ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီက စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး သူ့ရင်ထဲက ခံစားချက်အချို့ကိုဖွင့်ဟ ၀န်ခံသွားခဲ့ပါတယ်

မက်ဆီက ” တကယ်တော့ ကျွန်တော် သူ့ကို သတိရပါတယ်၊ သူကရီးရဲလ်အသင်းကိုပိုသန်မာအောင်လုပ်ပေးနိုင်ခဲ့တယ်၊ ရီးရဲလ်ဟာဒီရာသီမှာ ရလဓ်တွေဆိုးရွားနေတာကြောင့် သူတို့ စီရော်နယ်ဒိုမရှိတော့တဲ့ ဒဏ်ကိုခံစားနေရပြီလို့ ငါထင်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီး၊ လူအနည်းငယ်က ဒေါသထွက်နေပါလိမ့်မယ်၊ ဒါပေမဲ့ ဒါကတကယ့်ကိုအမှန်တရားပါပဲ၊ စီရော်နယ်ဒိုက ရီးရဲလ်အတွက်တစ်ရာသီကို ဂိုး(၅၀)လောက်သွင်းပေးနေတာပဲလေ၊ ဒါက ရီးရဲလ်အသင်းရနေတဲ့အောင့်မြင်မှုတွေရဲ့အဓိကသော့ချက်ပဲ၊ လာလီဂါလိဂ်တစ်ခုလုံးက သူ့ကိုသတိရနေပါတယ် ” ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး မက်ဆီက သူနဲ့စီရော်နယ်ဒိုရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ပြောကြားသွားခဲ့ပါသေးတယ်။
မက်ဆီက ” ကျွန်တော်တို့ကကိုယ့်ကို ကိုတိုးတက်ဖို့အမြဲတမ်းအလိုရှိနေတာကြောင့် ဒါကနှစ်ယောက်စလုံးအတွက်ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကြားထဲမှာ ဆက်ဆံရေးအများကြီးမရှိခဲ့ပါဘူး၊ သူနဲ့ ဘောလုံးကွင်းထဲမှာနဲ့ ဆုပေးပွဲအခမ်းအနားတွေလောက်မှာပဲဆုံဖြစ်တာပါ၊ ဒါပေမဲ့ သူကဖော်ရွေပါတယ်၊ သူနဲ့မကြာခဏတော့စကားပြောလေ့ရှိပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

စီရော်နယ်ဒိုနဲ့ မက်ဆီကို မျက်မှောက်ခေတ်ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးကစားသမား(၂)ဦးအဖြစ်အားလုံးကလက်ခံထားကြတာပါ။ သူတို့နှစ်ယောက်နဲ့ပတ်သက်ပြီး ဘယ်သူကပိုကောင်းသလဲဆိုတဲ့ငြင်းခုန်မှုတွေကလည်း မပြီးဆုံးနိုင်ကြပါဘူး။ သေချာတာကတော့ သူတို့နှစ်ယောက်စလုံးဟာ လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးဆိုတာကိုတော့ အားလုံးကလက်ခံထားကြပါတယ်။