ေပါ့ဘာနဲ႔ဘာေပကိုခ်ီးက်ဳးေျပာဆိုသြားခ့ဲတ့ဲ ဟာဇက္

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕အသစ္စက္စက္ကစားသမား ဟာဇက္က ရီးရဲလ္ကေခၚယူဖို႔ခ်ိတ္ဆက္ေနတ့ဲ မန္ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာနဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ဘာေပတို႔ကိုခ်ီးက်ဳးေျပာဆိုမႈေတြျပဳလုပ္သြားခ့ဲပါတယ္။

ဟာဇက္ ရီးရဲလ္ကိုမေန႔ကေရာက္ရွိခ့ဲတာျဖစ္ျပီး၊ ဒီေန႔မနက္အေစာပိုင္းမွာ ကစားသမားမိတ္ဆက္ပြဲအခမ္းအနားကိုရီးရဲလ္ကျပဳပ္ေပးခ့ဲတာျဖစ္ျပီး၊ ရီးရဲလ္ရဲကတရား၀င္ကစားသမားျဖစ္လာခ့ဲပါျပီ။ ဟာဇက္က ရီးရဲလ္ကို ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၁၃၀)နဲ႔ေရာက္ရွိခ့ဲတာျဖစ္ျပီး၊ ဒီေႏြေစ်းကြက္မွာ ငါးေယာက္ေျမာက္ေခၚယူမႈပဲျဖစ္ပါတယ္။

ရီးရဲလ္အသင္းကိုျပန္လည္တည္ေဆာက္ဖို႔ ဇီဒန္းက ၾကိဳးပမ္းေနတာျဖစ္ျပီး၊ ဇီဒန္းရဲ႕ေနာက္ထပ္ပစ္မွတ္ေတြကေတာ့ ပီအက္စ္ဂ်ီက ဘာေပနဲ႔ မန္ယူႏိုက္တက္က ေပါ့ဘာတို႔ပဲျဖစ္ပါတယ္။ အင္တာဗ်ဳးတစ္ခုမွာ ဟာဇက္ကိုရီးရဲလ္ရဲ႕အျေပာင္းအေရႊ႕နဲ႔ပတ္သက္ျပီး ေမးျမန္းခ့ဲရာ ဟာဇက္က ” ကၽြန္ေတာ္ဒီကိုအေျပာင္းအေရႊ႕အေၾကာင္းေဆြးေႏြးဖို႔ေရာက္လာတာမဟုတ္ပါဘူး၊ ဒီမွာေဘာလံုးကစားဖို႔ လာခ့ဲတာပါ၊ ဒီမွာကစားသမားအသစ္ေတြလည္းေရာက္ေနၾကပါျပီ၊ အသင္းနဲ႔အသားက်ဖို႔ ကၽြန္ေတာ္တို႔ အခ်ိန္ေတာ့လိုပါတယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ဆက္လက္ျပီး ဘာေပနဲ႔ေပါ့ဘာတို႔နဲ႔ပတ္သက္ျပီးေမးျမန္းခ့ဲရာမွာလည္း ” ကၽြန္ေတာ္တို႔ အေကာငးဆံုးကစားသမားေတြနဲ႔တြဲျပီးကစားခ်င္တယ္ဆိုတာက အမွန္တရာပါပဲ၊ ခင္ေ်ားေျပာတ့ဲ ေပါ့ဘာနဲ႔ ဘာေပဆိုတာက ကမာၻ႕အေကာင္းေတြထဲက ႏွစ္ေယာက္ပါ၊ ဒါေပမ့ဲ ဒါေတြကိုကၽြန္ေတာ္ဆံူဒျဖတ္လို႔မရပါဘူး ” လို႔ဟာဇက္က ျပန္လည္ေျဖၾကားသြားခ့ဲပါတယ္။

ရီးရဲလ္ဟာ (၂၀၁၉-၂၀)ေဘာလံုးရာသီအတြက္ ဟာဇက္၊ လူကာဂ်ိဳဗစ္၊မီလီတာအို၊မန္ဒီနဲ႔ရိုဒရိြဳင္ဂို ဂိုစ့္တို႔ကိုေခၚယူထားျပီးျပီပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ပေါ့ဘာနဲ့ဘာပေကိုချီးကျုးပြောဆိုသွားခဲ့တဲ့ ဟာဇက်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့အသစ်စက်စက်ကစားသမား ဟာဇက်က ရီးရဲလ်ကခေါ်ယူဖို့ချိတ်ဆက်နေတဲ့ မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေတို့ကိုချီးကျုးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။

ဟာဇက် ရီးရဲလ်ကိုမနေ့ကရောက်ရှိခဲ့တာဖြစ်ပြီး၊ ဒီနေ့မနက်အစောပိုင်းမှာ ကစားသမားမိတ်ဆက်ပွဲအခမ်းအနားကိုရီးရဲလ်ကပြုပ်ပေးခဲ့တာဖြစ်ပြီး၊ ရီးရဲလ်ရဲကတရားဝင်ကစားသမားဖြစ်လာခဲ့ပါပြီ။ ဟာဇက်က ရီးရဲလ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း(၁၃၀)နဲ့ရောက်ရှိခဲ့တာဖြစ်ပြီး၊ ဒီနွေဈေးကွက်မှာ ငါးယောက်မြောက်ခေါ်ယူမှုပဲဖြစ်ပါတယ်။

ရီးရဲလ်အသင်းကိုပြန်လည်တည်ဆောက်ဖို့ ဇီဒန်းက ကြိုးပမ်းနေတာဖြစ်ပြီး၊ ဇီဒန်းရဲ့နောက်ထပ်ပစ်မှတ်တွေကတော့ ပီအက်စ်ဂျီက ဘာပေနဲ့ မန်ယူနိုက်တက်က ပေါ့ဘာတို့ပဲဖြစ်ပါတယ်။ အင်တာဗျုးတစ်ခုမှာ ဟာဇက်ကိုရီးရဲလ်ရဲ့အြပောင်းအရွှေ့နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဟာဇက်က ” ကျွန်တော်ဒီကိုအပြောင်းအရွှေ့အကြောင်းဆွေးနွေးဖို့ရောက်လာတာမဟုတ်ပါဘူး၊ ဒီမှာဘောလုံးကစားဖို့ လာခဲ့တာပါ၊ ဒီမှာကစားသမားအသစ်တွေလည်းရောက်နေကြပါပြီ၊ အသင်းနဲ့အသားကျဖို့ ကျွန်တော်တို့ အချိန်တော့လိုပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဘာပေနဲ့ပေါ့ဘာတို့နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာမှာလည်း ” ကျွန်တော်တို့ အကောငးဆုံးကစားသမားတွေနဲ့တွဲပြီးကစားချင်တယ်ဆိုတာက အမှန်တရာပါပဲ၊ ခင်ေျားပြောတဲ့ ပေါ့ဘာနဲ့ ဘာပေဆိုတာက ကမ္ဘာ့အကောင်းတွေထဲက နှစ်ယောက်ပါ၊ ဒါပေမဲ့ ဒါတွေကိုကျွန်တော်ဆူံဒဖြတ်လို့မရပါဘူး ” လို့ဟာဇက်က ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

ရီးရဲလ်ဟာ (၂၀၁၉-၂၀)ဘောလုံးရာသီအတွက် ဟာဇက်၊ လူကာဂျိုဗစ်၊မီလီတာအို၊မန်ဒီနဲ့ရိုဒရွိုင်ဂို ဂိုစ့်တို့ကိုခေါ်ယူထားပြီးပြီပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar