စီေရာ္နယ္ဒိုပါ၀င္မွာမဟုတ္တ့ဲ ရာမို႔စ္ရ႕ဲအာ၀ါဟ၀ိ၀ါဟအခမ္းအနား

သီးခ်ိန္တန္သီး၊ ပြင့္ခ်ိန္တန္ပြင့္ဆိုတ့ဲ ျမန္မာဆိုရိုးကားအတိုင္း ရီးရဲလ္မက္ဒရစ္နဲ႔ စပိန္အသင္းေနာက္ခံလူ ရာမို႔စ္ဟာ ကာလရွည္လက္တြဲခ့ဲတ့ဲ ခ်စ္သူ စပိန္တီဗီအစီအစဥ္တစ္ခုရဲ႕အစီအစဥ္တင္ဆက္သူ ပီလာ ရူဘီယိုနဲ႔ ဒီအပတ္ထဲမွာပဲ ဆီဗီလာျမိဳ႕က ဘုရားေက်ာင္းတစ္ခုမွာ မဂၤလာေဆာင္ေတာ့မယ္လို႔သိရပါတယ္။

အဆိုပါ မဂၤလာေဆာင္အခမ္းအနားကုိတက္ေရာက္ဖို႔ ရာမို႔စ္ဟာ ဧည့္ပရိသတ္ေပါင္း(၅၀၀)ကိုဖိတ္ၾကားတယ္လို႔သိရပါတယ္။ ရာမို႔စ္ရဲ႕ဖိတ္ၾကားထားတ့ဲဧည့္သည္ေတာ္မ်ားစာရင္းမွာ ဘာစီလိုနာကစားသမားေတြျဖစ္တ့ဲ ေဂ်ာ္ဒီအယ္လ္ဘာ၊ပီေကး၊ ရီးရဲလ္ကစားသမားေဟာင္းျဖစ္တ့ဲ ေဒးဗစ္ဘတ္ခမ္း၊ လက္ရွိအသင္းရဲ႕ကစားေဖာ္ေတြျဖစ္ၾကတ့ဲ လူးကပ္စ္ ဗတ္စကြက္ဇ္၊ နာဗက္နဲ႔ မိုဒရစ္တို႔ပါ၀င္ေနျပီး၊ အသင္းနည္းျပဇီဒန္းနဲ႔ အသင္းဥကၠဌ ပီရက္တို႔လည္းပါ၀င္ခ့ဲပါတယ္။

ဒါေပမ့ဲ ထူးထူးျခားျခား ရီးရဲလ္အသင္းမွာ(၉)ႏွစ္ၾကာအတူတြဲကစားခ့ဲၾကတ့ဲ စီေရာ္နယ္ဒိုကုိေတာ့ ရာမို႔စ္အေနနဲ႔ဖိတ္ၾကားခ့ဲျခင္းမရွိဘူးလို႔သတင္းေတြအရ သိရပါတယ္။ ရာမို႔စ္ဟာစီေရာ္နယ္ဒိုကိုဘာေၾကာင့္ မဖိတ္ၾကားခ့ဲတာလဲဆိုတ့ဲအေၾကာင္းအရင္းေတြကိုေတာ့ ေသေသခ်ာခ်ာမသိရပါဘူး။ ရာမို႔စ္နဲ႔ စီေရာ္နယ္ဒိုတို႔ဟာ အခ်ိန္ေတြအၾကားၾကီးတြဲကစားခ့ဲတာျဖစ္ျပီး၊ ရာမို႔စ္ကေတာ့ သူ႔ရဲ႕မဂၤလာေဆာင္ကို စီေရာ္နယ္ဒိုမပါပဲ က်င္းပေတာ့မွာျဖစ္ပါတယ္။

ရာမို႔စ္ဟာ သူ႔ရဲ႕မဂၤလာေဆာင္အခမ္းအနားကို ရီးရဲလ္ဂိုးသမာေဟာင္း ကာဆီးလ္လက္စ္ကိုလည္းဖိတ္ၾကားထားခ့ဲတယ္လုိ႔သိရပါတယ္။ ကာဆီးလ္လက္စ္က ျပီးခ့ဲတ့ဲအေစာပိုင္းလတုန္းက ေပၚတိုအသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းရင္း အေမာေဖာက္ကာေဆးရံုကိုအေရးေပၚတင္ခ့ဲရတ့ဲသူျဖစ္ျပီး၊ ရာမို႔စ္ရဲ႕အာ၀ါဟ၀ိ၀ါဟ အခမ္းအနားကို တက္ေရာက္ဖို႔မေသခ်ာဘူးလို႔သိရပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

စီရော်နယ်ဒိုပါဝင်မှာမဟုတ်တဲ့ ရာမို့စ်ရဲ့အာဝါဟဝိဝါဟအခမ်းအနား

သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ဆိုတဲ့ မြန်မာဆိုရိုးကားအတိုင်း ရီးရဲလ်မက်ဒရစ်နဲ့ စပိန်အသင်းနောက်ခံလူ ရာမို့စ်ဟာ ကာလရှည်လက်တွဲခဲ့တဲ့ ချစ်သူ စပိန်တီဗီအစီအစဉ်တစ်ခုရဲ့အစီအစဉ်တင်ဆက်သူ ပီလာ ရူဘီယိုနဲ့ ဒီအပတ်ထဲမှာပဲ ဆီဗီလာမြို့က ဘုရားကျောင်းတစ်ခုမှာ မင်္ဂလာဆောင်တော့မယ်လို့သိရပါတယ်။

အဆိုပါ မင်္ဂလာဆောင်အခမ်းအနားကိုတက်ရောက်ဖို့ ရာမို့စ်ဟာ ဧည့်ပရိသတ်ပေါင်း(၅၀၀)ကိုဖိတ်ကြားတယ်လို့သိရပါတယ်။ ရာမို့စ်ရဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များစာရင်းမှာ ဘာစီလိုနာကစားသမားတွေဖြစ်တဲ့ ဂျော်ဒီအယ်လ်ဘာ၊ပီကေး၊ ရီးရဲလ်ကစားသမားဟောင်းဖြစ်တဲ့ ဒေးဗစ်ဘတ်ခမ်း၊ လက်ရှိအသင်းရဲ့ကစားဖော်တွေဖြစ်ကြတဲ့ လူးကပ်စ် ဗတ်စကွက်ဇ်၊ နာဗက်နဲ့ မိုဒရစ်တို့ပါဝင်နေပြီး၊ အသင်းနည်းပြဇီဒန်းနဲ့ အသင်းဥက္ကဌ ပီရက်တို့လည်းပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ထူးထူးခြားခြား ရီးရဲလ်အသင်းမှာ(၉)နှစ်ကြာအတူတွဲကစားခဲ့ကြတဲ့ စီရော်နယ်ဒိုကိုတော့ ရာမို့စ်အနေနဲ့ဖိတ်ကြားခဲ့ခြင်းမရှိဘူးလို့သတင်းတွေအရ သိရပါတယ်။ ရာမို့စ်ဟာစီရော်နယ်ဒိုကိုဘာကြောင့် မဖိတ်ကြားခဲ့တာလဲဆိုတဲ့အကြောင်းအရင်းတွေကိုတော့ သေသေချာချာမသိရပါဘူး။ ရာမို့စ်နဲ့ စီရော်နယ်ဒိုတို့ဟာ အချိန်တွေအကြားကြီးတွဲကစားခဲ့တာဖြစ်ပြီး၊ ရာမို့စ်ကတော့ သူ့ရဲကမင်္ဂလာဆောင်ကို စီရော်နယ်ဒိုမပါပဲ ကျင်းပတော့မှာဖြစ်ပါတယ်။

ရာမို့စ်ဟာ သူ့ရဲ့မင်္ဂလာဆောင်အခမ်းအနားကို ရီးရဲလ်ဂိုးသမာဟောင်း ကာဆီးလ်လက်စ်ကိုလည်းဖိတ်ကြားထားခဲ့တယ်လို့သိရပါတယ်။ ကာဆီးလ်လက်စ်က ပြီးခဲ့တဲ့အစောပိုင်းလတုန်းက ပေါ်တိုအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းရင်း အမောဖောက်ကာဆေးရုံကိုအရေးပေါ်တင်ခဲ့ရတဲ့သူဖြစ်ပြီး၊ ရာမို့စ်ရဲ့အာဝါဟဝိဝါဟ အခမ်းအနားကို တက်ရောက်ဖို့မသေချာဘူးလို့သိရပါတယ်။

Sirဇော်ကြီး@SportsGabar