အီတလီေျမကိုလြမ္းဆြတ္ေနတ့ဲ ေတာ္ရဲရား

အာဆင္နယ္အသင္းရဲ႕ကြင္းလယ္ကစားသမားေတာ္ရဲရားဟာ စီးရီးေအကလပ္ ေအစီမီလန္ကိုေျပာင္းေရႊ႕ဖြယ္ရွိေနတယ္လို႔သိရပါတယ္။ ဒီရက္ပိုင္းက အင္တာဗ်ဳးတစ္ခုမွာ ေတာ္ရဲရားက သူ႔ရဲ႕အေျခအေနေတြနဲ႔ပတ္သက္ျပီး၊ အာဆင္နယ္ပရိသတ္ေတြ စိတ္မသက္သာျဖစ္ေစမယ့္ စကားတစ္ခ်ိဳ႕ကိုေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

ေတာ္ရဲရားဟာ ျပီးခ့ဲတ့ဲေႏ႔ေစ်းကြက္ကမွ အီတလီကလပ္ ဆမ္ဒိုးရီးယားကေန အာဆင္နယ္ကိုေျပာင္းေရႊ႕ခ့ဲတာျဖစ္ျပီး၊ ဒီရာသီမွာ အာဆင္နယ္အသင္းအတြက္ေကာင္းမြန္တ့ဲ ေျခစြမ္းေတြကိုျပသထားႏုိင္ခ့ဲတ့ဲ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ေတာ္ရဲရားဟာ အာဆင္နယ္မွာ ကြင္းအတြင္းစြမ္းေဆာင္ရည္ေတြေကာင္းမြန္ေပမ့ဲ ျပင္ပ လူေနမႈဘ၀မွာ အဂၤလန္နဲ႔အသားက်ဖို႔ အေတာ္ေလးရုန္းကန္ေနရပါတယ္။

အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ အိုေဇးလ္ဟာေျခစြမ္းပိုင္းတည္ျငိမ္မႈမရွိတာေၾကာင့္ အာဆင္နယ္အေနနဲ႔ေတာ္ရဲရားကိုသာလက္လႊတ္ရမယ္ဆိုရင္ လာမယ့္ရာသီမွာ အသင္းရဲ႕ကြင္းလယ္ပိုင္းက အားနည္းခ်က္ေတြရွိလာမွာ ပဲျဖစ္ပါတယ္။ ေတာ္ရဲရားက” ဒီေနရာမွာ ကၽြန္ေတာ္သေဘာက်တ့ဲအရာေတြအမ်ာၾကီးရွိရဲ႕လားဆိုတာမသိပါဘူး၊ အီတလီမွာ ပိုေကာင္းမြန္ခ့ဲတယ္လို႔ ကၽြန္တာ္ထင္ပါတယ္၊ အဂၤလန္က အလြန္ၾကီးမားတ့ဲႏိုင္ငံတစ္ခုျဖစ္ျပီးေတာ့ တကယ္ကိုကြဲျပားတ့ဲ ကမာၻတစ္ခု

ပါပဲ၊ အသင္းေဖာ္ေတြ၊ လူေတြနဲ႔စကားေျပာဆိုဖို႔ အတြက္ ဘာသာ စကားအခက္အခဲရွိပါတယ္၊ ေျပာစရာစကားလံုးေတြရွာမရတ့ဲအခ်ိန္ဆို တကယ္ကိုခက္ခဲပါတယ္၊ ေနာက္ျပီး အဂၤလန္ရဲ႕ရာသီဥတုကလည္း အီတလီနဲ႔အရမ္းကြဲျပားပါတယ္၊ ဒီမွာက တစ္ေနကုန္ကို ရာသီဥတုက အံု႔မိႈင္းေနတာေလ၊ ဒါေပမ့ဲ တစ္ႏွစ္ေလာက္ေနျပီးတ့ဲေနာက္ေတာ့ က်င့္သားရသြားသလိုေတာ့ရွိပါတယ္ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ေတာ္ရဲရားတစ္ေယာက္ အဂၤလန္ရဲ႕ဘာသာစကား၊ရာသီဥတုအေျခအေနေတြၾကားမွာ အသားက်ဖို႔ရုန္းကန္ေနရျပီး၊ အီတလီေ့မကိုပဲ ျပန္ခ်င္ေနပံုရပါတယ္။ ေတာ္ရဲရားကိုေခၚယူဖို႔ ေအစီမီလန္ကလည္း စိတ္၀င္စားေနတာျဖစ္ျပီး၊ တကယ္ပဲေျပာင္းေျပာင္းေရႊ႕ျဖစ္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အီတလီမြေကိုလွမ်းဆွတ်နေတဲ့ တော်ရဲရား

အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမားတော်ရဲရားဟာ စီးရီးအေကလပ် အေစီမီလန်ကိုပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့သိရပါတယ်။ ဒီရက်ပိုင်းက အင်တာဗျုးတစ်ခုမှာ တော်ရဲရားက သူ့ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး၊ အာဆင်နယ်ပရိသတ်တွေ စိတ်မသက်သာဖြစ်စေမယ့် စကားတစ်ချို့ကိုပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

တော်ရဲရားဟာ ပြီးခဲ့တဲ့နေ့ဈေးကွက်ကမှ အီတလီကလပ် ဆမ်ဒိုးရီးယားကနေ အာဆင်နယ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး၊ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက်ကောင်းမွန်တဲ့ ခြေစွမ်းတွေကိုပြသထားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ တော်ရဲရားဟာ အာဆင်နယ်မှာ ကွင်းအတွင်းစွမ်းဆောင်ရည်တွေကောင်းမွန်ပေမဲ့ ပြင်ပ လူနေမှုဘဝမှာ အင်္ဂလန်နဲ့အသားကျဖို့ အတော်လေးရုန်းကန်နေရပါတယ်။

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ဟာခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိတာကြောင့် အာဆင်နယ်အနေနဲ့တော်ရဲရားကိုသာလက်လွှတ်ရမယ်ဆိုရင် လာမယ့်ရာသီမှာ အသင်းရဲ့ကွင်းလယ်ပိုင်းက အားနည်းချက်တွေရှိလာမှာ ပဲဖြစ်ပါတယ်။ တော်ရဲရားက” ဒီနေရာမှာ ကျွန်တော်သဘောကျတဲ့အရာတွေအမျာကြီးရှိရဲ့လားဆိုတာမသိပါဘူး၊ အီတလီမှာ ပိုကောင်းမွန်ခဲ့တယ်လို့ ကျွန်တာ်ထင်ပါတယ်၊ အင်္ဂလန်က အလွန်ကြီးမားတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့ တကယ်ကိုကွဲပြားတဲ့ ကမ္ဘာတစ်ခု

ပါပဲ၊ အသင်းဖော်တွေ၊ လူတွေနဲ့စကားပြောဆိုဖို့ အတွက် ဘာသာ စကားအခက်အခဲရှိပါတယ်၊ ပြောစရာစကားလုံးတွေရှာမရတဲ့အချိန်ဆို တကယ်ကိုခက်ခဲပါတယ်၊ နောက်ပြီး အင်္ဂလန်ရဲ့ရာသီဥတုကလည်း အီတလီနဲ့အရမ်းကွဲပြားပါတယ်၊ ဒီမှာက တစ်နေကုန်ကို ရာသီဥတုက အုံ့မှိုင်းနေတာလေ၊ ဒါပေမဲ့ တစ်နှစ်လောက်နေပြီးတဲ့နောက်တော့ ကျင့်သားရသွားသလိုတော့ရှိပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

တော်ရဲရားတစ်ယောက် အင်္ဂလန်ရဲ့ဘာသာစကား၊ရာသီဥတုအခြေအနေတွေကြားမှာ အသားကျဖို့ရုန်းကန်နေရပြီး၊ အီတလီေ့မကိုပဲ ပြန်ချင်နေပုံရပါတယ်။ တော်ရဲရားကိုခေါ်ယူဖို့ အေစီမီလန်ကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး၊ တကယ်ပဲပြောင်းပြောင်းရွှေ့ဖြစ်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar