ရီးရဲလ္ၾကယ္စင္စုသစ္ဟာဇက္ကိုခ်ီးက်ဴးခဲ့တဲ့ဂြာဒီယိုလာ

မန္စီးတီးနည္းျပ ပက္ဂြာဒီယိုလာဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ေရာက္ရွိသြားျပီျဖစ္တဲ့ ျပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းကစားသမား အီဒင္ဟာဇက္ကို ခ်ီးက်ဴးေျပာၾကားမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ျပီးခဲ့တဲ့ ရက္ပိုင္းက ဟာဇက္ေရာက္ရွိေၾကာင္းကို တရား၀င္ ေၾကျငာခဲ့ျပီျဖစ္ပါတယ္။ အေျပာင္းအေရႊ႕အတြက္ စုစုေပါင္း ေပါင္သန္း (၁၅၀)နဲ႔အထက္ကုန္က်သြားဖို႔ရွိျပီး ကနဦးအေနနဲ႔ ခ်ဲလ္ဆီးထံကို ေျပာင္းေရႊ႕ေၾကး ေပါင္ (၈၈)သန္းေပးေခ်ခဲ့ျပီးေနာက္ (၅)ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္ကိုခ်ဳပ္ဆိုခဲ့တာပါ။

ဟာဇက္ဟာ ျပီးခဲ့တဲ့ေႏြတုန္းက မန္စီးတီးအသင္းကေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ေသးတယ္လို႔ ေကာလဟာလသဲ့သဲ့ေလးထြက္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ ဟာဇက္ဟာ မန္စီးတီးနည္းျပ ဂြာဒီယိုလာ ႏွစ္သက္တဲ့ကစားသမားလည္း ျဖစ္ျပီး၊ ရီးရဲလ္အေနနဲ႔ သူ႔ကိုေခၚယူႏိုင္ခဲ့တာနဲ႔ပတ္သက္လို႔ ဂြာဒီယိုလာက-

” ဒါဟာ ရီးရဲလ္မက္ဒရစ္အတြက္ အထင္ၾကီးစရာလက္မွတ္ထိုးေခၚယူမႈတစ္ခုပါ၊ ဘာလို႔လဲဆိုေတာ့ ဟာဇက္က ကြ်န္ေတာ္ျမင္ခဲ့ဖူးသမွ် အေကာင္းဆံုးကစားသမားေတြထဲက တစ္ေယာက္ျဖစ္ေနလို႔ပါ ” လို႔ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

အေျပာင္းအေရႊ႕ေစ်းကြက္ထဲ ကစားသမားသစ္ေတြကို ခပ္သြက္သြက္ ေခၚယူေနတဲ့ ရီးရဲလ္မက္ဒရစ္ဟာ ၾကားသပေတးေန႔မွာေတာ့ လက္ရွိအခ်ိန္အထိ သူတို႔ရဲ႕ေစ်းအၾကီးဆံုးနဲ႔ အေကာင္းဆံုးေခၚယူမႈျဖစ္ေနတဲ့ ဟာဇက္ကို ဘာေနဗ်ဴးကြင္းအတြင္း မိတ္ဆက္ပြဲ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ရီးရဲလ်ကြယ်စင်စုသစ် ဟာဇက်ကို ချီးကျူးခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ရောက်ရှိသွားပြီဖြစ်တဲ့ ပြိုင်ဘက် ချဲလ်ဆီးအသင်းကစားသမား အီဒင်ဟာဇက်ကို ချီးကျူးပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဟာဇက်ရောက်ရှိကြောင်းကို တရားဝင် ကြေငြာခဲ့ပြီဖြစ်ပါတယ်။ အပြောင်းအရွှေ့အတွက် စုစုပေါင်း ပေါင်သန်း (၁၅၀)နဲ့အထက်ကုန်ကျသွားဖို့ရှိပြီး ကနဦးအနေနဲ့ ချဲလ်ဆီးထံကို ပြောင်းရွှေ့ကြေး ပေါင် (၈၈)သန်းပေးချေခဲ့ပြီးနောက် (၅)နှစ်သက်တမ်းရှိတဲ့ စာချုပ်ကိုချုပ်ဆိုခဲ့တာပါ။

ဟာဇက်ဟာ ပြီးခဲ့တဲ့နွေတုန်းက မန်စီးတီးအသင်းကခေါ်ယူဖို့ ချိတ်ဆက်ခဲ့သေးတယ်လို့ ကောလဟာလသဲ့သဲ့လေးထွက်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ နောက်ပြီးတော့ ဟာဇက်ဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာ နှစ်သက်တဲ့ကစားသမားလည်း ဖြစ်ပြီး၊ ရီးရဲလ်အနေနဲ့ သူ့ကိုခေါ်ယူနိုင်ခဲ့တာနဲ့ပတ်သက်လို့ ဂွာဒီယိုလာက-

” ဒါဟာ ရီးရဲလ်မက်ဒရစ်အတွက် အထင်ကြီးစရာလက်မှတ်ထိုးခေါ်ယူမှုတစ်ခုပါ၊ ဘာလို့လဲဆိုတော့ ဟာဇက်က ကျွန်တော်မြင်ခဲ့ဖူးသမျှ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်နေလို့ပါ ” လို့ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ထဲ ကစားသမားသစ်တွေကို ခပ်သွက်သွက် ခေါ်ယူနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကြားသပတေးနေ့မှာတော့ လက်ရှိအချိန်အထိ သူတို့ရဲ့ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးခေါ်ယူမှုဖြစ်နေတဲ့ ဟာဇက်ကို ဘာနေဗျူးကွင်းအတွင်း မိတ်ဆက်ပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။

လူညိုချော@SportsGabar