ေနာက္ခံလူ ဒီဂ်န္လိုဗရန္ကို လီဗာပူးလ္ေရာင္းထုတ္သင့္ရဲ႕လား?

ျပီးခဲ့တဲ့ရက္ပိုင္းက လီဗာပူးလ္ေနာက္ခံလူ ဒီဂ်န္လိုဗရန္ကို စီးရီးေအကလပ္ ေအစီမီလန္အသင္းက အေလးအနက္ထား ခ်ိတ္ဆက္လာပါတယ္။ ဒီကိစၥနဲ႔ပက္သက္ျပီး လီဗာပူးလ္ပရိသတ္တစ္ခ်ိဳ႕က အသင္းအေနနဲ႔ ေအစီမီလန္ရဲ႕ကမ္းလွမ္းခ်က္ကို လက္ခံစဥ္းစားျပီး လိုဗရန္ကို ေရာင္းထုတ္ေစခ်င္ေနၾကပါတယ္။

အသက္ (၂၉)ႏွစ္ အရြယ္ ခရိုေအးရွားလက္ေရြးစင္ ဗဟိုေနာက္ခံကစားသမား လိုဗရန္ဟာ (၂၀၁၄)ခုႏွစ္မွာ ေဆာက္သမ္တန္ အသင္းကေန ယူရို(၂၅)သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ျပီး လီဗာပူးလ္မွာ (၅)ႏွစ္ၾကာကစားေပးခဲ့ျပီးျဖစ္ပါတယ္။ လြန္ခဲ့တဲ့ (၂၀၁၇-၂၀၁၈)ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ လိုဗရန္ရဲ႕ လီဗာပူးလ္ဟာ ရီးရဲလ္မက္ဒရစ္ကို ရံႈးနိမ့္ခဲ့ျပီးေနာက္ ကမာၻ႔ဖလားမွာ ခရိုေအးရွားနဲ႔အတူ လိုဗရန္က ေတာက္ပခဲ့ပါတယ္။

ဒါေပမဲ့လည္း ကံမေကာင္းစြာနဲ႔ပဲ လိုဗရန္ဟာ သူေျခစြမ္းေတာက္ပေနခဲ့ခ်ိန္မွာ လီဗာပူးလ္အသင္းနဲ႔ေရာ၊ ခရိုေအးရွားလက္ေရြးစင္အသင္းနဲ႔ပါ ဒုတိယဆုေတြကိုသာ ရယူႏိုင္ခဲ့ပါတယ္။ ယခုႏွစ္မွာေတာ့ လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲႏိုင္ခဲ့တယ္ဆိုေပမဲ့လည္း လိုဗရန္ရဲ႕အခန္း က႑က သိပ္အေရးမပါခဲ့ပဲ ခ်န္ပီယံလိဂ္ (၃)ပြဲသာ ကစားခြင့္ရခဲ့ပါတယ္။

နည္းျပဂ်ာဂင္ကေလာ့ကလည္း ကမာၻ႔ဖလားျပီးကတည္းကေျခစြမ္းက်ဆင္းေနတဲ့ လိုဗရန္ထက္ မာတစ္ကိုသာ ပိုမိုအခြင့္အေရးေပးခဲ့ျပီး အေရးၾကီး ပြဲတိုင္းအသံုးျပဳေနတာေၾကာင့္ လာမယ့္ႏွစ္မွာ အသက္ (၃၀)ျပည့္ေတာ့မယ့္ ကစားသမားတစ္ဦးအတြက္ လီဗာပူးလ္လို ပြဲခ်ိန္တစ္ေလ်ာက္လံုး ပါ၀ါအျပည့္သံုးကာ အရွိန္အဟုန္နဲ႔ကစားတက္တဲ့အသင္းမွာ အသံုး၀င္ဖို႔ မေသခ်ာေတာ့ပါဘူး။

ဒါေၾကာင့္ လီဗာပူးလ္အေနနဲ႔ ေအစီမီလန္ရဲ႕ကမ္းလွမ္းခ်က္ကို လက္ခံလိုက္တာကသာ အသင္းအတြက္ေရာ ကစားသမားအတြက္ပါ အက်ိဳးရွိႏိုင္မွာျဖစ္လို႔ လိုဗရန္အတြက္ အနည္းဆံုး ေပါင္(၂၅)သန္းခန္႔ရရင္ အျမန္ဆံုးသာ ေရာင္းထုတ္သင့္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

နောက်ခံလူ ဒီဂျန်လိုဗရန်ကို လီဗာပူးလ်ရောင်းထုတ်သင့်ရဲ့လား?

ပြီးခဲ့တဲ့ရက်ပိုင်းက လီဗာပူးလ်နောက်ခံလူ ဒီဂျန်လိုဗရန်ကို စီးရီးအေကလပ် အေစီမီလန်အသင်းက အလေးအနက်ထား ချိတ်ဆက်လာပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး လီဗာပူးလ်ပရိသတ်တစ်ချို့က အသင်းအနေနဲ့ အေစီမီလန်ရဲ့ကမ်းလှမ်းချက်ကို လက်ခံစဉ်းစားပြီး လိုဗရန်ကို ရောင်းထုတ်လိုက်မှာ စိုးရိမ်နေကြပါတယ်။

အသက် (၂၉)နှစ် အရွယ် ခရိုအေးရှားလက်ရွေးစင် ဗဟိုနောက်ခံကစားသမား လိုဗရန်ဟာ (၂၀၁၄)ခုနှစ်မှာ ဆောက်သမ်တန် အသင်းကနေ ယူရို(၂၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လီဗာပူးလ်မှာ (၅)နှစ်ကြာကစားပေးခဲ့ပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂၀၁၇-၂၀၁၈)ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လိုဗရန်ရဲ့ လီဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားမှာ ခရိုအေးရှားနဲ့အတူ လိုဗရန်က တောက်ပခဲ့ပါတယ်။

ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ပဲ လိုဗရန်ဟာ သူခြေစွမ်းတောက်ပနေခဲ့ချိန်မှာ လီဗာပူးလ်အသင်းနဲ့ရော၊ ခရိုအေးရှားလက်ရွေးစင်အသင်းနဲ့ပါ ဒုတိယဆုတွေကိုသာ ရယူနိုင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ခဲ့တယ်ဆိုပေမဲ့လည်း လိုဗရန်ရဲ့အခန်း ကဏ္ဍက သိပ်အရေးမပါခဲ့ပဲ ချန်ပီယံလိဂ် (၃)ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။

နည်းပြဂျာဂင်ကလော့ကလည်း ကမ္ဘာ့ဖလားပြီးကတည်းကခြေစွမ်းကျဆင်းနေတဲ့ လိုဗရန်ထက် မာတစ်ကိုသာ ပိုမိုအခွင့်အရေးပေးခဲ့ပြီး အရေးကြီး ပွဲတိုင်းအသုံးပြုနေတာကြောင့် လာမယ့်နှစ်မှာ အသက် (၃၀)ပြည့်တော့မယ့် ကစားသမားတစ်ဦးအတွက် လီဗာပူးလ်လို ပွဲချိန်တစ်လျောက်လုံး ပါဝါအပြည့်သုံးကာ အရှိန်အဟုန်နဲ့ကစားတက်တဲ့အသင်းမှာ အသုံးဝင်ဖို့ မသေချာတော့ပါဘူး။

ဒါကြောင့် လီဗာပူးလ်အနေနဲ့ အေစီမီလန်ရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်တာကသာ အသင်းအတွက်ရော ကစားသမားအတွက်ပါ အကျိုးရှိနိုင်မှာဖြစ်လို့ လိုဗရန်အတွက် အနည်းဆုံး ပေါင်(၂၅)သန်းခန့်ရရင် အမြန်ဆုံးသာ ရောင်းထုတ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

လူညိုချော@SportsGabar