ေဘးလ္ကိုျငင္းဆန္ခဲ့ျပီးေနာက္ယူႏိုက္တက္ဦးစားေပးျဖစ္လာတဲ့တိုက္စစ္အားသန္(၃)ေယာက္

မန္ယူႏိုက္တက္အသင္းဟာ ကာလရွည္ပစ္မွတ္ျဖစ္ခဲ့ဖူးတဲ့ ရီးရဲလ္ကစားသမား ဂါရက္ေဘးလ္ကို လာမယ့္ေႏြမွာ မေခၚယူေတာ့ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ေဘးလ္ဟာ ဒဏ္ရာမၾကာခဏရတက္သလို၊ အသက္အရြယ္အရ ေရရွည္အသံုးျပဳဖို႔အတြက္လည္း မျဖစ္ႏိုင္တာေၾကာင့္ မေခၚေတာ့တာလို႔သိရျပီး၊ ယူႏိုက္တက္ စီအီးအို အက္၀ု၀က္ အေနနဲ႔ ေနာက္ထပ္ဦးစားေပးအျဖစ္ ငယ္ရြယ္တဲ့ တိုက္စစ္ကစားသမားေတြအေပၚ ေျပာင္းလဲပစ္မွတ္ထားလာခဲ့ပါတယ္။

တိုက္စစ္ကစားသမား လူကာကူကလည္း အင္တာမီလန္အသင္းထံေျပာင္းေရႊ႕ဖို႔ တာဆူေနတာနဲ႔အတူ နည္းျပဆိုးလ္ရွားဟာ ယူႏိုက္တက္ ရဲ႕တိုက္စစ္ပိုင္းကိုအားျဖည့္ဖို႔အတြက္ စတင္လႈပ္ရွားေနခဲ့ပါျပီ။ ဒီ့အတြက္ ပထမဦးဆံုး ေျခလွမ္းအျဖစ္ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ဆြမ္ဆီးေတာင္ပံ ကစားသမား ဒန္နီရယ္ဂ်ိမ္းကို လက္မွတ္ထိုး ေခၚယူခဲ့ျပီးျဖစ္ပါတယ္။

အသက္ၾကီးျပီး လစာေငြျမင့္မားစြာေပးေခ်ရမယ့္ ကစားသမားေတြထက္၊ ငယ္ရြယ္ျပီး အရည္အေသြးရွိတဲ့ လူငယ္ေတြကို ေခၚယူေနတဲ့ ယူႏိုက္တက္ရဲ႕မဟာဗ်ဴဟာ နဲ႔လည္း ဂ်ိမ္းဟာ ကိုက္ညီေနပါတယ္။ ေနာက္ထပ္ကိုက္ညီတဲ့ လိုင္လီတိုက္စစ္မွဴး နီကိုးလပ္ပီပီနဲ႔ လိုင္ယြန္ကစားသမား ေမာ္ဆာ ဒန္ဘီလီတို႔ကိုလည္း ယူႏိုက္တက္ဟာ ေခၚယူမယ့္ စာရင္းထဲ ထိပ္ဆံုးက ထည့္သြင္းထားပါတယ္။

ဘယ္ေျခအားသန္တဲ့ ညာျခမ္းတိုက္စစ္ကစားသမား ပီပီဟာ ယူႏိုက္တက္လိုအပ္ေနတဲ့ ေနရာအတြက္လည္း အသင့္ေတာ္ဆံုးျဖည့္ေပးႏိုင္မယ့္သူျဖစ္ေနပါတယ္။ ဆဲလ္တစ္ကစားသမားေဟာင္းျဖစ္တဲ့ လိုင္ယြန္တိုက္စစ္မွဴး ဒန္ဘီလီကေတာ့ အသက္(၂၂)ႏွစ္ အရြယ္သာရွိေသးျပီး၊ ယူႏိုက္တက္အေနနဲ႔ လူကာကူေနရာမွာ တိုက္ရိုက္အစားထိုးဖို႔ ရည္မွန္းထားတာျဖစ္ပါတယ္။

ဘုန္းေမာက္ကြင္းလယ္လူ ရြိဳင္ရယ္ဖေရဇာကလည္း ယူႏိုက္တက္ရဲ႕စာရင္းမွာပါ၀င္ေပမဲ့ ယူႏိုက္တက္မွာ သူ႔လိုပဲ ဘယ္ျခမ္းေတာင္ပံမွာ အားသန္တဲ့ မာရွယ္နဲ႔ ဒန္နီရယ္ဂ်ိမ္းတို႔ ရွိျပီးသားျဖစ္တဲ့အတြက္ ဦးစားေပး ေခၚယူဖို႔ကေတာ့ ၾကန္႔ၾကာေနဦးမွာပဲျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဘေးလ်ကိုငြင်းဆန်ခဲ့ပြီးနောက်ယူနိုက်တက်ဦးစားပေးဖြစ်လာတဲ့တိုက်စစ်အားသန်(၃)ယောက်

မန်ယူနိုက်တက်အသင်းဟာ ကာလရှည်ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ရီးရဲလ်ကစားသမား ဂါရက်ဘေးလ်ကို လာမယ့်နွေမှာ မခေါ်ယူတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘေးလ်ဟာ ဒဏ်ရာမကြာခဏရတက်သလို၊ အသက်အရွယ်အရ ရေရှည်အသုံးပြုဖို့အတွက်လည်း မဖြစ်နိုင်တာကြောင့် မခေါ်တော့တာလို့သိရပြီး၊ ယူနိုက်တက် စီအီးအို အက်ဝုဝက် အနေနဲ့ နောက်ထပ်ဦးစားပေးအဖြစ် ငယ်ရွယ်တဲ့ တိုက်စစ်ကစားသမားတွေအပေါ် ပြောင်းလဲပစ်မှတ်ထားလာခဲ့ပါတယ်။

တိုက်စစ်ကစားသမား လူကာကူကလည်း အင်တာမီလန်အသင်းထံပြောင်းရွှေ့ဖို့ တာဆူနေတာနဲ့အတူ နည်းပြဆိုးလ်ရှားဟာ ယူနိုက်တက် ရဲ့တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် စတင်လှုပ်ရှားနေခဲ့ပါပြီ။ ဒီ့အတွက် ပထမဦးဆုံး ခြေလှမ်းအဖြစ် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆွမ်ဆီးတောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းကို လက်မှတ်ထိုး ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

အသက်ကြီးပြီး လစာငွေမြင့်မားစွာပေးချေရမယ့် ကစားသမားတွေထက်၊ ငယ်ရွယ်ပြီး အရည်အသွေးရှိတဲ့ လူငယ်တွေကို ခေါ်ယူနေတဲ့ ယူနိုက်တက်ရဲ့မဟာဗျူဟာ နဲ့လည်း ဂျိမ်းဟာ ကိုက်ညီနေပါတယ်။ နောက်ထပ်ကိုက်ညီတဲ့ လိုင်လီတိုက်စစ်မှူး နီကိုးလပ်ပီပီနဲ့ လိုင်ယွန်ကစားသမား မော်ဆာ ဒန်ဘီလီတို့ကိုလည်း ယူနိုက်တက်ဟာ ခေါ်ယူမယ့် စာရင်းထဲ ထိပ်ဆုံးက ထည့်သွင်းထားပါတယ်။

ဘယ်ခြေအားသန်တဲ့ ညာခြမ်းတိုက်စစ်ကစားသမား ပီပီဟာ ယူနိုက်တက်လိုအပ်နေတဲ့ နေရာအတွက်လည်း အသင့်တော်ဆုံးဖြည့်ပေးနိုင်မယ့်သူဖြစ်နေပါတယ်။ ဆဲလ်တစ်ကစားသမားဟောင်းဖြစ်တဲ့ လိုင်ယွန်တိုက်စစ်မှူး ဒန်ဘီလီကတော့ အသက်(၂၂)နှစ် အရွယ်သာရှိသေးပြီး၊ ယူနိုက်တက်အနေနဲ့ လူကာကူနေရာမှာ တိုက်ရိုက်အစားထိုးဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

ဘုန်းမောက်ကွင်းလယ်လူ ရွိုင်ရယ်ဖရေဇာကလည်း ယူနိုက်တက်ရဲ့စာရင်းမှာပါဝင်ပေမဲ့ ယူနိုက်တက်မှာ သူ့လိုပဲ ဘယ်ခြမ်းတောင်ပံမှာ အားသန်တဲ့ မာရှယ်နဲ့ ဒန်နီရယ်ဂျိမ်းတို့ ရှိပြီးသားဖြစ်တဲ့အတွက် ဦးစားပေး ခေါ်ယူဖို့ကတော့ ကြန့်ကြာနေဦးမှာပဲဖြစ်ပါတယ်။

လူညိုချော@SportsGabar