လီဗာပူးလ္ေနာက္ခံလူကိုေခၚယူဖြယ္ရွိေနတ့ဲ ေအစီမီလန္

နည္းျပဂတ္တူဆိုအသင္းရဲ႕နည္းျပရာထူးကေနႏႈတ္ထြက္သြားခ့ဲျပီးတ့ဲေနာက္မွာေတာ့ ေအစီမီလန္ဟာ အသင္းရဲ႕နည္းျပသစ္ျဖစ္လာဖြယ္ရွိေနတ့ဲ မားကို ဂ်ရန္ပါအိုလို လက္ေအာက္မွာ အသင္းကိုၾကီးမားတ့ဲအေျပာင္းအလဲေတြျပဳလုပ္ဖို႔ျပင္ဆင္ေနတာပဲျဖစ္ပါတယ္။

အီတလီသတင္းစာတစ္ခုရဲ႕အဆိုအရ ေအစီမီလန္ဟာ လီဗာပူးလ္ေနာက္ခံလူ လိုဗရန္ကိုေခၚယူဖို႔ေစာင့္ၾကည့္ေနတယ္လို႔သိရပါတယ္။ ေအစီမီလန္က အသင္းရဲ႕အသက္(၃၂)ႏွစ္အရြယ္ေနာက္ခံလူ ခရစ္စတီယန္း ဇာပါတာရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ လိုဗရန္ကို ဆန္စီယိုကိုေျပာင္းေရႊ႕လာဖို႔ ခ်ိတ္ဆက္မႈေတြျပဳလုပ္တာလို႔လည္းသိရပါတယ္။

လိုဗရန္ဟာ လီဗာပူးလ္အသင္းကို (၂၀၁၄)ခုႏွစ္က ေဆာက္သမ္တန္အသင္းကေနေျပာင္းေရႊ႕ခ့ဲတာျဖစ္ပါတယ္။ လီဗာပူးလ္နည္းျပ ဂ်ာဂ်င္ကလာ့က သူ႔ရဲ႕ဦးစားေအပးကစားသမားေတြအျဖစ္ အသင္းရဲ႕ေနာက္တန္းမွာ မာတစ္နဲ႕ ဗန္ဒိုက္တို႔ကိုေရြးခ်ယ္အသံုးျပဳေနတာေၾကာင့္ လီဗာပူးလ္မွာ လိုဗရန္အတြက္ ေနရာေပ်ာက္ေနတာပဲျဖစ္ပါတယ္။

လိုဗရန္ဟာ ျပီးခ့ဲတ့ဲႏွစ္ကအထိလီဗာပူးလ္မွာ ကစားသမားဘ၀အေကာင္းအေနအထားေတြကိုပိုင္ဆိုင္ႏုိင္ခ့ဲျပီး၊ ႏုိင္ငံအသင္းျဖစ္တ့ဲ ခရိုေအးရွားအသင္းနဲ႔အတူ ကမာၻ႕ဖလားဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္ခ့ဲကာ ကစားသမားဘ၀ပထမဆံုးေသာ ကမာၻ႕ဖလားဗို္လ္လုပြဲကိုကစားခြင့္ရခ့ဲပါတယ္။

ေအစီမီလန္ဟာ လိုဗရန္ကိုေခၚယူဖို႔ တရား၀င္ကမ္းလွမ္းမႈေတြေတာ့ျပဳလုပ္ျခင္းမရွိေသးပဲ ေခၚယူဖို႔ျပင္ဆင္ေနတယ္ဆိုျပီး၊ သတင္းေတြထြက္လာတာပဲျဖစ္ပါတယ္။ လိုဗရန္အေနနဲ႔ ေအစီမီလန္ကိုတကယ္ပဲေရာက္သြားမလားဆိုတာေတာ့ ဒီေႏြေစ်းကြက္ထဲမွာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လီဗာပူးလ်နောက်ခံလူကိုခေါ်ယူဖွယ်ရှိနေတဲ့ အေစီမီလန်

နည်းပြဂတ်တူဆိုအသင်းရဲ့နည်းပြရာထူးကနေနှုတ်ထွက်သွားခဲ့ပြီးတဲ့နောက်မှာတော့ အေစီမီလန်ဟာ အသင်းရဲ့နည်းပြသစ်ဖြစ်လာဖွယ်ရှိနေတဲ့ မားကို ဂျရန်ပါအိုလို လက်အောက်မှာ အသင်းကိုကြီးမားတဲ့အပြောင်းအလဲတွေပြုလုပ်ဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

အီတလီသတင်းစာတစ်ခုရဲ့အဆိုအရ အေစီမီလန်ဟာ လီဗာပူးလ်နောက်ခံလူ လိုဗရန်ကိုခေါ်ယူဖို့စောင့်ကြည့်နေတယ်လို့သိရပါတယ်။ အေစီမီလန်က အသင်းရဲ့အသက်(၃၂)နှစ်အရွယ် ခရစ်စတီယန်း ဇာပါတာရဲ့နေရာမှာ အစားထိုးဖို့အတွက် လိုဗရန်ကို ဆန်စီယိုကိုပြောင်းရွှေ့လာဖို့ ချိတ်ဆက်မှုတွေပြုလုပ်တာလို့လည်းသိရပါတယ်။

လိုဗရန်ဟာ လီဗာပူးလ်အသင်းကို (၂၀၁၄)ခုနှစ်က ဆောက်သမ်တန်အသင်းကနေပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ဂျာဂျင်ကလာ့က သူ့ရဲ့ဦးစားအေပးကစားသမားတွေအဖြစ် အသင်းရဲ့နောက်တန်းမှာ မာတစ်နဲ့ ဗန်ဒိုက်တို့ကိုရွေးချယ်အသုံးပြုနေတာကြောင့် လီဗာပူးလ်မှာ လိုဗရန်အတွက် နေရာပျောက်နေတာပဲဖြစ်ပါတယ်။

လိုဗရန်ဟာ ပြီးခဲ့တဲ့နှစ်ကအထိလီဗာပူးလ်မှာ ကစားသမားဘဝအကောင်းအနေအထားတွေကိုပိုင်ဆိုင်နိုင်ခဲ့ပြီး၊ နိုင်ငံအသင်းဖြစ်တဲ့ ခရိုအေးရှားအသင်းနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ကာ ကစားသမားဘဝပထမဆုံးသော ကမ္ဘာ့ဖလားဗိုလုပွဲကိုကစားခွင့်ရခဲ့ပါတယ်။

အေစီမီလန်ဟာ လိုဗရန်ကိုခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှုတွေတော့ပြုလုပ်ခြင်းမရှိသေးပဲ ခေါ်ယူဖို့ပြင်ဆင်နေတယ်ဆိုပြီး၊ သတင်းတွေထွက်လာတာပဲဖြစ်ပါတယ်။ လိုဗရန်အနေနဲ့ အေစီမီလန်ကိုတကယ်ပဲရောက်သွားမလားဆိုတာတော့ ဒီနွေဈေးကွက်ထဲမှာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar