ရာသီသစ္မွာဆုဖလားေတြရယူခ်င္ေနတဲ့ယူႏိုက္တက္ကြင္းလယ္လူမာတစ္

ပရီးမီးယားလိဂ္ကလပ္မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ကြင္းလယ္ကစားသမားၾကီး မာတစ္ကေတာ့ လာမယ့္ေဘာလံုးရာသီမွာ ယူႏိုက္တက္နဲ႔အတူ ဆုဖလားေတြရယူသြားဖို႔ စိတ္အားထက္သန္ေနျပီး တစ္ပြဲခ်င္းစီကို အာရံုစိုက္သြားမယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ပရီးမီးမီးယားလိဂ္ရာသီသစ္ရဲ႕ပထမဦးဆံုးပြဲစဥ္ကေနစတင္ျပီး အာရံုစူးစိုက္မႈအျပည့္နဲ႔ကစားၾကဖို႔ အသင္းေဖာ္ေတြကိုလည္း မာတစ္ သတိေပးသြားခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ျပီးခဲ့တဲ့ ႏွစ္ကကစားခဲ့တဲ့ သူတို႔ရဲ႕ေနာက္ဆံုး (၁၂)ပြဲမွာ (၂)ပြဲသာႏိုင္ပြဲရရွိခဲ့တဲ့အထိ ေျခစြမ္းဆိုးရြားခဲ့ျပီး ရာသီသိမ္းမွာေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔လြဲေခ်ာ္သြားခဲ့ပါတယ္။

ဒါေပမဲ့ လာမယ့္ႏွစ္မွာေတာ့ မႏွစ္ကလိုမ်ိဳးအမွားေတြကို မျပဳလုပ္မိေစဖို႔ အသင္းေဖာ္ေတြကို မာတစ္က တိုက္တြန္းသြားခဲ့တာလည္းျဖစ္ပါတယ္။ မာတစ္က-

” ကြ်န္ေတာ္တို႔ဟာ ပထမဆံုးပြဲကေနစျပီး အာရံုစူးစိုက္သြားဖို႔လိုပါတယ္၊ ေ႔ရွမွာေစာင့္ၾကိဳေနတဲ့ ရာသီသစ္အတြက္ ရုပ္ပိုင္းေကာ စိတ္ပိုင္းဆိုင္ရာပါ အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ထားရပါမယ္၊ ကြ်န္ေတာ္တို႔ အေကာင္းဘက္က ေတြးတက္ဖို႔လိုျပီး ဆုဖလားမ်ားစြာရယူသြားခ်င္ပါတယ္၊ ဒီ့အတြက္ အသင္းမွာရွိသမွ်လူအားလံုးကေတာ့ အဆင္သင့္ျဖစ္ေနသင့္ပါတယ္ ”

” ရာသီသစ္အတြက္ ကြ်န္ေတာ္စိတ္လႈပ္ရွားေနေပမဲ့ ပြဲစဥ္ဇယားမွာရွိတဲ့ ပြဲအမ်ားၾကီးကို ၾကိဳၾကည့္ျပီး ပူပန္ေနမွာမဟုတ္ပါဘူး၊ အနီးကပ္ဆံုးေရာက္လာမယ့္ ပြဲတစ္ပြဲခ်င္းစီကိုပဲ အာရံုစိုက္သြားပါမယ္ ဘာေၾကာင့္လဲဆိုေတာ့ ပထမဆံုးပြဲစဥ္က အေရးၾကီးဆံုးမို႔ပါ၊ ဒါျပီးရင္ေတာ့ ဒုတိယပြဲစဥ္အေၾကာင္း ဆက္စဥ္းစားၾကတာေပါ့ ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

ဆားဘီးယားလက္ေရြးစင္ နီမန္ဂ်ာမာတစ္ဟာ လာမယ့္ရာသီဆိုရင္ အသက္(၃၁)ႏွစ္ျပည့္ေတာ့မွာျဖစ္ျပီး၊ လူငယ္ကစားသမားေတြကို ပိုမိုပြဲထြက္ခြင့္ေပးမယ့္ ဆိုးလ္ရွားရဲ႕အစီအစဥ္ေၾကာင့္ ပံုမွန္ကစားရဖို႔ မေသခ်ာေတာ့ေပမဲ့ ရာသီသစ္အတြက္ သူ႔ရဲ႕စိတ္အားထက္သန္မႈကို ထုတ္ျပသြားခဲ့တာလည္းျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ရာသီသစ်မှာဆုဖလားတွေရယူချင်နေတဲ့ယူနိုက်တက်ကွင်းလယ်လူမာတစ်

ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမားကြီး မာတစ်ကတော့ လာမယ့်ဘောလုံးရာသီမှာ ယူနိုက်တက်နဲ့အတူ ဆုဖလားတွေရယူသွားဖို့ စိတ်အားထက်သန်နေပြီး တစ်ပွဲချင်းစီကို အာရုံစိုက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ပရီးမီးမီးယားလိဂ်ရာသီသစ်ရဲ့ပထမဦးဆုံးပွဲစဉ်ကနေစတင်ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ကစားကြဖို့ အသင်းဖော်တွေကိုလည်း မာတစ် သတိပေးသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နှစ်ကကစားခဲ့တဲ့ သူတို့ရဲ့နောက်ဆုံး (၁၂)ပွဲမှာ (၂)ပွဲသာနိုင်ပွဲရရှိခဲ့တဲ့အထိ ခြေစွမ်းဆိုးရွားခဲ့ပြီး ရာသီသိမ်းမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်သွားခဲ့ပါတယ်။

ဒါပေမဲ့ လာမယ့်နှစ်မှာတော့ မနှစ်ကလိုမျိုးအမှားတွေကို မပြုလုပ်မိစေဖို့ အသင်းဖော်တွေကို မာတစ်က တိုက်တွန်းသွားခဲ့တာလည်းဖြစ်ပါတယ်။ မာတစ်က-

” ကျွန်တော်တို့ဟာ ပထမဆုံးပွဲကနေစပြီး အာရုံစူးစိုက်သွားဖို့လိုပါတယ်၊ ေ့ရှမှာစောင့်ကြိုနေတဲ့ ရာသီသစ်အတွက် ရုပ်ပိုင်းကော စိတ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရပါမယ်၊ ကျွန်တော်တို့ အကောင်းဘက်က တွေးတက်ဖို့လိုပြီး ဆုဖလားများစွာရယူသွားချင်ပါတယ်၊ ဒီ့အတွက် အသင်းမှာရှိသမျှလူအားလုံးကတော့ အဆင်သင့်ဖြစ်နေသင့်ပါတယ် ”

” ရာသီသစ်အတွက် ကျွန်တော်စိတ်လှုပ်ရှားနေပေမဲ့ ပွဲစဉ်ဇယားမှာရှိတဲ့ ပွဲအများကြီးကို ကြိုကြည့်ပြီး ပူပန်နေမှာမဟုတ်ပါဘူး၊ အနီးကပ်ဆုံးရောက်လာမယ့် ပွဲတစ်ပွဲချင်းစီကိုပဲ အာရုံစိုက်သွားပါမယ် ဘာကြောင့်လဲဆိုတော့ ပထမဆုံးပွဲစဉ်က အရေးကြီးဆုံးမို့ပါ၊ ဒါပြီးရင်တော့ ဒုတိယပွဲစဉ်အကြောင်း ဆက်စဉ်းစားကြတာပေါ့ ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဆားဘီးယားလက်ရွေးစင် နီမန်ဂျာမာတစ်ဟာ လာမယ့်ရာသီဆိုရင် အသက်(၃၁)နှစ်ပြည့်တော့မှာဖြစ်ပြီး၊ လူငယ်ကစားသမားတွေကို ပိုမိုပွဲထွက်ခွင့်ပေးမယ့် ဆိုးလ်ရှားရဲ့အစီအစဉ်ကြောင့် ပုံမှန်ကစားရဖို့ မသေချာတော့ပေမဲ့ ရာသီသစ်အတွက် သူ့ရဲ့စိတ်အားထက်သန်မှုကို ထုတ်ပြသွားခဲ့တာလည်းဖြစ်ပါတယ်။

လူညိုချော@SportsGabar