လာမယ့္ႏွစ္ဘာစီလိုနာမွာေနရာရလာႏိုင္တဲ့လူငယ္ကစားသမား(၃)ေယာက္

လက္ရွိကမာၻေပၚမွာ အေကာင္းဆံုးေဘာလံုးအကယ္ဒမီကိုေျပာပါဆိုရင္ အားလံုးဟာ တညီတညြတ္တည္း လာမာစီယာအကယ္ဒမီပါလို႔ ၀ိုင္း၀န္းေထာက္ခံၾကပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုရင္ ဘာစီလိုနာအသင္းရဲ႕လာမာစီယာအကယ္ဒမီဟာ ျပီးခဲ့တဲ့ႏွစ္ေတြမွာ မက္ဆီ၊ အင္နီေယစတာ၊ ဇာဗီ၊ ပီေကး၊ ေပြရိုး၊ ဘက္စကြက္ တို႔လို ကစားသမားေတြကို ေမြးထုတ္ေပးႏိုင္ခဲ့တာေၾကာင့္လည္းျဖစ္ပါတယ္။

ဒါေပမဲ့ ဒီကစားသမားေတြေခတ္ျပီးဆံုးတဲ့ ေနာက္ပိုင္း ေနာက္ဆံုး(၅)ႏွစ္အတြင္းမွာေတာ့ လာမာစီယာ အကယ္ဒမီကေန ထူးခ်ြန္စြာထြက္ေပၚလာခဲ့တဲ့ ကစားသမားဆိုလို႔ ဆာဂ်ီ ေရာ္ဘက္တို တစ္ေယာက္သာ ေလာကေ္လာက္လားလားရွိခဲ့ပါတယ္။ အကယ္ဒမီထြက္ကစားသမားေတြ နည္းပါးေနတဲ့ အေျခအေနမွာ ဘာစီလိုနာဟာ ဥေရာပမွာ ထိပ္တန္း၀င္ဖို႔ ေငြေၾကးအေျမာက္အမ်ားအသံုးျပဳကာ ကစားသမားေခၚယူမႈေတြ ျပဳလုပ္ေနရပါတယ္။

ဒါေပမဲ့လည္း လာမယ့္ေဘာလံုးရာသီ ဘာစီလိုနာအသင္းမွာ ေတာက္ပလာမယ္လို႔ ထင္ေၾကးေပးခံထားရတဲ့ ရွားရွားပါးပါးလာမာစီယာအကယ္ဒမီထြက္ ကစားသမားတစ္ခ်ိဳ႕အပါအ၀င္ အရည္အေသြးရွိတဲ့လူငယ္ကစားသမားေတြ ေပၚထြက္လာဖို႔ ရွိေနပါေသးတယ္။ အဆိုပါကစားသမားေလးတြကေတာ့-

(၁) အိုရြိဳင္ေရာ္ဘက္စကြက္ (၂၀ႏွစ္)

ကြင္းလယ္ခံစစ္ကစားသမားေလး အိုရြိဳင္ေရာ္ဘက္စကြက္ ဟာ စီနီယာကစားသမား ဆာဂ်ီရိုဘက္စကြက္ လက္သစ္လို႔ထင္ေၾကးေပးခံေနရသူျဖစ္ပါတယ္။ အရပ္အေမာင္းအားျဖင့္လည္း (၆)ေပ (၁)လက္မအထိ ျမင့္မားျပီးေတာ့၊ ဘက္စကြက္ထက္ (၁)လက္မသာ နိမ့္တဲ့ အရပ္အေမာင္းကို ပိုင္ဆိုင္ထားပါတယ္။ ဘာစီလိုနာ (B) အသင္းမွာ (၅၄)ပြဲကစားေပးခဲ့ျပီးျဖစ္တဲ့ ဘက္စကြက္ဟာ စပိန္ယူ(၁၆)ကေနယူ(၁၉)အထိ သက္တမ္းအလိုက္လက္ေရြးစင္အသင္းေတြမွာလည္း ပါ၀င္ခဲ့သူျဖစ္ပါတယ္။ ဘက္စကြက္ဟာ (၃)လေက်ာ္ေလာက္အနားယူခဲ့ရတဲ့ ဒဏ္ရာမရမီ (၂၀၁၇)ခုႏွစ္က ဘာစီလိုနာအသင္းၾကီးအတြက္ ၀င္ေရာက္ကစားခဲ့ဖူးပါတယ္။ လာမယ့္ႏွစ္ေတြမွာေတာ့ ဘာစီလိုနာဟာ သူ႔ကို ဆာဂ်ီယို ဘက္စကြက္ေနရာမွာ ေသခ်ာေပါက္ အစားထိုးပါလိမ့္မယ္။

(၂) ေမာ္ဆာ၀ါဂူး (၂၀ႏွစ္)

လက္ရွိ ဘာစီလိုနာရဲ႕ ညာေနာက္ခံလူေနရာအတြက္ စပယ္ရွယ္လစ္ကစားသမားဆိုလို႔ ေပၚတူဂီလက္ေရြးစင္ နယ္လ္ဆြန္ဆီမီဒို တစ္ဦးသာရွိပါတယ္။ ေမာ္ဆာ၀ါဂူးဟာ ကာတာမွာရွိတဲ့ အက္စ္ပိုင္းယား အကယ္ဒမီထြက္ကစားသမားျဖစ္ျပီး (၂၀၁၇)ခုႏွစ္မွာ ဘယ္လ္ဂ်ီယံကလပ္၊ ကပ္စ္အူပန္အသင္းကိုေျပာင္းေရႊ႕ခဲ့ပါတယ္။ အဲဒီကေနတစ္ဆင့္ (၂၀၁၈)ေႏြမွာေတာ့ သူ႔ကို နည္းျပ ဗယ္လ္ဗာဒီက သတိထားမိျပီး ဘာစီလိုနာအသင္းထံ ေခၚယူခဲ့ပါတယ္။ ကမာၻ႔ဖလားျပိဳင္ပြဲသမိုင္းမွာဆီနီေဂါလက္ေရြးစင္အသင္းနဲ႔အတူ အသက္အငယ္ဆံုး အာဖရီကန္ ဂိုးသြင္းသူအျဖစ္မွတ္တမ္း၀င္ထားသူျဖစ္ပါတယ္။ သူ႔ကို ဗယ္လ္ဗာဒီက ေရရွည္စီမံကိန္းအတြက္ ရည္ရြယ္ေခၚယူခဲ့တာျဖစ္လို႔ လာမယ့္ႏွစ္မွာေတာ့ ဘာစီလိုနာမွာ ေသခ်ာေပါက္ အခြင့္အေရးရလာမယ့္သူျဖစ္ပါတယ္။

(၃) မက္စ္ကူကူရယ္လာ (၂၀ႏွစ္)

အသက္အရြယ္အရ ေဂ်ာ္ဒီအယ္လ္ဘာဟာ လာမယ့္ရာသီမွာ ဘာစီလိုနာအတြက္ အခ်ိန္ျပည့္ကစားႏိုင္ဖို႔ မေသခ်ာေတာ့ပါဘူး။ ေနာက္တစ္ခ်က္က ျပီးခဲ့တဲ့ ရာသီတစ္ေလ်ာက္ဘာစီလိုနာအသင္း ေပးခဲ့ရတဲ့ ေပးဂိုးေတြမွာ သူ႔ရဲ႕ေပါ့ဆမႈေၾကာင့္ေပးခဲ့ရတဲ့ ဂိုးအေရအတြက္က ေတာ္ေတာ္မ်ားခဲ့ပါတယ္။ ဒါေၾကာင့္ သူ႔ေနရာအတြက္အစားထိုးမယ္ဆိုရင္ မက္စ္ကူကူရယ္လာဆိုတဲ့ လူငယ္ကစားသမားတစ္ဦးကေတာ့ အဆင္သင့္ရွိေနပါတယ္။ ကူကူရယ္လာဟာ အသက္(၁၃)ႏွစ္အရြယ္မွာ အက္စ္ပန္ညိဳ အသင္းကေန ဘာစီလိုနာအကယ္ဒမီထံ ေျပာင္းေရႊ႕ေရာက္ရွိလာခဲ့သူလည္းျဖစ္ပါတယ္။ ဘာစီလိုနာ (B)အသင္းမွာ (၅၄)ပြဲကစားခဲ့ျပီး၊ စပိန္ယူ(၁၆)ကေန ယူ(၂၀)အထိ လက္ေရြးစင္အသင္း အဆင့္ဆင့္မွာလည္း ေရြးခ်ယ္ခံခဲ့ရသူတစ္ေယာက္ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာ ဘာစီလိုနာဟာ သူ႔ကို အက္စ္ဒီ အီဘာအသင္းထံအငွားခ်ထားခဲ့ျပီး၊ စြမ္းေဆာင္ရည္ေကာင္းေတြျပသထားႏိုင္တာေၾ႕ာင့္ အခုအခ်ိန္မွာေတာ့ အသင္းထံျပန္ေခၚဖို႔ အသင့္ေတာ္ဆံုးပါပဲ။

လူညိဳေခ်ာ@SportsGabar

unicode

လာမယ့်နှစ်ဘာစီလိုနာမှာနေရာရလာနိုင်တဲ့လူငယ်ကစားသမား(၃)ယောက်

လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးဘောလုံးအကယ်ဒမီကိုပြောပါဆိုရင် အားလုံးဟာ တညီတညွတ်တည်း လာမာစီယာအကယ်ဒမီပါလို့ ဝိုင်းဝန်းထောက်ခံကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဘာစီလိုနာအသင်းရဲ့လာမာစီယာအကယ်ဒမီဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ပီကေး၊ ပွေရိုး၊ ဘက်စကွက် တို့လို ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကစားသမားတွေခေတ်ပြီးဆုံးတဲ့ နောက်ပိုင်း နောက်ဆုံး(၅)နှစ်အတွင်းမှာတော့ လာမာစီယာ အကယ်ဒမီကနေ ထူးချွန်စွာထွက်ပေါ်လာခဲ့တဲ့ ကစားသမားဆိုလို့ ဆာဂျီ ရော်ဘက်တို တစ်ယောက်သာ လောကေ်လာက်လားလားရှိခဲ့ပါတယ်။ အကယ်ဒမီထွက်ကစားသမားတွေ နည်းပါးနေတဲ့ အခြေအနေမှာ ဘာစီလိုနာဟာ ဥရောပမှာ ထိပ်တန်းဝင်ဖို့ ငွေကြေးအမြောက်အများအသုံးပြုကာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်နေရပါတယ်။

ဒါပေမဲ့လည်း လာမယ့်ဘောလုံးရာသီ ဘာစီလိုနာအသင်းမှာ တောက်ပလာမယ်လို့ ထင်ကြေးပေးခံထားရတဲ့ ရှားရှားပါးပါးလာမာစီယာအကယ်ဒမီထွက် ကစားသမားတစ်ချို့အပါအဝင် လူငယ်ကစားသမားတွေ ပေါ်ထွက်လာဖို့ ရှိနေပါသေးတယ်။ အဆိုပါကစားသမားလေးတွကတော့-

(၁) အိုရွိုင်ရော်ဘက်စကွက် (၂၀နှစ်)

ကွင်းလယ်ခံစစ်ကစားသမားလေး အိုရွိုင်ရော်ဘက်စကွက် ဟာ စီနီယာကစားသမား ဆာဂျီရိုဘက်စကွက် လက်သစ်လို့ထင်ကြေးပေးခံနေရသူဖြစ်ပါတယ်။ အရပ်အမောင်းအားဖြင့်လည်း (၆)ပေ (၁)လက်မအထိ မြင့်မားပြီးတော့၊ ဘက်စကွက်ထက် (၁)လက်မသာ နိမ့်တဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားပါတယ်။ ဘာစီလိုနာ (B) အသင်းမှာ (၅၄)ပွဲကစားပေးခဲ့ပြီးဖြစ်တဲ့ ဘက်စကွက်ဟာ စပိန်ယူ(၁၆)ကနေယူ(၁၉)အထိ သက်တမ်းအလိုက်လက်ရွေးစင်အသင်းတွေမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဘက်စကွက်ဟာ (၃)လကျော်လောက်အနားယူခဲ့ရတဲ့ ဒဏ်ရာမရမီ (၂၀၁၇)ခုနှစ်က ဘာစီလိုနာအသင်းကြီးအတွက် ဝင်ရောက်ကစားခဲ့ဖူးပါတယ်။ လာမယ့်နှစ်တွေမှာတော့ ဘာစီလိုနာဟာ သူ့ကို ဆာဂျီယို ဘက်စကွက်နေရာမှာ သေချာပေါက် အစားထိုးပါလိမ့်မယ်။

(၂) မော်ဆာဝါဂူး (၂၀နှစ်)

လက်ရှိ ဘာစီလိုနာရဲ့ ညာနောက်ခံလူနေရာအတွက် စပယ်ရှယ်လစ်ကစားသမားဆိုလို့ ပေါ်တူဂီလက်ရွေးစင် နယ်လ်ဆွန်ဆီမီဒို တစ်ဦးသာရှိပါတယ်။ မော်ဆာဝါဂူးဟာ ကာတာမှာရှိတဲ့ အက်စ်ပိုင်းယား အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး (၂၀၁၇)ခုနှစ်မှာ ဘယ်လ်ဂျီယံကလပ်၊ ကပ်စ်အူပန်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် (၂၀၁၈)နွေမှာတော့ သူ့ကို နည်းပြ ဗယ်လ်ဗာဒီက သတိထားမိပြီး ဘာစီလိုနာအသင်းထံ ခေါ်ယူခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာဆီနီဂေါလက်ရွေးစင်အသင်းနဲ့အတူ အသက်အငယ်ဆုံး အာဖရီကန် ဂိုးသွင်းသူအဖြစ်မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ သူ့ကို ဗယ်လ်ဗာဒီက ရေရှည်စီမံကိန်းအတွက် ရည်ရွယ်ခေါ်ယူခဲ့တာဖြစ်လို့ လာမယ့်နှစ်မှာတော့ ဘာစီလိုနာမှာ သေချာပေါက် အခွင့်အရေးရလာမယ့်သူဖြစ်ပါတယ်။

(၃) မက်စ်ကူကူရယ်လာ (၂၀နှစ်)

အသက်အရွယ်အရ ဂျော်ဒီအယ်လ်ဘာဟာ လာမယ့်ရာသီမှာ ဘာစီလိုနာအတွက် အချိန်ပြည့်ကစားနိုင်ဖို့ မသေချာတော့ပါဘူး။ နောက်တစ်ချက်က ပြီးခဲ့တဲ့ ရာသီတစ်လျောက်ဘာစီလိုနာအသင်း ပေးခဲ့ရတဲ့ ပေးဂိုးတွေမှာ သူ့ရဲ့ပေါ့ဆမှုကြောင့်ပေးခဲ့ရတဲ့ ဂိုးအရေအတွက်က တော်တော်များခဲ့ပါတယ်။ ဒါကြောင့် သူ့နေရာအတွက်အစားထိုးမယ်ဆိုရင် မက်စ်ကူကူရယ်လာဆိုတဲ့ လူငယ်ကစားသမားတစ်ဦးကတော့ အဆင်သင့်ရှိနေပါတယ်။ ကူကူရယ်လာဟာ အသက်(၁၃)နှစ်အရွယ်မှာ အက်စ်ပန်ညို အသင်းကနေ ဘာစီလိုနာအကယ်ဒမီထံ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူလည်းဖြစ်ပါတယ်။ ဘာစီလိုနာ (B)အသင်းမှာ (၅၄)ပွဲကစားခဲ့ပြီး၊ စပိန်ယူ(၁၆)ကနေ ယူ(၂၀)အထိ လက်ရွေးစင်အသင်း အဆင့်ဆင့်မှာလည်း ရွေးချယ်ခံခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာဟာ သူ့ကို အက်စ်ဒီ အီဘာအသင်းထံအငှားချထားခဲ့ပြီး၊ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်တာေြ့ာင့် အခုအချိန်မှာတော့ အသင်းထံပြန်ခေါ်ဖို့ အသင့်တော်ဆုံးပါပဲ။

လူညိုချော@SportsGabar