ယူ(၂၀)ကမာ႔ၻဖလားမွာ စံခ်ိန္သစ္တင္ရမယ့္ ေတာင္ကိုရီးယားလူငယ္ေဘာလံုးအသင္း

ေတာင္ကိုရီးယားယူ(၂၀)ေဘာလံုးအသင္းကေတာ့ (FIFA)အသိအမွတ္ျပဳ ယူ(၂၀)ကမာၻ႔ဖလားျပိဳင္ပြဲရဲ႕ေနာက္ဆံုးဗိုလ္လုပြဲကို တက္ေရာက္ထားႏိုင္ခဲ့ျပီး၊ ယူကရိန္း ယူ(၂၀)အသင္းနဲ႔ ဗိုလ္လုသြားရမွာျဖစ္ပါတယ္။

ဗိုလ္လုပြဲကိုေတာ့ ဇြန္လ(၁၅)ရက္ေန႔(မနက္ျဖန္)၊ ပိုလန္ႏိုင္ငံမွာ က်င္းပသြားမွာျဖစ္ျပီး ယခုလက္ရွိမွာေတာ့ ေတာင္ကိုရီးယားယူ(၂၀)အသင္းဟာ ဗိုလ္လုပြဲက်င္းပမယ့္ ေလာ့ဇ္ျမိဳ႕ကို ေရာက္ရွိေနျပီလည္းျဖစ္ပါတယ္။

တကယ္လို႔ ေတာင္ကိုရီးယားအသင္းသာ ယူကရိန္းအသင္းကို အႏိုင္ရျပီး ယူ(၂၀)ကမာၻ႔ဖလားကို ဆြတ္ခူးႏိုင္ခဲ့မယ္ဆိုရင္ အာရွအမ်ိဳးသားအသင္းေတြအနက္ ဖီဖာအသိအမွတ္ျပဳျပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္တဲ့ ပထမဦးဆံုးအသင္းအျဖစ္ မွတ္တမ္း၀င္သြားဖို႔ရွိေနပါတယ္။ ေတာင္ကိုရီးယား ယူ(၁၇)အမ်ိဳးသမီး အသင္းကေတာ့ ထရီနီဒက္နဲ႔တိုဘာဂိုႏိုင္ငံမွာ က်င္းပခဲ့တဲ့ (၂၀၁၀)အမ်ိဳးသမီးယူ(၁၇)ကမာၻဖလားကို ဗိုလ္စြဲထားဖူးပါတယ္။

ေတာင္ကိုရီးယား ယူ(၂၀)အသင္းဟာ ကစားအားေကာင္းမြန္ျပီးေတာ့ ျပိဳင္ပြဲတစ္ေလ်ာက္ ပြဲစဥ္ေတြမွာ ပထမပိုင္းထက္ ဒုတိယပိုင္းအတြင္း သြင္းယူႏိုင္ခဲ့တဲ့ ဂိုးအေရအတြက္က ပိုမိုမ်ားျပားခဲ့ပါတယ္။ ဒီျပိဳင္ပြဲမွာ သူတို႔ သြင္းယူထားခဲ့တဲ့ (၈)ဂိုးအနက္၊ (၆)ဂိုးဟာ ဒုတိယပိုင္းနဲ႔နာက်င္အခ်ိန္ပိုေတြမွာ ရရွိခဲ့တာျဖစ္ပါတယ္။

ေတာင္ကိုရီးယား ယူ(၂၀)အသင္းအေနနဲ႔ ဗိုလ္လုပြဲကို တက္ေရာက္ရာလမ္းေၾကာင္းတစ္ေလ်ာက္ ရံႈးထြက္အဆင့္မွာ အာရွျပိဳင္ဘက္ ဂ်ပန္ကို (၁)ဂိုး ဂိုးမရွိ၊ ကြာတားအဆင့္မွာ အာဖရိကအသင္း ဆီနီေဂါကို ပင္နယ္တီအဆံုးအျဖတ္၊ ဆီမီးဖိုင္နယ္အဆင့္မွာ အီေကြေဒါအသင္းကို (၁)ဂိုးဂိုးမရွိ ဆိုတဲ့ ရလဒ္ေတြနဲ႔ အႏိုင္ယူ ေက်ာ္ျဖတ္ခဲ့တာျဖစ္ျပီး၊ တစ္ဖက္မွာ ပနားမား၊ ကိုလံဘီယာ၊ အီတလီ အသင္းေတြကို ေက်ာ္ျဖတ္လာခဲ့တဲ့ ယူကရိန္းနဲ႔ေတြ႔ဆံုယွဥ္ျပိဳင္ရမွာပါ။

လူညိဳေခ်ာ@SportsGabar

unicode

ယူ(၂၀)ကမာ့္ဘဖလားမှာ စံချိန်သစ်တင်ရမယ့် တောင်ကိုရီးယားလူငယ်ဘောလုံးအသင်း

တောင်ကိုရီးယားယူ(၂၀)ဘောလုံးအသင်းကတော့ (FIFA)အသိအမှတ်ပြု ယူ(၂၀)ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ခဲ့ပြီး၊ ယူကရိန်း ယူ(၂၀)အသင်းနဲ့ ဗိုလ်လုသွားရမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲကိုတော့ ဇွန်လ(၁၅)ရက်နေ့(မနက်ဖြန်)၊ ပိုလန်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး ယခုလက်ရှိမှာတော့ တောင်ကိုရီးယားယူ(၂၀)အသင်းဟာ ဗိုလ်လုပွဲကျင်းပမယ့် လော့ဇ်မြို့ကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။

တကယ်လို့ တောင်ကိုရီးယားအသင်းသာ ယူကရိန်းအသင်းကို အနိုင်ရပြီး ယူ(၂၀)ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် အာရှအမျိုးသားအသင်းတွေအနက် ဖီဖာအသိအမှတ်ပြုပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့ ပထမဦးဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားဖို့ရှိနေပါတယ်။ တောင်ကိုရီးယား ယူ(၁၇)အမျိုးသမီး အသင်းကတော့ ထရီနီဒက်နဲ့တိုဘာဂိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၀၁၀)အမျိုးသမီးယူ(၁၇)ကမ္ဘာဖလားကို ဗိုလ်စွဲထားဖူးပါတယ်။

တောင်ကိုရီးယား ယူ(၂၀)အသင်းဟာ ကစားအားကောင်းမွန်ပြီးတော့ ပြိုင်ပွဲတစ်လျောက် ပွဲစဉ်တွေမှာ ပထမပိုင်းထက် ဒုတိယပိုင်းအတွင်း သွင်းယူနိုင်ခဲ့တဲ့ ဂိုးအရေအတွက်က ပိုမိုများပြားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ သူတို့ သွင်းယူထားခဲ့တဲ့ (၈)ဂိုးအနက်၊ (၆)ဂိုးဟာ ဒုတိယပိုင်းနဲ့နာကျင်အချိန်ပိုတွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယား ယူ(၂၀)အသင်းအနေနဲ့ ဗိုလ်လုပွဲကို တက်ရောက်ရာလမ်းကြောင်းတစ်လျောက် ရှုံးထွက်အဆင့်မှာ အာရှပြိုင်ဘက် ဂျပန်ကို (၁)ဂိုး ဂိုးမရှိ၊ ကွာတားအဆင့်မှာ အာဖရိကအသင်း ဆီနီဂေါကို ပင်နယ်တီအဆုံးအဖြတ်၊ ဆီမီးဖိုင်နယ်အဆင့်မှာ အီကွေဒေါအသင်းကို (၁)ဂိုးဂိုးမရှိ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့တာဖြစ်ပြီး၊ တစ်ဖက်မှာ ပနားမား၊ ကိုလံဘီယာ၊ အီတလီ အသင်းတွေကို ကျော်ဖြတ်လာခဲ့တဲ့ ယူကရိန်းနဲ့တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။

လူညိုချော@SportsGabar