ဖီခါအတြက္ေပါင္(၄၅)သန္းေပးေခ်ရမယ့္လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ ရုရွားကမာၻ႔ဖလားျပိဳင္ပြဲျပီးကတည္းက ၄င္းတို႔စိတ္၀င္စားေနတဲ့ လိုင္ယြန္အသင္းရဲ႕ ျပင္သစ္ကြင္းလယ္တိုက္စစ္မွဴး ဖီခါကို တစ္ရာသီအတြက္ ေပါင္ (၃.၅)သန္းပက္လည္တန္ေၾကးရွိ (၅)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ကမ္းလွမ္းသြားမယ္လို႔သိရပါတယ္။

ဖီခါဟာ ျပီးခဲ့တဲ့ေဘာလံုးရာသီက လိုင္ယြန္အတြက္ စုစုေပါင္းကစားခဲ့တဲ့ (၃၉)ပြဲမွာ (၁၂)ဂိုးသြင္းယူေပးထားျပီး၊ (၉) ၾကိမ္ ဂိုးဖန္တီးထားကာ လိုင္ယြန္ကို ပီအက္စ္ဂ်ီနဲ႔ လိုင္လီတို႔ရဲ႕ေနာက္ ျပင္သစ္လီဂူးအဆင့္ (၃)ေနရာမွာ ရပ္တည္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့လည္း အဲဒီ့အရင္ႏွစ္ေဘာလံုးရာသီက ကစားခဲ့တဲ့ စုစုေပါင္း ပြဲ(၄၀)မွာ (၂၃)ဂိုးသြင္းကာ၊ ဂိုးဖန္တီးမႈ (၈)ၾကိမ္အထိ ရွိခဲ့တဲ့အတြက္ ဖီခါရဲ႕ဒီႏွစ္စြမ္းေဆာင္ရည္ဟာ အနည္းငယ္ က်ဆင္းေနတယ္လို႔ ေျပာရမွာပါ။ ဒါေပမဲ့ လီဗာပူးလ္နည္းျပ ဂ်ာဂင္ကေလာ့ကေတာ့ ဖီခါရဲ႕ႏွစ္စဥ္ပံုမွန္ေျခစြမ္းတည္ျငိမ္မႈရွိျခင္းကို သေဘာက်ေနခဲ့ျပီး၊ အန္ဖီးလ္ထံအရေခၚယူဖို႔ ျပင္ဆင္ေနခဲ့တာပါ။

ဒါ့အျပင္ နည္းျပဂ်ာဂင္ကေလာ့ဟာ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈရခဲ့တဲ့ လူစာရင္းအေပၚမွာ ေက်နပ္တင္းတိမ္မေနဘဲ ထပ္ေလာင္း အားျဖည့္မႈေတြျပဳလုပ္ဖို႔အတြက္ ဖီခါကို ခ်ိတ္ဆက္ေနခဲ့တာျဖစ္ေပမဲ့ ၾကိဳးၾကာနီတို႔ဟာ ရာသီအေစာပိုင္းက ရရွိခဲ့တဲ့ ဖီခါရဲ႕ ဒူးဒဏ္ရာ ခြဲစိတ္ကုသမႈအေပၚမွာေတာ့ အနည္းငယ္သကၤာမကင္းျဖစ္ေနတယ္လို႔သိရပါတယ္။

လိုင္ယြန္ဥကၠဌ မိုက္ကယ္အူလပ္ကေတာ့ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာက်န္ရွိေတာ့တဲ့ အသက္ (၂၅)ႏွစ္အရြယ္ ဖီခါအတြက္ အနည္းဆံုး ေပါင္ (၄၅)သန္းခန္႔အလိုရွိေနျပီး၊ လီဗာပူးလ္အေနနဲ႔ အဲဒီႏႈန္းထားပမာဏနဲ႔ ကမ္းလွမ္းလာပါက ျပင္သစ္ကလပ္ဟာ ဖီခါကို ခ်က္ခ်င္းေရာင္းထုတ္သြားဖို႔ အသင့္ရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဖီခါအတွက်ပေါင်(၄၅)သန်းပေးချေရမယ့်လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက ၎င်းတို့စိတ်ဝင်စားနေတဲ့ လိုင်ယွန်အသင်းရဲ့ ပြင်သစ်ကွင်းလယ်တိုက်စစ်မှူး ဖီခါကို တစ်ရာသီအတွက် ပေါင် (၃.၅)သန်းပက်လည်တန်ကြေးရှိ (၅)နှစ်စာချုပ် ချုပ်ဆိုဖို့ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

ဖီခါဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက လိုင်ယွန်အတွက် စုစုပေါင်းကစားခဲ့တဲ့ (၃၉)ပွဲမှာ (၁၂)ဂိုးသွင်းယူပေးထားပြီး၊ (၉) ကြိမ် ဂိုးဖန်တီးထားကာ လိုင်ယွန်ကို ပီအက်စ်ဂျီနဲ့ လိုင်လီတို့ရဲ့နောက် ပြင်သစ်လီဂူးအဆင့် (၃)နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီ့အရင်နှစ်ဘောလုံးရာသီက ကစားခဲ့တဲ့ စုစုပေါင်း ပွဲ(၄၀)မှာ (၂၃)ဂိုးသွင်းကာ၊ ဂိုးဖန်တီးမှု (၈)ကြိမ်အထိ ရှိခဲ့တဲ့အတွက် ဖီခါရဲ့ဒီနှစ်စွမ်းဆောင်ရည်ဟာ အနည်းငယ် ကျဆင်းနေတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ကတော့ ဖီခါရဲ့နှစ်စဉ်ပုံမှန်ခြေစွမ်းတည်ငြိမ်မှုရှိခြင်းကို သဘောကျနေခဲ့ပြီး၊ အန်ဖီးလ်ထံအရခေါ်ယူဖို့ ပြင်ဆင်နေခဲ့တာပါ။

ဒါ့အပြင် နည်းပြဂျာဂင်ကလော့ဟာ ချန်ပီယံလိဂ်အောင်မြင်မှုရခဲ့တဲ့ လူစာရင်းအပေါ်မှာ ကျေနပ်တင်းတိမ်မနေဘဲ ထပ်လောင်း အားဖြည့်မှုတွေပြုလုပ်ဖို့အတွက် ဖီခါကို ချိတ်ဆက်နေခဲ့တာဖြစ်ပေမဲ့ ကြိုးကြာနီတို့ဟာ ရာသီအစောပိုင်းက ရရှိခဲ့တဲ့ ဖီခါရဲ့ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုအပေါ်မှာတော့ အနည်းငယ်သင်္ကာမကင်းဖြစ်နေတယ်လို့သိရပါတယ်။

လိုင်ယွန်ဥက္ကဌ မိုက်ကယ်အူလပ်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့တဲ့ အသက် (၂၅)နှစ်အရွယ် ဖီခါအတွက် အနည်းဆုံး ပေါင် (၄၅)သန်းခန့်အလိုရှိနေပြီး၊ လီဗာပူးလ်အနေနဲ့ အဲဒီနှုန်းထားပမာဏနဲ့ ကမ်းလှမ်းလာပါက ပြင်သစ်ကလပ်ဟာ ဖီခါကို ချက်ချင်းရောင်းထုတ်သွားဖို့ အသင့်ရှိနေပါတယ်။

လူညိုချော@SportsGabar