သူေျပာင္းေရႊ႕ႏိုင္ေျခရွိတဲ့အသင္းကိုထုတ္ေျပာခဲ့တဲ့ရာဘီေရာ့

ပီအက္စ္ဂ်ီအသင္းရဲ႕ျပင္သစ္ကြင္းလယ္ကစားသမား ရာဘီေရာ့ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေရႊ႕မယ္လို႔သတင္းေတြထြက္ေနခ်ိန္မွာ စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းနဲ႔လည္း ေဆြးေႏြးခဲ့တယ္လို႔ ဖြင့္ဟလိုက္ပါတယ္။

ရာဘီေရာ့ဟာ ျပီးခဲ့တဲ့ (၂၀၁၈)ဒီဇင္ဘာလကတည္းက ပီအက္စ္ဂ်ီအသင္းအတြက္ ပြဲမကစားရေတာ့တာျဖစ္ျပီး၊ ရာသီကုန္မွာ ျပင္သစ္ကလပ္ကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ထြက္ခြာေတာ့မွာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ရာဘီေရာ့ဟာ အျမင့္ဆံုးအဆင့္မွာ သူ႔ရဲ႕အရည္အေသြးကို သက္ေသျပခဲ့ျပီးသားျဖစ္တဲ့အျပင္ အသက္အရြယ္အားျဖင့္လည္း (၂၄)ႏွစ္သာရွိေသးတဲ့အတြက္ အနာဂတ္မွာတိုးတက္လာဦးမယ့္သူလည္းျဖစ္ပါတယ္။

သူ႔ရဲ႕အနာဂတ္ဟာ အီတလီ သို႔မဟုတ္ အဂၤလန္မွာရွိမယ္လို႔ အတည္ျပဳခဲ့ျပီး လာမယ့္ရာသီမွာလည္း အီတလီကလပ္ဂ်ဴဗင္တပ္နဲ႔ အဂၤလန္ကလပ္မန္ယူႏိုက္တက္အသင္းေတြမွာ ေျပာင္းေရႊ႕ကစားဖို႔ သူက ရည္ရြယ္ေနတာပါ။ ဒါနဲ႔ပတ္သက္ျပီး ရာဘီေရာ့က-

” ကြ်န္ေတာ္ ဂ်ဴဗင္တပ္အသင္းနဲ႔စကားေျပာခဲ့ျပီးပါျပီ၊ အဲဒီကလပ္က လူတိုင္းကစားခ်င္ၾကတဲ့ တကယ့္ ဂရိတ္အသင္းဗ်၊ ကြ်န္ေတာ္ အီတလီကို မ်ားစြာၾကိဳက္ႏွစ္သက္ပါတယ္၊ အီတလီဟာ တကယ့္ကို စိတ္ေက်နပ္စရာေကာင္းတဲ့ ေနရာလည္းျဖစ္တယ္ ”

” ဂ်ဴဗင္တပ္က ကြ်န္ေတာ့္ကို ေစာင့္ၾကည့္ခဲ့တယ္၊ ျပီးေတာ့ ကြ်န္ေတာ္ သူတို႔နဲ႔စကားေျပာျဖစ္ခဲ့တယ္၊ ဒါေပမဲ့ ခင္ဗ်ားတို႔ကိုေတာ့ ကြ်န္ေတာ္ တိတိက်က် ဘာတစ္ခုမွ ေျပာလို႔မရေသးပါဘူး ”

” မန္ခ်က္စတာယူႏိုက္တက္လည္း အတူတူပါပဲ၊ ကြ်န္ေတာ္ ဘယ္မွာကစားရမလဲဆိုတာ ဆံုးျဖတ္ခ်က္ခ်ရပါေတာ့မယ္၊ အခုေတာ့ ကြ်န္ေတာ့္ ရဲ႕အားလပ္ရက္မွာ အနားယေနပါတယ္၊ မၾကာခင္ အေျဖကို ရွင္းရွင္းလင္းလင္း သိရေတာ့မွာပါ” လို႔ဖြင့္ဟသြားခဲ့ပါတယ္။

ရာဘီေရာ့ရဲ႕ေျပာၾကားခ်က္အရ သူ႔အေနနဲ႔ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕ျဖစ္ဖို႔ မ်ားေနျပီး အမွန္တကယ္ ေရာက္မေရာက္ကိုေတာ့ မၾကာခင္မွာ သိရေတာ့မွာပဲျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

သူပြောင်းရွှေ့နိုင်ခြေရှိတဲ့အသင်းကိုထုတ်ပြောခဲ့တဲ့ရာဘီရော့

ပီအက်စ်ဂျီအသင်းရဲ့ပြင်သစ်ကွင်းလယ်ကစားသမား ရာဘီရော့ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့မယ်လို့သတင်းတွေထွက်နေချိန်မှာ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ရာဘီရော့ဟာ ပြီးခဲ့တဲ့ (၂၀၁၈)ဒီဇင်ဘာလကတည်းက ပီအက်စ်ဂျီအသင်းအတွက် ပွဲမကစားရတော့တာဖြစ်ပြီး၊ ရာသီကုန်မှာ ပြင်သစ်ကလပ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာတော့မှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရာဘီရော့ဟာ အမြင့်ဆုံးအဆင့်မှာ သူ့ရဲ့အရည်အသွေးကို သက်သေပြခဲ့ပြီးသားဖြစ်တဲ့အပြင် အသက်အရွယ်အားဖြင့်လည်း (၂၄)နှစ်သာရှိသေးတဲ့အတွက် အနာဂတ်မှာတိုးတက်လာဦးမယ့်သူလည်းဖြစ်ပါတယ်။

သူ့ရဲ့အနာဂတ်ဟာ အီတလီ သို့မဟုတ် အင်္ဂလန်မှာရှိမယ်လို့ အတည်ပြုခဲ့ပြီး လာမယ့်ရာသီမှာလည်း အီတလီကလပ်ဂျူဗင်တပ်နဲ့ အင်္ဂလန်ကလပ်မန်ယူနိုက်တက်အသင်းတွေမှာ ပြောင်းရွှေ့ကစားဖို့ သူက ရည်ရွယ်နေတာပါ။ ဒါနဲ့ပတ်သက်ပြီး ရာဘီရော့က-

” ကျွန်တော် ဂျူဗင်တပ်အသင်းနဲ့စကားပြောခဲ့ပြီးပါပြီ၊ အဲဒီကလပ်က လူတိုင်းကစားချင်ကြတဲ့ တကယ့် ဂရိတ်အသင်းဗျ၊ ကျွန်တော် အီတလီကို များစွာကြိုက်နှစ်သက်ပါတယ်၊ အီတလီဟာ တကယ့်ကို စိတ်ကျေနပ်စရာကောင်းတဲ့ နေရာလည်းဖြစ်တယ် ”

” ဂျူဗင်တပ်က ကျွန်တော့်ကို စောင့်ကြည့်ခဲ့တယ်၊ ပြီးတော့ ကျွန်တော် သူတို့နဲ့စကားပြောဖြစ်ခဲ့တယ်၊ ဒါပေမဲ့ ခင်ဗျားတို့ကိုတော့ ကျွန်တော် တိတိကျကျ ဘာတစ်ခုမှ ပြောလို့မရသေးပါဘူး ”

” မန်ချက်စတာယူနိုက်တက်လည်း အတူတူပါပဲ၊ ကျွန်တော် ဘယ်မှာကစားရမလဲဆိုတာ ဆုံးဖြတ်ချက်ချရပါတော့မယ်၊ အခုတော့ ကျွန်တော့် ရဲ့အားလပ်ရက်မှာ အနားယနေပါတယ်၊ မကြာခင် အဖြေကို ရှင်းရှင်းလင်းလင်း သိရတော့မှာပါ” လို့ဖွင့်ဟသွားခဲ့ပါတယ်။

ရာဘီရော့ရဲ့ပြောကြားချက်အရ သူ့အနေနဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖြစ်ဖို့ များနေပြီး အမှန်တကယ် ရောက်မရောက်ကိုတော့ မကြာခင်မှာ သိရတော့မှာပဲဖြစ်ပါတယ်။

လူညိုချော@SportsGabar