ျခေသၤ့ျပာေတြဆီတစ္ေက်ာ့ျပန္ေရာက္ရွိလာဖြယ္ရွိေနတ့ဲ လမ္းပတ္

ခ်ဲလ္ဆီးအသင္းနည္းျပ ဆာရီဟာ ဂ်ဳဗင္တပ္အသင္းကိုေျပာင္းေရႊ႕ဖြယ္ရွိေနျပီး၊ အသင္းကေနထြက္ခြာဖြယ္ရွိေနတယ္လို႔သိရပါတယ္။ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အကယ္လို႔ဆာရီသာထြက္ခြာခ့ဲမယ္ဆိုရင္ အသင္းရဲ႕နည္းျပေနရာအတြက္ ကစားသမားေဟာင္း ဖရန္႔လမ္းပတ္ကိုခန္႔အပ္သြားဖြယ္ရွိေနတယ္လို႔သိရပါတယ္။

လမ္းပတ္ဟာ ခ်ဲလ္ဆီးမွာ(၁၃)ႏွစ္ၾကာကစားခ့ဲတ့ဲကစားသမားတစ္ဦးျဖစ္ျပီး၊ ပြဲေပါင္း(၆၀၀)ေက်ာ္ပါ၀င္ကစားခ့ဲကာဂိုးေပါင္း(၂၀၀)ေက်ာ္သြင္းယူေပးခ့ဲတ့ဲအသင္းရဲ႕ဂႏၳ၀င္ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးနဲ႔အတူေအာင္ျမင္မႈမ်ားစြာရရွိခ့ဲျပီး၊ ပရီးမီးယားလိဂ္ဖလား(၃)လံုးနဲ႔ခ်န္ပီယံလိဂ္ဖလား(၁)လံုးအပါအ၀င္ ဖလားအမ်ားအျပားရရွိႏိုင္ခ့ဲတ့ဲကစားသမားတစ္ဦးျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ဆာရီကိုအသင္းကေနထြက္ခြာဖို႔ခြင့္ျပဳထားတယ္လို႔သတင္းေတြထြက္ေနပါတယ္။ ေနာက္ထပ္သတင္းေတြအရ ဆာရီရဲ႕ေနရာမွာ အစားထိုးဖုိ႔ လမ္းပတ္ကို ပစ္မွတ္ထားေနတယ္လို႔လည္းသိရပါတယ္။ လမ္းပတ္ဟာ လက္ရွိမွာ ဒါဘီအသင္းရဲ႕နည္းျပအျဖစ္ေဆာင္ရြက္လ်က္ရွိေနျပီး၊ ခ်န္္ပီယံရွစ္မွာ ဒါဘီနဲ႔အတူ ေကာင္းမြန္တ့ဲ ေဘာလံုးရာသီတစ္ခုကိုပိုင္ဆိုင္ႏိုင္ခ့ဲပါတယ္။

ဒါဘီအသင္းကို ပရီးမီးယားလိဂ္ကိုတန္းတက္ခြင့္ရဖို႔ play-offs ဖိုင္နယ္ကိုပို႔ေဆာင္ေပးႏိုင္ခ့ဲေပမ့ဲ ခ်ဲလ္ဆီးအသင္းမွာ ကာလရွည္ၾကာအတူတြဲကစားခ့ဲတ့ဲအသင္းေဖာ္ေဟာင္း တယ္ရီနည္းျပေနတ့ဲ အက္စတြန္ဗီလာကိုအသင္းကိုရံႈးနိမ့္ကာ ပရီးမီးယားလိဂ္ကိုတန္းတက္ခြင့္နဲ႔လြဲေခ်ာ္ခ့ဲရပါတယ္။

လက္ရွိမွာေတာ့ ဆာရီးဟာလည္းခ်ဲလ္ဆီးမွာပဲရွိေနေသးျပီး၊ ဂ်ဳဗင္တပ္နဲ႔ပတ္သက္တ့ဲသတင္းေတြကိုလည္းထုက္ေဖာ္ေျပာၾကားထားမရွိေသးပါဘူး။ ဘာေတြဘယ္လိုဆက္ျဖစ္မလဲဆိုတာကေတာ့ အားလံုးတူတူေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။ အကယ္လို႔ လမ္းပတ္သာခ်ဲလ္ဆီးနည္းျပသစ္ျဖစ္မယ္ဆိုရင္ သူ႔အေနနဲ႔ကစားသမားဘ၀တုန္းကလိုခ်ဲလ္ဆီးမွာေအာင္ျမင္ႏိုင္မလားဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ခြင်္သေ့ပြာတွေဆီတစ်ကျော့ပြန်ရောက်ရှိလာဖွယ်ရှိနေတဲ့ လမ်းပတ်

ချဲလ်ဆီးအသင်းနည်းပြ ဆာရီဟာ ဂျုဗင်တပ်အသင်းကိုပြောင်းရွှေ့ဖွယ်ရှိနေပြီး၊ အသင်းကနေထွက်ခွာဖွယ်ရှိနေတယ်လို့သိရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အကယ်လို့ဆာရီသာထွက်ခွာခဲ့မယ်ဆိုရင် အသင်းရဲ့နည်းပြနေရာအတွက် ကစားသမားဟောင်း ဖရန့်လမ်းပတ်ကိုခန့်အပ်သွားဖွယ်ရှိနေတယ်လို့သိရပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးမှာ(၁၃)နှစ်ကြာကစားခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး၊ ပွဲပေါင်း(၆၀၀)ကျော်ပါဝင်ကစားခဲ့ကာဂိုးပေါင်း(၂၀၀)ကျော်သွင်းယူပေးခဲ့တဲ့အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့အတူအောင်မြင်မှုများစွာရရှိခဲ့ပြီး၊ ပရီးမီးယားလိဂ်ဖလား(၃)လုံးနဲ့ချန်ပီယံလိဂ်ဖလား(၁)လုံးအပါအဝင် ဖလားအများအပြားရရှိနိုင်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဆာရီကိုအသင်းကနေထွက်ခွာဖို့ခွင့်ပြုထားတယ်လို့သတင်းတွေထွက်နေပါတယ်။ နောက်ထပ်သတင်းတွေအရ ဆာရီရဲ့နေရာမှာ အစားထိုးဖို့ လမ်းပတ်ကို ပစ်မှတ်ထားနေတယ်လို့လည်းသိရပါတယ်။ လမ်းပတ်ဟာ လက်ရှိမှာ ဒါဘီအသင်းရဲ့နည်းပြအဖြစ်ဆောင်ရွက်လျက်ရှိနေပြီး၊ ချန်ပီယံရှစ်မှာ ဒါဘီနဲ့အတူ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒါဘီအသင်းကို ပရီးမီးယားလိဂ်ကိုတန်းတက်ခွင့်ရဖို့ play-offs ဖိုင်နယ်ကိုပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ချဲလ်ဆီးအသင်းမှာ ကာလရှည်ကြာအတူတွဲကစားခဲ့တဲ့အသင်းဖော်ဟောင်း တယ်ရီနည်းပြနေတဲ့ အက်စတွန်ဗီလာကိုအသင်းကိုရှုံးနိမ့်ကာ ပရီးမီးယားလိဂ်ကိုတန်းတက်ခွင့်နဲ့လွဲချော်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ဆာရီးဟာလည်းချဲလ်ဆီးမှာပဲရှိနေသေးပြီး၊ ဂျုဗင်တပ်နဲ့ပတ်သက်တဲ့သတင်းတွေကိုလည်းထုက်ဖော်ပြောကြားထားမရှိသေးပါဘူး။ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ အားလုံးတူတူစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ အကယ်လို့ လမ်းပတ်သာချဲလ်ဆီးနည်းပြသစ်ဖြစ်မယ်ဆိုရင် သူ့အနေနဲ့ကစားသမားဘဝတုန်းကလိုချဲလ်ဆီးမှာအောင်မြင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar