လႈပ္ခတ္လာတ့ဲ ဆာလာရဲ႕အေျပာင္းအေရႊ႕

လီဗာပူးလ္အသင္းဟာ အသင္းရဲ႕အဓိကတိုက္စစ္မွဴး မိုဟာမက္ဆာလာကို ဒီေႏြရာသီမွာ အသင္းကေနေရာင္းခ်ဖို႔ျပင္ဆင္ေနတယ္လို႔သိရပါတယ္။ လိုင္လီအသင္းရဲ႕တိုက္စစ္မွဴးေလး ပီပီကိုေခၚယူႏိုင္ဖို႔ အခုလိုဆာလာကိုေရာင္းခ်ဖို႔ျပင္ဆင္လာတာလို႔သတင္းေတြအရသိရပါတယ္။

ဆာလာဟာ ဒီရာသီမွာ လီဗာပူးလ္နဲ႔အတူ အမွတ္ရစရာေဘာလံုးရာသီတစ္ခုကိုပိုင္ဆိုင္ႏိုင္ခ့ဲျပီး၊ ခ်န္ပီယံလိဂ္ဖလားကိုလည္း ဆြတ္ခူးရရွိႏိုင္ခ့ဲပါတယ္။ ဆာလာဟာ ဒီရာသီမွာလီဗာပူးလ္အတြက္ျပိဳင္ပြဲစံု(၅၀)ပါ၀င္ကစားေပးခ့ဲျပီး၊ သြင္းဂိုး(၂၇)ဂိုးနဲ႔ဂိုးဖန္တီးမႈ(၈)ၾကိမ္ထိျပဳလုပ္ေပးႏိုင္ခ့ဲပါတယ္။ လတ္တေလာထြက္ေပၚေနတ့ဲသတ္းေတြအရ ဆာလာဟာ အသင္းရဲ႕နည္းျပ ဂ်ာဂ်င္ကေလာ့နဲ႔ဆက္ဆံေရးမေျပလည္မႈအနည္းငယ္ရွိေနတယ္လို႔သိရပါတယ္။

ဒါ့ေၾကာင့္ ကေလာ့က ပီပီကိုေခၚယူျပီး ဆာလာကို အသင္းကေနေရာင္းခ်ဖို႔ျပင္ဆင္ေနတာလို႔လည္းသိရပါတယ္။ ပီပီဟာ ဒီရာသီမွာ လိုင္လီအတြက္ေျခစြမ္းျပကစားေနတ့ဲတိုက္စစ္မွဴးတစ္ဦးျဖစ္ျပီး၊ လိုင္လီအတြက္ ဒီရာသီသြင္းဂိုး(၂၂)ဂိုးသြင္းယူေပးႏိုင္ခ့ဲကာ ခ်န္ပီယံလိဂ္၀င္ခြင့္ရေအာင္ ကူညီေပးထားႏိုင္ခ့ဲတ့ဲသူလည္းျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ဆာလာကိုရုတ္တရတ္ေရာင္းခ်ဖို႔ျပင္ဆင္လာတာျဖစ္ပါတယ္။ ကေလာ့ဟာ ပီပီကိုေခၚယူဖို႔အတြက္ ဆာလာကိုအသံုးျပဳျပီး လိုင္လီနဲ႔အလဲအထပ္ျပဳလုပ္သြားမလား၊ ဒါမွမဟုတ္ ဆာလာကိုပဲတစ္ျခားအသင္းတစ္သင္းသင္းကိုေရာင္းခ်သြားမလားဆိုတာကေတာ့ ယခုႏွစ္ေႏြေစ်းကြက္ထဲမွာ အားလံုးတူတူေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လှုပ်ခတ်လာတဲ့ ဆာလာရဲ့အပြောင်းအရွှေ့

လီဗာပူးလ်အသင်းဟာ အသင်းရဲ့အဓိကတိုက်စစ်မှူး မိုဟာမက်ဆာလာကို ဒီနွေရာသီမှာ အသင်းကနေရောင်းချဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ လိုင်လီအသင်းရဲ့တိုက်စစ်မှူးလေး ပီပီကိုခေါ်ယူနိုင်ဖို့ အခုလိုဆာလာကိုရောင်းချဖို့ပြင်ဆင်လာတာလို့သတင်းတွေအရသိရပါတယ်။

ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်နဲ့အတူ အမှတ်ရစရာဘောလုံးရာသီတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပြီး၊ ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးရရှိနိုင်ခဲ့ပါတယ်။ ဆာလာဟာ ဒီရာသီမှာလီဗာပူးလ်အတွက်ပြိုင်ပွဲစုံ(၅၀)ပါဝင်ကစားပေးခဲ့ပြီး၊ သွင်းဂိုး(၂၇)ဂိုးနဲ့ဂိုးဖန်တီးမှု(၈)ကြိမ်ထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လတ်တလောထွက်ပေါ်နေတဲ့သတ်းတွေအရ ဆာလာဟာ အသင်းရဲ့နည်းပြ ဂျာဂျင်ကလော့နဲ့ဆက်ဆံရေးမပြေလည်မှုအနည်းငယ်ရှိနေတယ်လို့သိရပါတယ်။

ဒါ့ကြောင့် ကလော့က ပီပီကိုခေါ်ယူပြီး ဆာလာကို အသင်းကနေရောင်းချဖို့ပြင်ဆင်နေတာလို့လည်းသိရပါတယ်။ ပီပီဟာ ဒီရာသီမှာ လိုင်လီအတွက်ခြေစွမ်းပြကစားနေတဲ့တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး၊ လိုင်လီအတွက် ဒီရာသီသွင်းဂိုး(၂၂)ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးထားနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဆာလာကိုရုတ်တရတ်ရောင်းချဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။ ကလော့ဟာ ပီပီကိုခေါ်ယူဖို့အတွက် ဆာလာကိုအသုံးပြုပြီး လိုင်လီနဲ့အလဲအထပ်ပြုလုပ်သွားမလား၊ ဒါမှမဟုတ် ဆာလာကိုပဲတစ်ခြားအသင်းတစ်သင်းသင်းကိုရောင်းချသွားမလားဆိုတာကတော့ ယခုနှစ်နွေဈေးကွက်ထဲမှာ အားလုံးတူတူစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar