ကိုပါအေမရိကဖလားျပိဳင္ပြဲမွာ ေစာင့္ၾကည့္ရမယ့္ လူငယ္ကစားသမား(၃)ဦး

ဘရာဇီးႏို္င္ငံကအိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ ကိုပါအမေရိကဖလားျပိဳင္ပြဲက လာမယ့္စေနေန႔မွာ အသင္း(၁၂)သင္းနဲ႔စတင္ယွွဥ္ျပိဳင္ေတာ့မွာျဖစ္ပါတယ္။ ျပိဳင္ပြဲ၀င္အသင္းေတြဟာ လူငယ္ကစားသမားေတြကိုလည္းအသံုးျပဳဖို႔ရွိေနျပီး။ ဒီထဲကမွ ျပိဳင္ပြဲမွာေစာင့္ၾကည့္သြားရမယ့္ လူငယ္ကစားသမား(၃)ဦးကို စေပါ့စ္ကမာၻပရိသတ္ၾကီးအတြက္ေဖာ္ျပေပးလိုက္ပါတယ္။

#၃ လို စယ္လိုဆို(အာဂ်င္တီးနား)
ရီးရဲလ္ဘတ္တစ္အသင္းရဲ႕ကစားသမား စယ္လိုဆိုဟာ အသက္(၂၃)ႏွစ္သာရွိေသးျပီး၊ ဒီရာသီမွာ ရီးရဲလ္ဘတ္တစ္အတြက္ျပိဳင္ပြဲစံုသြင္းဂိုး(၁၆)ဂိုးနဲ႔ဂိုးဖန္တီးမႈ(၆)ၾကိမ္အထိျပဳလုပ္ေပးထားႏိုင္ခ့ဲတ့ဲ ကစားသမားတစ္ဦးျဖစ္ပါတယ္။ သူ႔ရဲ႕ေကာင္းမြန္တ့ဲ ေျခစြမ္းေတြေၾကာင့္ ကိုပါအေမရိကျပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔အတူပါ၀င္ယွဥ္ျပိဳင္ခြင့္ရခ့ဲျပီး၊ ႏိုင္ငံအသင္းမွာေရာ ကလပ္အသင္းတုန္းကလိုေျခစြမ္းေတြျပသႏိုင္မလားဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

#၂ ရိုဒရီဂို ဘတ္တန္ခ်ာ(ဥရုေဂြး)
ဂ်ဳဗင္တပ္အသင္းရဲ႕ကြင္းလယ္ကစားသမားေလး ဘတ္တန္ခ်ာကလည္း ကိုပါအေမရိကဖလားျပိဳင္ပြဲမွာ ေစာင့္ၾကည့္သြားရမယ့္ကစားသမားေလးတစ္ဦးျဖစ္ပါတယ္။ ဘတ္တန္ခ်ာဟာ အသက္(၂၂)ႏွစ္အရြယ္သာရွိေသးျပီးေတာ့ သူ႔ရဲ႕ဂ်ဳဗင္တပ္မွာ ျပသားႏိုင္ခ့ဲတ့ဲေျခစြမ္းေတြေၾကာင့္ ဥေရာပရဲ႕ အလားအလာရွိတ့ဲလူငယ္တစ္ဦးအျဖစ္သက္မွတ္ထားျခင္းကိုလည္းခံထားရတ့ဲသူတစ္ဦးျဖစ္ပါတယ္။ ဘတ္တန္ခ်ာရဲ႕ေျခစြမ္းေတြကို ကိုပါအေမရိကျပိဳင္ပြဲမွာေစာင့္ၾကည့္သြားရမွာျဖစ္ျပီး၊ ဂ်ဳဗင္တပ္မွာလိုေျခစြမ္းျပႏိုင္မလားဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

#၁ ေဒးဗစ္နီရက္စ္(ဘရာဇီး)
ဘရာဇီးအသင္းရဲ႕လူငယ္တိုက္စစ္မွဴး နီရက္စ္ကိုေတာ့အထူးမိတ္ဆက္ေပးစရာလိုမယ္မထင္ပါဘူး။ ဒီရာသီေအဂ်က္အသင္းနဲ႔အတူျပသထားႏိုင္ခ့ဲတ့ဲေျခစြမ္းေတြေၾကာင့္ ဥေရာပအသင္းၾကီးအခ်ိဳ႔ရဲ႕မ်က္စိက်မႈကိုခံေနရျပီး၊ ေတာက္ပလာမယ့္ၾကယ္တစ္ပြင့္အျဖစ္အားလံုးကသက္မွတ္ထားၾကတာပါ။ ေအဂ်က္နဲ႔ျပသခ့ဲတ့ဲ ေျခစြမ္းေတြေေၾကာင့္ ဘရာဇီးအသင္းမွာေရြးခ်ယ္ခံခ့ဲရျပီး၊ လာမယ့္ ကိုပါအေမရိကဖလားျပိဳင္ပြဲမွာ အဓိကေစာင့္ၾကည့္သြားရမယ့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ကိုပါအမေရိကဖလားပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် လူငယ်ကစားသမား(၃)ဦး

ဘရာဇီးနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကိုပါအမရေိကဖလားပြိုင်ပွဲက လာမယ့်စနေနေ့မှာ အသင်း(၁၂)သင်းနဲ့စတင်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေဟာ လူငယ်ကစားသမားတွေကိုလည်းအသုံးပြုဖို့ရှိနေပြီး။ ဒီထဲကမှ ပြိုင်ပွဲမှာစောင့်ကြည့်သွားရမယ့် လူငယ်ကစားသမား(၃)ဦးကို စပေါ့စ်ကမ္ဘာပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

#၃ လို စယ်လိုဆို(အာဂျင်တီးနား)
ရီးရဲလ်ဘတ်တစ်အသင်းရဲ့ကစားသမား စယ်လိုဆိုဟာ အသက်(၂၃)နှစ်သာရှိသေးပြီး၊ ဒီရာသီမှာ ရီးရဲလ်ဘတ်တစ်အတွက်ပြိုင်ပွဲစုံသွင်းဂိုး(၁၆)ဂိုးနဲ့ဂိုးဖန်တီးမှု(၆)ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး၊ နိုင်ငံအသင်းမှာရော ကလပ်အသင်းတုန်းကလိုခြေစွမ်းတွေပြသနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

#၂ ရိုဒရီဂို ဘတ်တန်ချာ(ဥရုဂွေး)
ဂျုဗင်တပ်အသင်းရဲ့ကွင်းလယ်ကစားသမားလေး ဘတ်တန်ချာကလည်း ကိုပါအမေရိကဖလားပြိုင်ပွဲမှာ စောင့်ကြည့်သွားရမယ့်ကစားသမားလေးတစ်ဦးဖြစ်ပါတယ်။ ဘတ်တန်ချာဟာ အသက်(၂၂)နှစ်အရွယ်သာရှိသေးပြီးတော့ သူ့ရဲ့ဂျုဗင်တပ်မှာ ပြသားနိုင်ခဲ့တဲ့ခြေစွမ်းတွေကြောင့် ဥရောပရဲ့ အလားအလာရှိတဲ့လူငယ်တစ်ဦးအဖြစ်သက်မှတ်ထားခြင်းကိုလည်းခံထားရတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဘတ်တန်ချာရဲ့ခြေစွမ်းတွေကို ကိုပါအမေရိကပြိုင်ပွဲမှာစောင့်ကြည့်သွားရမှာဖြစ်ပြီး၊ ဂျုဗင်တပ်မှာလိုခြေစွမ်းပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

#၁ ဒေးဗစ်နီရက်စ်(ဘရာဇီး)
ဘရာဇီးအသင်းရဲ့လူငယ်တိုက်စစ်မှူး နီရက်စ်ကိုတော့အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ ဒီရာသီအေဂျက်အသင်းနဲ့အတူပြသထားနိုင်ခဲ့တဲ့ခြေစွမ်းတွေကြောင့် ဥရောပအသင်းကြီးအချို့ရဲ့မျက်စိကျမှုကိုခံနေရပြီး၊ တောက်ပလာမယ့်ကြယ်တစ်ပွင့်အဖြစ်အားလုံးကသက်မှတ်ထားကြတာပါ။ အေဂျက်နဲ့ပြသခဲ့တဲ့ ခြေစွမ်းတွေေကြောင့် ဘရာဇီးအသင်းမှာရွေးချယ်ခံခဲ့ရပြီး၊ လာမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အဓိကစောင့်ကြည့်သွားရမယ့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar