မန္စီးတီးကိုေက်ာ္ျဖတ္ႏိုင္ဖို႔လီဗာပူးလ္ေခၚယူရမယ့္ကစားသမား(၃)ဦး

လီဗာပူးလ္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္ျပိဳင္ပြဲမွာ ရမွတ္ေပါင္း(၉၇)မွတ္အထိရခ့ဲေပမ့ဲ မန္စီးတီးအသင္းကိုေက်ာ္ျဖတ္ႏိုင္ျခင္းမရွိပဲ၊ ဒုတိယေနရာနဲ႔သာေက်နပ္ခ့ဲရတာျဖစ္ပါတယ္။ လီဗာပူးလ္ရဲ႕ေျခစြမ္းပိုင္းဟာ အမ်ားၾကီးအျပစ္ေျပာစရာမရွိေပမ့ဲ မန္စီးတီးက(၉၈)မွတ္ရရွိခ့ဲျပီး၊ တစ္မွတ္အသာနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခ့ဲတာလည္းျဖစ္ပါတယ္။

လီဗာပူးလ္ရရွိခ့ဲတ့ဲ ရမွတ္(၉၇)ဟာ အသင္းသမိုင္းတစ္ေလ်ွာက္ အမ်ားဆံုးျဖစ္ခ့ဲေပမ့ဲ မန္စီးတီးအသင္းရဲ႕ေနာက္ေကာက္ခ်ျခင္းကိုခံခ့ဲရတာပဲျဖစ္ပါတယ္။ ဒါေပမ့ဲ လီဗာပူးလ္ဟာ ဒီရာသီမွာ မန္စီးတီးတစ္သင္းထဲကိုသာ ရံႈးနိမ့္ခ့ဲတာလည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္လီောပူးလ္အေနနဲ႔ လာမယ့္ရာသီမွာ မန္စီးတီးကိုေက်ာ္တက္ခ်င္တယ္ဆိုရင္ အသင္းရဲ႕ ကစားသမားအင္အားကိုျဖည့္တင္းဖို႔လိုအပ္ေနျပီး၊ လီဗာပူးလ္အေနနဲ႔ေနာက္ထပ္ကစားသမားသံုးဦးေလာက္ကို ဒီေႏြေစ်းကြက္ထဲမွာ ထပ္ျပီးေခၚယူဖို႔လိုအပ္ေနပါတယ္။ လီဗာပူးလ္ေခၚယူသင့္တ့ဲ ကစားသမား(၃)ဦးကေတာ့…

#၃ ဂ်ိမ္းစ္ မက္ဒီဆင္(လက္စတာ)
ျပီးခ့ဲတ့ဲ ေႏြရာသီအေျပာင္းအေရႊ႕ကာလကမွ ေနာ၀ွစ္ခ်္အသင္းကေန လက္စတာအသင္းဆီသို႕ ေျပာင္းေရႊ႕ေၾကးေပါင္(၂၅)သန္းနဲ႔ေရာက္ရွိခ့ဲတာျဖစ္ျပီး၊ လက္စတာနဲ႔ပထမဆံုးရာသီမွာပဲ ေျခစြမ္းေကာင္းေတြျပသထားႏိုင္ခ့ဲတ့ဲ ကစားသမားတစ္ဦးျဖစ္ပါတယ္။ အသက္(၂၂)ႏွစ္သာရွိေသးျပီးေတာ့ မက္ဒီဆင္က ဂိုးဖန္တီးႏိုင္စြမ္းေကာင္းမြန္တ့ဲကစားသမားတစ္ေယာက္ျဖစ္တာေၾကာင့္ လီဗာပူးလ္သာ မက္ဒီဆင္ကိုေခၚယူႏိုင္မယ္ဆိုရင္ လာမယ့္ရာသီမွာ လီဗာပူးလ္တိုက္စစ္ဟာ အခုထက္ပိုျပီးေကာင္းလာဖို႔ရွိေနပါတယ္။

#၂ နီးကိုးလ္လက္စ္ ပီပီ(လိုင္လီ)
ျပီးခ့ဲတ့ဲႏွစ္ေတြတုန္းက လိုင္လီအသင္းရဲ႕တိုက္စစ္မွဴးေလး ပီပီကို လူေတာ္ေတာ္မ်ားမ်ားက သတိမထားမိခ့ဲၾကပါဘူး။ ဒါေပမ့ဲ (၂၀၁၈-၁၉)ေဘာလံုးရာသီကုန္ဆံုးျပီးခ်ိန္မွာေတာ့ ပီပီကို ဥေရာပအသင္းၾကီးေတာ္ေတာ္မ်ားမ်ားက သတိထားမိလာၾကျပီးေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြျပဳလုပ္လာၾကပါတယ္။ အသက္(၂၄)ႏွစ္ရွိျပီးေတာ့ လီဗာပူးလ္အသင္းကလည္းစိတ္၀င္စားလ်က္ရွိေနတယ္လို႔သိရပါတယ္။ တိုက္စစ္အားသန္တ့ဲလီဗာပူးလ္ကစားပံုနဲ႔ဆိုရင္ပီပီဟာအလြန္လိုက္ဖက္မႈရွိတ့ဲကစားသမားတစ္ဦးျဖစ္ျပီး၊ ဂိုးသြင္းႏႈန္းလည္းေကာင္းမြန္တာေၾကာင့္ မန္စီတီးကိုေက်ာ္ျဖတ္ဖို႔ျပင္ဆင္ေနတ့ဲလီဗာပူးလ္အတြက္ ပီပီက ေကာင္းမြန္တ့ဲေခၚယူမႈတစ္ခုျဖစ္လာႏိုင္ဖြယ္ရွိေနပါတယ္။

#၁ ဂ်မယ္ လီ၀ွစ္(ေနာ၀ွစ္ခ်္)
လီဗာပူးလ္အသင္းရဲ႕ဘယ္ေနာက္ခံလူ မိုရီႏိုဟာ အသင္းနဲ႔ခ်ဳပ္ဆိုထားတ့ဲ စာခ်ဳပ္သက္တမ္းဟာ ေနာက္ဆံုးႏွစ္ထဲကိုေရာက္ေနျပီျဖစ္ျပီး၊ မိုရီႏိုကလည္း စာခ်ဳပ္ျပည့္ရင္အသင္းကေနထြက္ခြာမယ္လို႔ေျပာၾကားထားခ့ဲပါတယ္။ လက္ရွိလီဗာပူးလ္ဘယ္ေနာက္ခံေနရာမွာ ေ၇ာ္ဘတ္ဆန္က အဓိက ကစားသမားအျဖစ္ ပြဲထြက္ခြင့္ရေနတာျဖစ္ပါတယ္။ ဒါေပမ့ဲ လီဗာပူးလ္အေနနဲ႔ ေရွည္အတြက္ ေျခစြမ္းေျခဆရွိတ့ဲ ေနာ၀ွစ္ခ်္အသင္းရဲ႕ဘယ္ေနာက္ခံလူ လီ၀ွစ္ကိုေခၚယူဖို႔ ၾကိဳးစားသင့္ပါတယ္။

လီ၀ွစ္ဟာအသက္(၂၁)ႏွစ္သာရွိေသးျပီးေတာ့ အလားအလာရွိတ့ဲလူငယ္တစ္ဦးလည္းျဖစ္ပါတယ္။ ေရာ္ဘတ္ဆန္ဟာ အသင္းအတြက္ ေျခစြမ္းျပကစားထားႏိုင္ခ့ဲေပမ့ဲ တစ္ရာသီလံုးေတာ့ ၾကံ႕ခိုင္မႈအျပည့္နဲ႔ကစားႏိုင္မယ္လို႔ေတာ့ဘယ္သူကမွ အာမ မခံႏိုင္ပါဘူး။ ဒါ့ေၾကာင့္ လီဗာပူးလ္အေနနဲ႔အေရးၾကံဳလာရင္အသင္းအတြက္ အက်ိဳးျပဳႏိုင္မယ့္ လူငယ္ကစားသမားေလး လီ၀ွစ္ကို လာမယ့္ရာသီအတြက္ေခၚယူဖို႔သင့္ေတာ္ေနတာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်စီးတီးကိုကျော်ဖြတ်နိုင်ဖို့လီဗာပူးလ်ခေါ်ယူရမယ့်ကစားသမား(၃)ဦး

လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရမှတ်ပေါင်း(၉၇)မှတ်အထိရခဲ့ပေမဲ့ မန်စီးတီးအသင်းကိုကျော်ဖြတ်နိုင်ခြင်းမရှိပဲ၊ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ခြေစွမ်းပိုင်းဟာ အများကြီးအပြစ်ပြောစရာမရှိပေမဲ့ မန်စီးတီးက(၉၈)မှတ်ရရှိခဲ့ပြီး၊ တစ်မှတ်အသာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်ရရှိခဲ့တဲ့ ရမှတ်(၉၇)ဟာ အသင်းသမိုင်းတစ်လျှောက် အများဆုံးဖြစ်ခဲ့ပေမဲ့ မန်စီးတီးအသင်းရဲ့နောက်ကောက်ချခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်ဟာ ဒီရာသီမှာ မန်စီးတီးတစ်သင်းထဲကိုသာ ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်လီောပူးလ်အနေနဲ့ လာမယ့်ရာသီမှာ မန်စီးတီးကိုကျော်တက်ချင်တယ်ဆိုရင် အသင်းရဲ့ ကစားသမားအင်အားကိုဖြည့်တင်းဖို့လိုအပ်နေပြီး၊ လီဗာပူးလ်အနေနဲ့နောက်ထပ်ကစားသမားသုံးဦးလောက်ကို ဒီနွေဈေးကွက်ထဲမှာ ထပ်ပြီးခေါ်ယူဖို့လိုအပ်နေပါတယ်။ လီဗာပူးလ်ခေါ်ယူသင့်တဲ့ ကစားသမား(၃)ဦးကတော့…

#၃ ဂျိမ်းစ် မက်ဒီဆင်(လက်စတာ)
ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလကမှ နောဝှစ်ချ်အသင်းကနေ လက်စတာအသင်းဆီသို့ ပြောင်းရွှေ့ကြေးပေါင်(၂၅)သန်းနဲ့ရောက်ရှိခဲ့တာဖြစ်ပြီး၊ လက်စတာနဲ့ပထမဆုံးရာသီမှာပဲ ခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အသက်(၂၂)နှစ်သာရှိသေးပြီးတော့ မက်ဒီဆင်က ဂိုးဖန်တီးနိုင်စွမ်းကောင်းမွန်တဲ့ကစားသမားတစ်ယောက်ဖြစ်တာကြောင့် လီဗာပူးလ်သာ မက်ဒီဆင်ကိုခေါ်ယူနိုင်မယ်ဆိုရင် လာမယ့်ရာသီမှာ လီဗာပူးလ်တိုက်စစ်ဟာ အခုထက်ပိုပြီးကောင်းလာဖို့ရှိနေပါတယ်။

#၂ နီးကိုးလ်လက်စ် ပီပီ(လိုင်လီ)
ပြီးခဲ့တဲ့နှစ်တွေတုန်းက လိုင်လီအသင်းရဲ့တိုက်စစ်မှူးလေး ပီပီကို လူတော်တော်များများက သတိမထားမိခဲ့ကြပါဘူး။ ဒါပေမဲ့ (၂၀၁၈-၁၉)ဘောလုံးရာသီကုန်ဆုံးပြီးချိန်မှာတော့ ပီပီကို ဥရောပအသင်းကြီးတော်တော်များများက သတိထားမိလာကြပြီးခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်လာကြပါတယ်။ အသက်(၂၄)နှစ်ရှိပြီးတော့ လီဗာပူးလ်အသင်းကလည်းစိတ်ဝင်စားလျက်ရှိနေတယ်လို့သိရပါတယ်။ တိုက်စစ်အားသန်တဲ့လီဗာပူးလ်ကစားပုံနဲ့ဆိုရင်ပီပီဟာအလွန်လိုက်ဖက်မှုရှိတဲ့ကစားသမားတစ်ဦးဖြစ်ပြီး၊ ဂိုးသွင်းနှုန်းလည်းကောင်းမွန်တာကြောင့် မန်စီတီးကိုကျော်ဖြတ်ဖို့ပြင်ဆင်နေတဲ့လီဗာပူးလ်အတွက် ပီပီက ကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

#၁ ဂျမယ် လီဝှစ်(နောဝှစ်ချ်)
လီဗာပူးလ်အသင်းရဲ့ဘယ်နောက်ခံလူ မိုရီနိုဟာ အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်ထဲကိုရောက်နေပြီဖြစ်ပြီး၊ မိုရီနိုကလည်း စာချုပ်ပြည့်ရင်အသင်းကနေထွက်ခွာမယ်လို့ပြောကြားထားခဲ့ပါတယ်။ လက်ရှိလီဗာပူးလ်ဘယ်နောက်ခံနေရာမှာ ရော်ဘတ်ဆန်က အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရနေတာဖြစ်ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အနေနဲ့ ရှေည်အတွက် ခြေစွမ်းခြေဆရှိတဲ့ နောဝှစ်ချ်အသင်းရဲ့ဘယ်နောက်ခံလူ လီဝှစ်ကိုခေါ်ယူဖို့ ကြိုးစားသင့်ပါတယ်။

လီဝှစ်ဟာအသက်(၂၁)နှစ်သာရှိသေးပြီးတော့ အလားအလာရှိတဲ့လူငယ်တစ်ဦးလည်းဖြစ်ပါတယ်။ ရော်ဘတ်ဆန်ဟာ အသင်းအတွက် ခြေစွမ်းပြကစားထားနိုင်ခဲ့ပေမဲ့ တစ်ရာသီလုံးတော့ ကြံ့ခိုင်မှုအပြည့်နဲ့ကစားနိုင်မယ်လို့တော့ဘယ်သူကမှ အာမ မခံနိုင်ပါဘူး။ ဒါ့ကြောင့် လီဗာပူးလ်အနေနဲ့အရေးကြုံလာရင်အသင်းအတွက် အကျိုးပြုနိုင်မယ့် လူငယ်ကစားသမားလေး လီဝှစ်ကို လာမယ့်ရာသီအတွက်ခေါ်ယူဖို့သင့်တော်နေတာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar