ျမင့္မားတ့ဲလုပ္ခလစာေပးျပီး ဒီလစ္ကိုေခၚယူဖို႔ျပင္ဆင္ေနတ့ဲ ပီအက္စ္ဂ်ီ

လက္ရွိထြက္ေပၚေနတ့ဲသတင္းေတြအရ ပီအက္စ္ဂ်ီအသင္းဟာ ဘာစီလိုနာကေခၚယူဖို႔ပစ္မွတ္ထားေနတ့ဲ ေအဂ်က္ေနာက္ခံလူ ဒီလစ္ကို မက္ေလာက္စရာ လုပ္ခလစာေပးျပီးေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔သိရပါတယ္။

အသက္(၁၉)ႏွစ္အရြယ္ ဒီလစ္အတြက္ (၂၀၁၈-၁၉)ေဘာဘံုးရာသီဟာ ေအာင္ျမင္တ့ဲေဘာလံုးရာသီတစ္ခုျဖစ္ခ့ဲပါတယ္။ ဒီလစ္ရဲ႕ဦးေဆာင္မႈေအာက္မွာ ေအဂ်က္ဟာ ဖလား(၂)လံုးရခ့ဲျပီး၊ ဥေရာပရဲ႕အဆင့္ျမင့္ဆံုးျပိဳင္ပြဲတစ္ခုျဖစ္တ့ဲ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာလည္း ေအဂ်က္နဲ႔အတူ ဆီမီးဖိုင္နယ္အဆင့္ထိေရာက္ရွိခ့ဲပါတယ္။ အသက္ငယ္ရြယ္ေပမ့ဲ ဒီလစ္ရဲ႕ ေခါင္းေဆာင္ႏိုင္စြမ္းနဲ႔ ေျခစြမ္းေတြေၾကာင့္ ဥေရာပအသင္းၾကီးေတာ္ေတာ္မ်ားမ်ားက ဒီလစ္ကိုေခၚယူဖို႔ မ်က္စိက်လ်က္ရွိေနတာပဲျဖစ္ပါတယ္။

ဒီလစ္ကိုေခၚယူဖို႔ ဘာစီလိုနာ၊မန္ယူႏိုက္တက္နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ကစိတ္၀င္စားေနၾကတာျဖစ္ျပီး၊ ဒီလစ္ကိုယ္တိုင္ကေတာ့ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး ဆံုးျဖတ္ခ်က္တစ္စံုတစ္ရာမခ်ရေသးဘူးလို႔သိရပါတယ္။ ဒီလစ္ကိုေခၚယူဖို႔ ပီအက္စ္ဂ်ီ၊ ဘာစီလိုနာနဲ႔ မန္ယူႏိုက္တက္တို႔သံုးသင္းဟာ အျပိဳင္ေခၚယူဖို႔ ၾကိဳးစားရေတာ့မွာျဖစ္ပါတယ္။

သတင္းေတြအရ ပီအက္စ္ဂ်ီဟာ ဒီလစ္ကိုေခၚယူဖို႔ ျေပာင္းေရႊ႕ေၾကးကိုယူရိုသန္း(၇၅)သန္းခန္႔နဲ႔ ေခၚယူသြားဖို႔ရွိေနတယ္လို႔သိရပါတယ္။ ဒါ့အျပင္ ပီအက္စ္ဂ်ီဟာ ဒီလစ္ရဲ႕လုပ္ခလစားကိုလည္း ျမင့္မားစြာေပးေခ်သြားဖို႔ရွိေနျပီး၊ ဒီလစ္ကိုေခၚယူႏိုင္ခ့ဲရင္ တစ္ႏွစ္လုပ္ခလစာယူရိုသန္း(၂၀)၀န္းက်င္နဲ႔ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ရွိေနတယ္လို႔သိရပါတယ္။

ဘာစီလိုနာရဲ႕ပစ္မွတ္ ကို ပီအက္ဂ်ီအေနနဲ႔ေခၚယူႏိုင္မလားဆိုတာေတာ့ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မြင့်မားတဲ့လုပ်ခလစာပေးပြီး ဒီလစ်ကိုခေါ်ယူဖို့ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီ

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာကခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ အေဂျက်နောက်ခံလူ ဒီလစ်ကို မက်လောက်စရာ လုပ်ခလစာပေးပြီးခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

အသက်(၁၉)နှစ်အရွယ် ဒီလစ်အတွက် (၂၀၁၈-၁၉)ဘောဘုံးရာသီဟာ အောင်မြင်တဲ့ဘောလုံးရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလစ်ရဲ့ဦးဆောင်မှုအောက်မှာ အေဂျက်ဟာ ဖလား(၂)လုံးရခဲ့ပြီး၊ ဥရောပရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အေဂျက်နဲ့အတူ ဆီမီးဖိုင်နယ်အဆင့်ထိရောက်ရှိခဲ့ပါတယ်။ အသက်ငယ်ရွယ်ပေမဲ့ ဒီလစ်ရဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ ခြေစွမ်းတွေကြောင့် ဥရောပအသင်းကြီးတော်တော်များများက ဒီလစ်ကိုခေါ်ယူဖို့ မျက်စိကျလျက်ရှိနေတာပဲဖြစ်ပါတယ်။

ဒီလစ်ကိုခေါ်ယူဖို့ ဘာစီလိုနာ၊မန်ယူနိုက်တက်နဲ့ ပီအက်စ်ဂျီအသင်းတို့ကစိတ်ဝင်စားနေကြတာဖြစ်ပြီး၊ ဒီလစ်ကိုယ်တိုင်ကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချရသေးဘူးလို့သိရပါတယ်။ ဒီလစ်ကိုခေါ်ယူဖို့ ပီအက်စ်ဂျီ၊ ဘာစီလိုနာနဲ့ မန်ယူနိုက်တက်တို့သုံးသင်းဟာ အပြိုင်ခေါ်ယူဖို့ ကြိုးစားရတော့မှာဖြစ်ပါတယ်။

သတင်းတွေအရ ပီအက်စ်ဂျီဟာ ဒီလစ်ကိုခေါ်ယူဖို့ ြပောင်းရွှေ့ကြေးကိုယူရိုသန်း(၇၅)သန်းခန့်နဲ့ ခေါ်ယူသွားဖို့ရှိနေတယ်လို့သိရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ ဒီလစ်ရဲ့လုပ်ခလစားကိုလည်း မြင့်မားစွာပေးချေသွားဖို့ရှိနေပြီး၊ ဒီလစ်ကိုခေါ်ယူနိုင်ခဲ့ရင် တစ်နှစ်လုပ်ခလစာယူရိုသန်း(၂၀)ဝန်းကျင်နဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုသွားဖို့ရှိနေတယ်လို့သိရပါတယ်။

ဘာစီလိုနာရဲ့ပစ်မှတ် ကို ပီအက်ဂျီအနေနဲ့ခေါ်ယူနိုင်မလားဆိုတာတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar