ဘာစီလိုနာကိုစြန္႔ခြာခ်င္တယ္လို႔ထုတ္ေျပာလိုက္တဲ့ဒင္းနစ္ဆြာရက္ဇ္

ဘာစီလိုနာကြင္းလယ္လူ ဒင္းနစ္ဆြာရက္ဇ္ဟာ အသင္းကေန ထြက္ခြာဖို႔ ဆႏၵရွိေနတယ္လို႔ ဖြင့္ဟခဲ့ျပီး၊ လာလီဂါကလပ္အသင္းတစ္သင္းမွာ ေျပာင္းကစားဖို႔ အလိုရွိေနတယ္လို႔သိရပါတယ္။

ျပီးခဲ့တဲ့ ဇန္န၀ါရီကာလတုန္းကလည္း ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းထံ အငွားစာခ်ဳပ္နဲ႔ သြားကစားခဲ့ရတဲ့ ဆြာရက္ဇ္ဟာ ဘာစီလိုနာမွာ ပြဲထြက္ခြင့္ရရွိဖို႔ ရုန္းကန္ေနရသူလည္းျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ ရာသီကုန္ခါနီးမွာ ၾကံဳေတြ႔ခဲ့ရတဲ့ ဒဏ္ရာျပႆနာေတြေၾကာင့္ အာဆင္နယ္မွာလည္း ျပိဳင္ပြဲစံု (၆)ပြဲသာ ကစားေပးႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ဆြာရက္ဇ္အေနနဲ႔ အဂၤလန္ကိုျပန္သြားဖို႔ စိတ္မ၀င္စားျဖစ္ေနျပီး၊ ဘာစီလိုနာကေနထြက္ခြာျဖစ္ခဲ့ပါက လာလီဂါမွာပဲ ဆက္လက္ကစားခ်င္ေၾကာင္းဖြင့္ဟခဲ့တာပါ။ ဆြာရက္ဇ္က-

” ပြဲကစားခြင့္ရခ်င္တာေၾကာင့္ ကြ်န္ေတာ္ ဒီကေန ထြက္ခြာခ်င္ပါတယ္၊ ျပီးေတာ့ ကြ်န္ေတာ္ စပိန္မွာပဲ ဆက္ေနဖို႔ ရည္မွန္းထားပါတယ္၊ ဒဏ္ရာကေန ျပန္လည္သက္သာလာျပီးေနာက္ ဘာစီလိုနာမွာ ကြ်န္ေတာ္ (၂)လၾကာခဲ့ျပီးပါျပီ၊ ဒါေပမဲ့ ဘာကာက တာ၀န္ရွိသူေတြဟာ ကြ်န္ေတာ့္ကို ဘာဆိုဘာမွ မေျပာခဲ့ပါဘူး “လို႔ ဖြင့္ဟခဲ့ပါတယ္။

ဆြာရက္ဟာ (၂၀၂၁)ခုႏွစ္မတိုင္မခ်င္း ဘာစီလိုနာနဲ႔ စာခ်ဳပ္ရွိေနေပမဲ့၊ စပိန္ကလပ္ ဗလင္စီယာအသင္းက သူ႔ကိုေခၚယူဖို႔စိတ္၀င္စားေနပါတယ္။ ဘာစီလိုနာကိုမေရာက္ခင္က ဗီလာရီးရဲလ္ မွာ အတူလက္တြဲခဲ့ဖူးတဲ့ နည္းျပမာစီလီႏို ကိုင္တြယ္ေနတဲ့ ဗလင္စီယာအသင္းကို ေျပာင္းေရႊ႔ခ်င္ေနေၾကာင္းကိုလည္း ဆြာရင္ဇ္က-

” မာစီလီႏိုဟာ ကြ်န္ေတာ္လက္တြဲခဲ့ဖူးတဲ့ နည္းျပေတြထဲမွာ အေကာင္းဆံုးနည္းျပ တစ္ေယာက္ပါ၊ ကြ်န္ေတာ္သူနဲ႔ ပံုမွန္စကားေျပာျဖစ္တယ္၊ ကြ်န္ေတာ္ဗလန္စီယာကို ျငင္းဆန္ခဲ့တယ္ဆိုတဲ့သတင္းေတြက မမွန္ပါဘူး ” လို႔ေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဘာစီလိုနာကိုစွန့်ခွာချင်တယ်လို့ထုတ်ပြောလိုက်တဲ့ဒင်းနစ်ဆွာရက်ဇ်

ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ဟာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ ဖွင့်ဟခဲ့ပြီး၊ လာလီဂါကလပ်အသင်းတစ်သင်းမှာ ပြောင်းကစားဖို့ အလိုရှိနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီကာလတုန်းကလည်း ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းထံ အငှားစာချုပ်နဲ့ သွားကစားခဲ့ရတဲ့ ဆွာရက်ဇ်ဟာ ဘာစီလိုနာမှာ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ရာသီကုန်ခါနီးမှာ ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာပြဿနာတွေကြောင့် အာဆင်နယ်မှာလည်း ပြိုင်ပွဲစုံ (၆)ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဆွာရက်ဇ်အနေနဲ့ အင်္ဂလန်ကိုပြန်သွားဖို့ စိတ်မဝင်စားဖြစ်နေပြီး၊ ဘာစီလိုနာကနေထွက်ခွာဖြစ်ခဲ့ပါက လာလီဂါမှာပဲ ဆက်လက်ကစားချင်ကြောင်းဖွင့်ဟခဲ့တာပါ။ ဆွာရက်ဇ်က-

” ပွဲကစားခွင့်ရချင်တာကြောင့် ကျွန်တော် ဒီကနေ ထွက်ခွာချင်ပါတယ်၊ ပြီးတော့ ကျွန်တော် စပိန်မှာပဲ ဆက်နေဖို့ ရည်မှန်းထားပါတယ်၊ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ဘာစီလိုနာမှာ ကျွန်တော် (၂)လကြာခဲ့ပြီးပါပြီ၊ ဒါပေမဲ့ ဘာကာက တာဝန်ရှိသူတွေဟာ ကျွန်တော့်ကို ဘာဆိုဘာမှ မပြောခဲ့ပါဘူး “လို့ ဖွင့်ဟခဲ့ပါတယ်။

ဆွာရက်ဟာ (၂၀၂၁)ခုနှစ်မတိုင်မချင်း ဘာစီလိုနာနဲ့ စာချုပ်ရှိနေပေမဲ့၊ စပိန်ကလပ် ဗလင်စီယာအသင်းက သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဘာစီလိုနာကိုမရောက်ခင်က ဗီလာရီးရဲလ် မှာ အတူလက်တွဲခဲ့ဖူးတဲ့ နည်းပြမာစီလီနို ကိုင်တွယ်နေတဲ့ ဗလင်စီယာအသင်းကို ပြောင်းရွှေ့ချင်နေကြောင်းကိုလည်း ဆွာရင်ဇ်က-

” မာစီလီနိုဟာ ကျွန်တော်လက်တွဲခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြ တစ်ယောက်ပါ၊ ကျွန်တော်သူနဲ့ ပုံမှန်စကားပြောဖြစ်တယ်၊ ကျွန်တော်ဗလန်စီယာကို ငြင်းဆန်ခဲ့တယ်ဆိုတဲ့သတင်းတွေက မမှန်ပါဘူး ” လို့ပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar