ဥေရာပအသင္းၾကီးေတြေကတာင္မ်က္စိက်ေနရတဲ့ဂ်ပန္မက္ဆီ

ေဂ်လိဂ္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ အက္ဖ္စီတိုက်ိဳ အသင္းရဲ႕ကြင္းလယ္တိုက္စစ္ကစားသမားေလး တိတ္ဖူဆာကူဘိုဟာ သူျပသခဲ့တဲ့ ေဘာလံုးကြ်မ္းက်င္မႈေတြ၊ အလိမ္အေခါက္စြမ္းရည္ေတြေၾကာင့္ ဂ်ပန္မက္ဆီရယ္လို႔ တင္စားေခၚေ၀ၚျခင္းခံေနရပါတယ္။

ဖရီးကစ္ကန္သြင္းရာမွာလည္း ထူခ်ြန္သူတစ္ဦးျဖစ္တဲ့ ကူဘိုဟာ အသက္အရြယ္အားျဖင့္လည္း (၁၈)ႏွစ္သာရွိေသးသလို၊ ဘာစီလိုနာအေက်ာ္အေမာ္ မက္ဆီနဲ႔ကစားပံုဆင္တူေနတဲ့အတြက္ ဂ်ပန္ရဲ႕မက္ဆီအျဖစ္ ခိုင္းႏိႈင္းေျပာဆိုေနၾကတာဟာလည္း လြန္ေတာ့မလြန္လွပါဘူး။ မက္ဆီလိုပဲ ဘယ္ေျခအားျပဳကစားတက္တဲ့ သူျဖစ္ျပီး လူေကာင္ေသးေသးသြယ္သြယ္ေလးနဲ႔မလိုက္ေအာင္ကို လ်င္ျမန္မႈကလည္း အံ့မခန္းပါပဲ။

အသက္(၁၀)နွစ္အရြယ္မွာတုန္းက ဘာစီလိုနာလူငယ္အသင္းမွာ လာေရာက္ကစားခဲ့ဖူးတဲ့ ကူဘိုဟာ ဒီရာသီ ေဂ်လိဂ္မွာ အက္ဖ္စီတိုက်ိဳအသင္းအတြက္ (၁၃)ပြဲကစားျပီး၊ (၄)ဂိုးသြင္းကာ၊ (၄)ၾကိမ္ဂိုးဖန္တီးေပးထားပါတယ္။ သူ႔ကို ေခၚယူခ်င္ေနတဲ့အသင္းေတြထဲမွာ ပီအက္စ္ဂ်ီနဲ႔ မန္စီးတီးတို႔ထိပ္ဆံုးကပါ၀င္ေနျပီး ဘာစီလိုနာအသင္းကလည္း ျပန္လည္ခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာဟာ (၂၀၁၄)ခုႏွစ္တုန္းက (၁၃)ႏွစ္သာရွိေသးတဲ့ ကူဘိုကို ေခၚယူဖို႔ ၾကိဳးပမ္းခဲ့ေသးေပမဲ့ အသက္မျပည့္ေသးတဲ့ ကစားသမားအေျပာင္းအေရႊ႕ေတြအတြက္ ဖီဖာက သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြနဲ႔ ျငိစြန္းေနတာေၾကာင့္ မေအာင္ျမင္ခဲ့ပါဘူး။ ရီးရဲလ္မက္ဒရစ္ကေတာ့ ကူဘိုကို အမွန္အကန္လိုခ်င္ေနျပီး၊ ကစားသမားေလးရဲ႕အရည္အေသြးကို ေမြးျမဴထားရန္အလို႔ငွာ သူတို႔ရဲ႕လူငယ္အသင္းမွာ ကစားေစဖို႔ ယူရို (၂)သန္းနဲ႔ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

ကူဘိုဟာ ျပီးခဲ့တဲ့ တနဂၤေႏြေန႔က ဆယ္လ္ဗာေဒါအသင္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲမွာလည္း ဂ်ပန္အသင္းအတြက္ ဒုတိယပိုင္းကို ၀င္ေရာက္ကစားခဲ့သလို၊ ကိုပါအေမရိကဖလားျပိဳင္ပြဲ ၀င္ေရာက္ယွဥ္ျပိဳင္မယ့္ ဂ်ပန္လက္ေရြးစင္အသင္းလူစာရင္းမွာလည္း ပါ၀င္လာခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဥရောပအသင်းကြီးတွေကေတာင်မျက်စိကျနေရတဲ့ဂျပန်မက်ဆီ

ဂျေလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အက်ဖ်စီတိုကျို အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားလေး တိတ်ဖူဆာကူဘိုဟာ သူပြသခဲ့တဲ့ ဘောလုံးကျွမ်းကျင်မှုတွေ၊ အလိမ်အခေါက်စွမ်းရည်တွေကြောင့် ဂျပန်မက်ဆီရယ်လို့ တင်စားခေါ်ဝေါ်ခြင်းခံနေရပါတယ်။

ဖရီးကစ်ကန်သွင်းရာမှာလည်း ထူချွန်သူတစ်ဦးဖြစ်တဲ့ ကူဘိုဟာ အသက်အရွယ်အားဖြင့်လည်း (၁၈)နှစ်သာရှိသေးသလို၊ ဘာစီလိုနာအကျော်အမော် မက်ဆီနဲ့ကစားပုံဆင်တူနေတဲ့အတွက် ဂျန်ပန်ရဲ့မက်ဆီအဖြစ် ခိုင်းနှိုင်းပြောဆိုနေကြတာဟာလည်း လွန်တော့မလွန်လှပါဘူး။ မက်ဆီလိုပဲ ဘယ်ခြေအားပြုကစားတက်တဲ့ သူဖြစ်ပြီး လူကောင်သေးသေးသွယ်သွယ်လေးနဲ့မလိုက်အောင်ကို လျင်မြန်မှုကလည်း အံ့မခန်းပါပဲ။

အသက်(၁၀)နှစ်အရွယ်မှာတုန်းက ဘာစီလိုနာလူငယ်အသင်းမှာ လာရောက်ကစားခဲ့ဖူးတဲ့ ကူဘိုဟာ ဒီရာသီ ဂျေလိဂ်မှာ အက်ဖ်စီတိုကျိုအသင်းအတွက် (၁၃)ပွဲကစားပြီး၊ (၄)ဂိုးသွင်းကာ၊ (၄)ကြိမ်ဂိုးဖန်တီးပေးထားပါတယ်။ သူ့ကို ခေါ်ယူချင်နေတဲ့အသင်းတွေထဲမှာ ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ထိပ်ဆုံးကပါဝင်နေပြီး ဘာစီလိုနာအသင်းကလည်း ပြန်လည်ချိတ်ဆက်နေတာဖြစ်ပါတယ်။

ဘာစီလိုနာဟာ (၂၀၁၄)ခုနှစ်တုန်းက (၁၃)နှစ်သာရှိသေးတဲ့ ကူဘိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမဲ့ အသက်မပြည့်သေးတဲ့ ကစားသမားအပြောင်းအရွှေ့တွေအတွက် ဖီဖာက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ငြိစွန်းနေတာကြောင့် မအောင်မြင်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်ကတော့ ကူဘိုကို အမှန်အကန်လိုချင်နေပြီး၊ ကစားသမားလေးရဲ့အရည်အသွေးကို မွေးမြူထားရန်အလို့ငှာ သူတို့ရဲ့လူငယ်အသင်းမှာ ကစားစေဖို့ ယူရို (၂)သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ကူဘိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆယ်လ်ဗာဒေါအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာလည်း ဂျပန်အသင်းအတွက် ဒုတိယပိုင်းကို ဝင်ရောက်ကစားခဲ့သလို၊ ကိုပါအမေရိကဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျပန်လက်ရွေးစင်အသင်းလူစာရင်းမှာလည်း ပါဝင်လာခဲ့ပါတယ်။

လူညိုချော@SportsGabar