ဘြြန္ဒက္လီဂါခ်န္ပီယံဆုအတြက္ျပိဳင္ဘက္ေတြကိုသတိေပးလိုက္တဲ့၀ွစ္ဆဲလ္

ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းရဲ႕ ကြင္းလယ္ခံစစ္ကစားသမား ၀ွစ္ဆဲလ္ကေတာ့ အသင္းရဲ႕လူစာရင္းကို ေက်နပ္အားရမႈရွိေနျပီး လာမယ့္ေဘာလံုးရာသီ ခ်န္ပီယံဆုေတြအတြက္ အသင့္ျဖစ္ေနျပီလို႔ ျပိဳင္ဘက္ေတြကို သတိေပးလိုက္ပါတယ္။

၀ွစ္ဆဲလ္ဟာ (၂၀၁၈-၂၀၁၉)ေဘာလံုးရာသီမွာ ေဒါ့မြန္အတြက္ ျပိဳင္ပြဲစံု(၄၃)ပြဲအထိ ကစားေပးခဲ့ျပီး၊ သြင္းဂိုး (၆)ဂိုးနဲ႔ ဂိုးဖန္တီးမႈတစ္ၾကိမ္ျပဳလုပ္ေပးထားႏိုင္ပါတယ္။ ဒါေပမဲ့ ၀ွစ္ဆဲလ္ရဲ႕ေဒါ့မြန္အသင္းဟာ မႏွစ္တုန္းက ဘြန္ဒက္လီဂါမွာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ေနာက္ (၂)မွတ္အကြာနဲ႔ ဒုတိယေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ျပီး ခ်န္ပီယံဆုနဲ႔ ကပ္လြဲခဲ့ပါတယ္။

ယခုႏွစ္ေဘာလံုးရာသီအစမွာ လူအင္အားျဖည့္တင္းမႈေတြျပဳလုပ္ထားႏိုင္ခဲ့တဲ့ ေဒါ့မြန္အသင္းနဲ႔ပတ္သက္လို႔ ၀ွစ္ဆဲလ္ကယံုၾကည္မႈေတြျပင္းထန္ေနျပီး၊ အသင္းေဖာ္ အသစ္ေတြကိုလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။ ၀ွစ္ဆဲလ္က-

” ကြ်န္ေတာ္တို႔အသင္းဟာ ပိုျပီးေတာင့္တင္းလာပါျပီ၊ ကြ်န္ေတာ္တို႔မွာ ဂ်ဴလီယန္ဘရန္႔၊ ေသာ္ဂန္ဟာဇက္နဲ႔ နီကိုစကက္ခ်္ တို႔ ရွိေနျပီေလ၊ မႏွစ္က ေလဗာကူဆင္အသင္းနဲ႔ ရင္ဆိုင္ကစားခဲ့ရတုန္းက အရမ္းၾကိဳးစားတဲ့ ဂ်ဴလီယန္ဘရန္႔နဲ႔ကြင္းအတြင္းမွာ ထိပ္တိုက္ေတြ႕ခဲ့ၾကတယ္ ”

” နီကိုစကက္ခ်္နဲ႔ေသာ္ဂန္ဟာဇက္တို႔ေရာက္လာခဲ့တာကိုလည္း ေက်နပ္တယ္၊ သူတို႔အားလံုးဟာ ေဒါ့မြန္အတြက္ တကယ္ေကာင္းမြန္တဲ့ ေခၚယူမႈေတြပါပဲ၊ ျပီးခဲ့တဲ့ ႏွစ္က ရာသီတစ္၀က္ေလာက္မွာ ကြ်န္ေတာ္တို႔ အမွတ္ေတြ ဆံုးရံႈးခဲ့ၾကတယ္၊ ဒါေပမယ့္ ဒုတိယရခဲ့တယ္၊ ဘယ္သူမွ ကြ်န္ေတာ္တို႔ ဒီေလာက္စြမ္းေဆာင္ႏိုင္လိမ့္မယ္လို႔ မထင္ခဲ့ၾကပါဘူး ”

” လာမယ့္ရာသီမွာေတာ့ ကြ်န္ေတာ္တို႔ ပိုေကာင္းေအာင္ ကစားခ်င္ပါတယ္၊ ကြ်န္ေတာ္တို႔မွာရွိတဲ့ ကစားသမားေတြက ငယ္ရြယ္ေပမဲ့ အေတြအၾကံဳကေတာ့ မေသးလွပါဘူး၊ ဒါဟာ ခရီးရွည္သြားရတဲ့ ျပိဳင္ပြဲမွာ အရမ္းအေရးၾကီးပါတယ္၊ ကြ်န္ေတာ္တို႔ ခ်န္ပီယံဆုေတြကို ရယူႏိုင္စြမ္းရွိပါတယ္၊ ဒါ ဘာလို႔မျဖစ္ႏိုင္ရမွာလဲ ” လို႔ ၾကံဳး၀ါးသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဘွန်ဒက်လီဂါချန်ပီယံဆုအတွက် ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ ဝှစ်ဆဲလ်

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ဝှစ်ဆဲလ်ကတော့ အသင်းရဲ့လူစာရင်းကို ကျေနပ်အားရမှုရှိနေပြီး လာမယ့်ဘောလုံးရာသီ ချန်ပီယံဆုတွေအတွက် အသင့်ဖြစ်နေပြီလို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။

ဝှစ်ဆဲလ်ဟာ (၂၀၁၈-၂၀၁၉)ဘောလုံးရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ(၄၃)ပွဲအထိ ကစားပေးခဲ့ပြီး၊ သွင်းဂိုး (၆)ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။ ဒါပေမဲ့ ဝှစ်ဆဲလ်ရဲ့ဒေါ့မွန်အသင်းဟာ မနှစ်တုန်းက ဘွန်ဒက်လီဂါမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့နောက် (၂)မှတ်အကွာနဲ့ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံဆုနဲ့ ကပ်လွဲခဲ့ပါတယ်။

ယခုနှစ်ဘောလုံးရာသီအစမှာ လူအင်အားဖြည့်တင်းမှုတွေပြုလုပ်ထားနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ပတ်သက်လို့ ဝှစ်ဆဲလ်ကယုံကြည်မှုတွေပြင်းထန်နေပြီး၊ အသင်းဖော် အသစ်တွေကိုလည်း ချီးကျူးသွားခဲ့ပါတယ်။ ဝှစ်ဆဲလ်က-

” ကျွန်တော်တို့အသင်းဟာ ပိုပြီးတောင့်တင်းလာပါပြီ၊ ကျွန်တော်တို့မှာ ဂျူလီယန်ဘရန့်၊ သော်ဂန်ဟာဇက်နဲ့ နီကိုစကက်ချ် တို့ ရှိနေပြီလေ၊ မနှစ်က လေဗာကူဆင်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတုန်းက အရမ်းကြိုးစားတဲ့ ဂျူလီယန်ဘရန့်နဲ့ကွင်းအတွင်းမှာ ထိပ်တိုက်တွေ့ခဲ့ကြတယ် ”

” နီကိုစကက်ချ်နဲ့သော်ဂန်ဟာဇက်တို့ရောက်လာခဲ့တာကိုလည်း ကျေနပ်တယ်၊ သူတို့အားလုံးဟာ ဒေါ့မွန်အတွက် တကယ်ကောင်းမွန်တဲ့ ခေါ်ယူမှုတွေပါပဲ၊ ပြီးခဲ့တဲ့ နှစ်က ရာသီတစ်ဝက်လောက်မှာ ကျွန်တော်တို့ အမှတ်တွေ ဆုံးရှုံးခဲ့ကြတယ်၊ ဒါပေမယ့် ဒုတိယရခဲ့တယ်၊ ဘယ်သူမှ ကျွန်တော်တို့ ဒီလောက်စွမ်းဆောင်နိုင်လိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး ”

” လာမယ့်ရာသီမှာတော့ ကျွန်တော်တို့ ပိုကောင်းအောင် ကစားချင်ပါတယ်၊ ကျွန်တော်တို့မှာရှိတဲ့ ကစားသမားတွေက ငယ်ရွယ်ပေမဲ့ အတွေအကြုံကတော့ မသေးလှပါဘူး၊ ဒါဟာ ခရီးရှည်သွားရတဲ့ ပြိုင်ပွဲမှာ အရမ်းအရေးကြီးပါတယ်၊ ကျွန်တော်တို့ ချန်ပီယံဆုတွေကို ရယူနိုင်စွမ်းရှိပါတယ်၊ ဒါ ဘာလို့မဖြစ်နိုင်ရမှာလဲ ” လို့ ကြုံးဝါးသွားခဲ့ပါတယ်။

လူညိုချော@SportsGabar