ဂါရက္ေဘးလ္နဲ႔ပတ္သက္ျပီးျပတ္ျပတ္သားသားေျပာၾကားလိုက္တ့ဲမန္ယူႏိုက္တက္

မန္ယူႏိုက္တက္ဟာ ရီးရဲလ္တိုက္စစ္မွဴးဂါရက္ေဘးလ္ကိုေခၚယူဖို႔ျပင္ဆင္ေတနတယ္ဆိုျပီး သတင္းေတြထြက္ေပၚလ်က္ရွိေနပါတယ္။ ဒါနဲ႔ပတ္သက္ျပီး မန္ယူႏိုက္တက္အသင္းက ျပတ္သားတ့ဲေျပာဆိုမႈေတြျပဳလုပ္သြားခ့ဲပါတယ္။

ရီးရဲလ္အသင္းရဲ႕တစ္ေက်ာ့ျပန္နည္းျပ ဇီဒန္းက ရီးရဲလ္မက္ဒရစ္မွာ ေဘးလ္ရဲ႕အနာဂတ္ဟာမရွိေတာ့ဘူးလို႔ေျပာၾကားခ့ဲျပီးတ့ဲေနာက္ပိုင္းမွာ မန္ယူႏိုက္တက္နဲ႔ ေဘးလ္တို႔ရဲ႕အေျပာင္းအေရႊ႕သတင္းေတြဟာ ထြက္လာခ့ဲတာျဖစ္ျပီး၊ ဒီလိုအေျခအေနမွာ မန္ယူႏိုက္တက္ဘက္က ျငင္းခ်က္ထုက္သြားခ့ဲတာလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ မန္ယူႏိုက္တက္ကြင္းလယ္လူေပါ့ဘာကိုစိတ္၀င္စားေနတာျဖစ္ျပီး၊ ေပါ့ဘာကိုေခၚယူဖို႔အတြက္ ေဘးလ္ကိုအသံုးျပဳသြားဖို႔စီစဥ္ေနတာလည္းျဖစ္ပါတယ္။ ဒါေပမ့ဲ မန္ယူနိုက္တက္ရဲ႕အမႈေဆာင္ခ်ဳပ္ အက္၀ုဒ္၀က္ကေတာ့ ရီးရဲလ္အသင္းရဲ႕သေဘာကိုျငင္းဆန္သြားခ့ဲျပီး၊ ေဘးလ္နဲ႔ပတ္သက္ျပီးေတာ့လည္း ေဆြးေႏြးဖို႔ကိုပယ္ခ်သြားခ့ဲတယ္လို႔သိရပါတယ္။

သတင္းေတြအရ မန္ယူႏိုက္တက္ဆိုးလ္ရွားကလည္း ရီးရဲလ္ကစိ္တ္၀င္စားေနတ့ဲ ေပါ့ဘာကို ဦးတည္ျပီးမန္ယူႏိုက္တက္ကိုပန္လည္တည္ေဆာက္ဖို႔ ၾကိဳးစားေနတာေၾကာင့္ ေဘးလ္ရဲ႕မန္ယူႏိုက္တက္နဲ႔ပတ္သက္တ့ဲ အေျပာင္းေအရႊ႕ဟာ ျဖစ္လာစရာအေၾကာင္းလည္း ေတာ္ေတာ္ေလးကိုနည္းပါးလ်က္ရွိေနတာလည္းျဖစ္ပါတယ္။ ဒါေပမ့ဲ မန္ယူႏိုက္တက္ဟာ ေပါ့ဘာကိာအသင္းမွာဆက္ရွိေနဖို႔ေမ်ွာ္လင့္ေနေပမ့ဲ ေပါ့ဘာရဲ႕အသင္းေဟာင္းဂ်ဳဗင္တပ္ကလည္း ေပါ့ဘာကိုေခၚယူဖို႔ခ်ိတ္တက္မႈေတြျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။

ယခုႏွစ္အေျပာင္းအေရႊ႕ေစ်းကြက္ဟာစိတ္လႈပ္ရွားစရာေတြနဲ႔ျပည့္ႏွက္ေနျပီး၊ ဘာေတြဆက္ျဖစ္သြားမလဲဆိုတာကေတာ့ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဂါရက်ဘေးလ်နဲ့ပတ်သက်ပြီးပြတ်ပြတ်သားသားပြောကြားလိုက်တဲ့မန်ယူနိုက်တက်

မန်ယူနိုက်တက်ဟာ ရီးရဲလ်တိုက်စစ်မှူးဂါရက်ဘေးလ်ကိုခေါ်ယူဖို့ပြင်ဆင်တေနတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး မန်ယူနိုက်တက်အသင်းက ပြတ်သားတဲ့ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။

ရီးရဲလ်အသင်းရဲ့တစ်ကျော့ပြန်နည်းပြ ဇီဒန်းက ရီးရဲလ်မက်ဒရစ်မှာ ဘေးလ်ရဲ့အနာဂတ်ဟာမရှိတော့ဘူးလို့ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်းမှာ မန်ယူနိုက်တက်နဲ့ ဘေးလ်တို့ရဲ့အပြောင်းအရွှေ့သတင်းတွေဟာ ထွက်လာခဲ့တာဖြစ်ပြီး၊ ဒီလိုအခြေအနေမှာ မန်ယူနိုက်တက်ဘက်က ငြင်းချက်ထုက်သွားခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာကိုစိတ်ဝင်စားနေတာဖြစ်ပြီး၊ ပေါ့ဘာကိုခေါ်ယူဖို့အတွက် ဘေးလ်ကိုအသုံးပြုသွားဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်ရဲ့အမှုဆောင်ချုပ် အက်ဝုဒ်ဝက်ကတော့ ရီးရဲလ်အသင်းရဲ့သဘောကိုငြင်းဆန်သွားခဲ့ပြီး၊ ဘေးလ်နဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖို့ကိုပယ်ချသွားခဲ့တယ်လို့သိရပါတယ်။

သတင်းတွေအရ မန်ယူနိုက်တက်ဆိုးလ်ရှားကလည်း ရီးရဲလ်ကစိတ်ဝင်စားနေတဲ့ ပေါ့ဘာကို ဦးတည်ပြီးမန်ယူနိုက်တက်ကိုပန်လည်တည်ဆောက်ဖို့ ကြိုးစားနေတာကြောင့် ဘေးလ်ရဲ့မန်ယူနိုက်တက်နဲ့ပတ်သက်တဲ့ အပြောင်းအေရွှ့ဟာ ဖြစ်လာစရာအကြောင်းလည်း တော်တော်လေးကိုနည်းပါးလျက်ရှိနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်ဟာ ပေါ့ဘာကိာအသင်းမှာဆက်ရှိနေဖို့မျှော်လင့်နေပေမဲ့ ပေါ့ဘာရဲ့အသင်းဟောင်းဂျုဗင်တပ်ကလည်း ပေါ့ဘာကိုခေါ်ယူဖို့ချိတ်တက်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ယခုနှစ်အပြောင်းအရွှေ့ဈေးကွက်ဟာစိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေပြီး၊ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar