေစ်းအၾကီးဆံုးကစားသမားျဖစ္လာခဲ့ျပီး၊ သူ႔ရဲ႕ေရာက္ရွိမႈကို ၀က္စ္ဟမ္းအသင္းက တရား၀င္ ေၾကျငာခဲ့ျပီလည္းျဖစ္ပါတယ္။ ျပီးခဲ့တဲ့ႏွစ္က လာဇီယိုအသင္းထံကေန ေျပာင္းေရႊ႕ေရာက္ရွိလာခဲ့တဲ့ ဖီလစ္ပီအန္ဒါဆင္အတြက္ ၀က္စ္ဟမ္းဟာ အဆိုပါစီးရီးေအကလပ္ကို ယူရို (၃၈)သန္းေပးေခ်ခဲ့ရတာျဖစ္ပါတယ္။

၀က္စ္ဟမ္းဟာ ပါဘလိုေဖာ္နယ္စ္ကို ေျပာင္းေရႊ႕ေၾကး ေပါင္(၂၄)သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ျပီး (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာလည္းျဖစ္ပါတယ္။ စပိန္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ မာလာဂါမွာ ကစားသမားဘ၀ စတင္ခဲ့တဲ့ ပါဘလိုေဖာ္နယ္စ္ဟာ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္ေရာက္ ဗီလာရီးရဲလ္အသင္းအတြက္ (၃)ဂိုးသြင္းယူေပးခဲ့ကာ၊ (၂၂)ၾကိ္မ္ အခြင့္အေရးဖန္တီးေပးႏိုင္ခဲ့ပါတယ္။

၀က္စ္ဟမ္းအသင္းထံေျပာင္းေရႊ႕ႏိုင္ခဲ့တာနဲ႔ပတ္သက္ျပီး အသက္ (၂၃)ႏွစ္အရြယ္ ေဖာ္နယ္စ္ က-

” ၀က္စ္ဟမ္းအသင္းရဲ႕အစိတ္အပိုင္းျဖစ္ခြင့္ရခဲ့လို႔ ကြ်န္ေတာ္အတိုင္းမသိ ၀မ္းသာမိပါတယ္၊ အဲဒီခံစားခ်က္က အရမ္းကိုေကာင္းမြန္ပါတယ္၊ ကြ်န္ေတာ့္ကို ဒီအခြင့္အေရးေပးခဲ့တဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္၊ ကလပ္အေနနဲ႔ ေရရွည္မွာ အေကာင္းဆံုး အလုပ္လုပ္ႏိုင္တဲ့ ငယ္ရြယ္ျပီး ရည္မွန္းခ်က္ၾကီးသူေတြကို အခြင့္အေရးေပးေစခ်င္ပါတယ္ ”

” ၀က္စ္ဟမ္းအသင္းရဲ႕အရမ္းလွပတဲ့ ေဘာလံုးကြင္းၾကီးနဲ႔ သစၥာရွိတဲ့ ပရိသတ္ေတြအေၾကာင္းကို ကြ်န္ေတာ္ သိထားပါတယ္၊ အသင္းရဲ႕ပြဲစဥ္တိုင္းမွာ ပရိသတ္ေတြက အျပည့္ပါပဲ၊ အိမ္ကြင္းမွာ ပရိသတ္ေတြရဲ႕အျပည့္အ၀အားေပးမႈနဲ႔အတူ ကစားရတာက တကယ့္ကိုအေရးၾကီးပါတယ္ “လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

ပါဘလိုေဖာ္နယ္စ္ ဟာ ၀က္စ္ဟမ္းအသင္းရဲ႕ အားကစားဒါရိုက္တာအျဖစ္တာ၀န္ထမ္းေဆာင္ေနတဲ့ မာရီယိုဟူစီးလို႔စ္နဲ႔လည္း မာလာဂါအသင္းမွာ လက္တြဲခဲ့ဖူးသူလည္းျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဒုတိယအမြင့်ဆုံးပြောင်းရွှေ့ကြေးနဲ့စပိန်ကွင်းလယ်လူကိုခေါ်ယူလိုက်ပြီဖြစ်တဲ့ဝက်စ်ဟမ်း

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဟာ စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းကွင်းလယ်လူ ပါဘလိုဖော်နယ်စ်ကို လက်မှတ်ထိုးခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပါဘလိုဖော်နယ်စ်ဟာ ဖီလစ်ပီအန်ဒါဆင်ပြီးတဲ့နောက် ဝက်စ်ဟမ်းအသင်းရဲ့ ဒုတိယမြောက်ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့ပြီး၊ သူ့ရဲ့ရောက်ရှိမှုကို ဝက်စ်ဟမ်းအသင်းက တရားဝင် ကြေငြာခဲ့ပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လာဇီယိုအသင်းထံကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဖီလစ်ပီအန်ဒါဆင်အတွက် ဝက်စ်ဟမ်းဟာ အဆိုပါစီးရီးအေကလပ်ကို ယူရို (၃၈)သန်းပေးချေခဲ့ရတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ပါဘလိုဖော်နယ်စ်ကို ပြောင်းရွှေ့ကြေး ပေါင်(၂၄)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ စပိန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ မာလာဂါမှာ ကစားသမားဘ၀ စတင်ခဲ့တဲ့ ပါဘလိုဖော်နယ်စ်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ရောက် ဗီလာရီးရဲလ်အသင်းအတွက် (၃)ဂိုးသွင်းယူပေးခဲ့ကာ၊ (၂၂)ကြိမ် အခွင့်အရေးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းထံပြောင်းရွှေ့နိုင်ခဲ့တာနဲ့ပတ်သက်ပြီး အသက် (၂၃)နှစ်အရွယ် ဖော်နယ်စ် က-

” ဝက်စ်ဟမ်းအသင်းရဲ့အစိတ်အပိုင်းဖြစ်ခွင့်ရခဲ့လို့ ကျွန်တော်အတိုင်းမသိ ဝမ်းသာမိပါတယ်၊ အဲဒီခံစားချက်က အရမ်းကိုကောင်းမွန်ပါတယ်၊ ကျွန်တော့်ကို ဒီအခွင့်အရေးပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ကလပ်အနေနဲ့ ရေရှည်မှာ အကောင်းဆုံး အလုပ်လုပ်နိုင်တဲ့ ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးသူတွေကို အခွင့်အရေးပေးစေချင်ပါတယ် ”

” ဝက်စ်ဟမ်းအသင်းရဲ့အရမ်းလှပတဲ့ ဘောလုံးကွင်းကြီးနဲ့ သစ္စာရှိတဲ့ ပရိသတ်တွေအကြောင်းကို ကျွန်တော် သိထားပါတယ်၊ အသင်းရဲ့ပွဲစဉ်တိုင်းမှာ ပရိသတ်တွေက အပြည့်ပါပဲ၊ အိမ်ကွင်းမှာ ပရိသတ်တွေရဲ့အပြည့်အဝအားပေးမှုနဲ့အတူ ကစားရတာက တကယ့်ကိုအရေးကြီးပါတယ် “လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ပါဘလိုဖော်နယ်စ် ဟာ ဝက်စ်ဟမ်းအသင်းရဲ့ အားကစားဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မာရီယိုဟူစီးလို့စ်နဲ့လည်း မာလာဂါအသင်းမှာ လက်တွဲခဲ့ဖူးသူလည်းဖြစ်ပါတယ်။

လူညိုချော@SportsGabar