အာဆင္နယ္နဲ႔သတင္းေတြကိုတုန္႔ျပန္လိုက္တဲ့ ကာရက္စကို

အာဆင္နယ္အသင္းကေခၚယူဖို႔စိတ္၀င္စားေနတ့ဲ ကာရက္စကိုဟာ သူလက္ရွိကစားေနတ့ဲ တ၇ုတ္ကလပ္ ဒါလီယမ္ ရီဖန္း အသင္းကေနထြက္ခြာခ်င္တယ္လို႔ ၀န္ခံထားခ့ဲတ့ဲသူျဖစ္ပါတယ္။ ဒါေပမ့ဲ ကာရက္စကိုအေနနဲ႔ သူဘယ္အသင္းကိုေျပာင္းေရႊ႕မလဲဆိုတာကိုေတာ့ ထုက္ေဖာ္ေျပာၾကားခ့ဲျခင္းေတာ့မရွိေသးပါဘူး။

အာဆင္နယ္ရဲ႕ကြင္းလယ္မွာ ေတာ္ရဲရားကလည္း အီတလီကိုျပန္ႏိုင္ထြယ္ရွိေနျပီး၊ အင္းရဲ႕ၾကယ္ပြင့္ကစားသမား ကြင္းလယ္လူ အိုေဇးလ္ကလည္း ပံုမွနတ္ေျခစြမ္းျပသႏိုင္ဖို႔ရုန္းကန္ေနရတာေၾကာင့္ အာဆင္နယ္အေနနဲ႔ တရုတ္ကလပ္ ဒါလီယမ္ရီဖန္းအသင္းမွာ ကစားေနတ့ဲ အသက္(၂၅)ႏွစ္အရြယ္ ကြင္းလယ္ကစားသမား ကာရက္စကို ကို ေခၚယူဖို႔ပစ္မွတ္ထားလာတာလည္းျဖစ္ပါတယ္။

ကာရက္စကိုဟာ အသင္းကေနထြက္ခြာခ်င္ေပမ့ဲ အသင္းဥကၠဌရဲ႕ဆံုးျဖတ္ခ်က္အေပၚမွာ သူ႔အနာဂတ္က မူတည္ေနတယ္လို႔ေျပာၾကားသြားခ့ဲပါတယ္။ ကာရက္စကိုက ” ကၽြန္ေတာ္ ဥေရာပကိုျပန္ခ်င္ေနတယ္ဆိုတာ တစ္ကမာၻလံုးသိၾကပါတယ္၊ အခု ဒါက အသင္းရဲ႕ဥကၠဌအေပၚမွာ မူတည္ေနပါတယ္၊ သူ အေျဖတစ္ခုကိုရွာေတြ႔ႏိုင္မယ္လို႔ ေမ်ွာ္လင့္ပါတယ္ ” လို႔ ေျပာၾကားသြားခ့ဲတာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ထြက္ေနတ့ဲ သတင္းေတြနဲ႔ပတ္သက္ျပီးေတာ့လည္း ကာရက္စကိုက ” အာဆင္နယ္နဲ႔ပတ္သက္ျပီးေတာ့ ကၽြန္ေတာ္ဘာမွမေျပာႏိုင္ပါဘူး၊ အခုခ်ိန္မွာ ကၽြန္ေတာ္ကေရြးခ်ယ္ရမယ့္ သူမဟုတ္ပါဘူး၊ ဒါေပမ့ဲ အသင္းရဲ႕ဥကၠဌကအသင္းကေနထြက္ခြာခြင့္ျပဳ၊မျပဳဆိုတာ သူပဲဆံုးျဖတ္မွာပါ၊ ကၽြန္ေတာ္ကေတာ့ ဥေရာပကိုျပန္လာႏိုင္မယ္လို႔ ေမ်ွာ္လင့္ပါတယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ကာရက္စကိုစကားအရ ရီဖန္အသင္းရဲ႕ဥကၠဌသာ ကာရက္စကို ကိုအသင္းကေနထြက္ခြာခြင့္ျပဳမယ္ဆိုရင္ ကစားသမားဟာ အာဆင္နယ္ကိုေရာက္ရွိသြားဖြယ္ရွိေနပါတယ္။ အာဆင္နယ္ဟာ လာမယ့္ရာသီအတြက္ၾကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ေနတာျဖစ္ျပီး(၂၀၁၉-၂၀)ေဘာလံုးရာသီရဲ႕ပြဲစဥ္(၁)မွာ နယူးကာဆယ္နဲ႔ ရင္ဆိုင္ကစားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အာဆင်နယ်နဲ့သတင်းတွေကိုတုန့်ပြန်လိုက်တဲ့ ကာရက်စကို

အာဆင်နယ်အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ကာရက်စကိုဟာ သူလက်ရှိကစားနေတဲ့ တရုတ်ကလပ် ဒါလီယမ် ရီဖန်း အသင်းကနေထွက်ခွာချင်တယ်လို့ ဝန်ခံထားခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ကာရက်စကိုအနေနဲ့ သူဘယ်အသင်းကိုပြောင်းရွှေ့မလဲဆိုတာကိုတော့ ထုက်ဖော်ပြောကြားခဲ့ခြင်းတော့မရှိသေးပါဘူး။

အာဆင်နယ်ရဲ့ကွင်းလယ်မှာ တော်ရဲရားကလည်း အီတလီကိုပြန်နိုင်ထွယ်ရှိနေပြီး၊ အင်းရဲ့ကြယ်ပွင့်ကစားသမား ကွင်းလယ်လူ အိုဇေးလ်ကလည်း ပုံမှနတ်ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရတာကြောင့် အာဆင်နယ်အနေနဲ့ တရုတ်ကလပ် ဒါလီယမ်ရီဖန်းအသင်းမှာ ကစားနေတဲ့ အသက်(၂၅)နှစ်အရွယ် ကွင်းလယ်ကစားသမား ကာရက်စကို ကို ခေါ်ယူဖို့ပစ်မှတ်ထားလာတာလည်းဖြစ်ပါတယ်။

ကာရက်စကိုဟာ အသင်းကနေထွက်ခွာချင်ပေမဲ့ အသင်းဥက္ကဌရဲ့ဆုံးဖြတ်ချက်အပေါ်မှာ သူ့အနာဂတ်က မူတည်နေတယ်လို့ပြောကြားသွားခဲ့ပါတယ်။ ကာရက်စကိုက ” ကျွန်တော် ဥရောပကိုပြန်ချင်နေတယ်ဆိုတာ တစ်ကမ္ဘာလုံးသိကြပါတယ်၊ အခု ဒါက အသင်းရဲ့ဥက္ကဌအပေါ်မှာ မူတည်နေပါတယ်၊ သူ အဖြေတစ်ခုကိုရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ် ” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ထွက်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီးတော့လည်း ကာရက်စကိုက ” အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်ဘာမှမပြောနိုင်ပါဘူး၊ အခုချိန်မှာ ကျွန်တော်ကရွေးချယ်ရမယ့် သူမဟုတ်ပါဘူး၊ ဒါပေမဲ့ အသင်းရဲ့ဥက္ကဌကအသင်းကနေထွက်ခွာခွင့်ပြု၊မပြုဆိုတာ သူပဲဆုံးဖြတ်မှာပါ၊ ကျွန်တော်ကတော့ ဥရောပကိုပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

ကာရက်စကိုစကားအရ ရီဖန်အသင်းရဲ့ဥက္ကဌသာ ကာရက်စကို ကိုအသင်းကနေထွက်ခွာခွင့်ပြုမယ်ဆိုရင် ကစားသမားဟာ အာဆင်နယ်ကိုရောက်ရှိသွားဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဟာ လာမယ့်ရာသီအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပြီး(၂၀၁၉-၂၀)ဘောလုံးရာသီရဲ့ပွဲစဉ်(၁)မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar