သင္သတိမထားမိေသးတ့ဲ စီေရာ္နယ္ဒိုရဲ႕မွတ္တမ္းေကာင္းတစ္ခု

အာလံုးသိပ္သတိမထားမိေသးတ့ဲ စီေရာ္နယ္ဒိုနဲ႔ပတ္သက္တ့ဲ မွတ္တမ္းေကာင္းတစ္ခုကေတာ့ စီေရာ္နယ္ဒိုဟာ ဘလြန္းဒီေအာ္ဆုကို ရရွိဖို႔အျခားျပိဳင္ဘက္ကစားသမားေတြအားလံုးထက္ သာလြန္တ့ဲ အေျခအေနေကာင္းေတြကိုပိုင္ဆိုင္ထားခ့ဲတာပဲျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ ျပီးခ့ဲတ့ဲ (၂၀၀၇)ခုႏွစ္ကေန (၂၀၁၈)ခုႏွစ္အထိ (၁၂)ႏွစ္တာကာလအတြင္း ဘလြန္းဒီေအာ္ဆု ကိုရရွိႏိူင္တ့ဲ အခြင့္အေရးကို(၁၁)ၾကိမ္အထိပိုင္ဆိုင္ႏိုင္ခ့ဲပါတယ္။ ဒီထဲကမွ (၅)ၾကိမ္ကေတာ့ ဘလြန္းဒီေအာ္ဆုကိုပိုင္ဆိုင္ႏိုင္ခ့ဲျပီး၊ က်န္တ့ဲ (၆)ၾကိမ္ကေတာ့ ဒုတိယဆုေတြရရွိခ့ဲတာပဲျဖစ္ပါတယ္။

ဒီမွတ္တမ္းဟာ စီေရာ္နယ္ဒိုနဲ႔ဘလြန္းဒီေအာ္ဆုကို (၅)ၾကိမ္စီရရွိထားတ့ဲ မက္ဆီထက္လည္း သာလြန္ေနတာကိုေတြ႔ရပါတယ္။ မက္ဆီဟာလည္းျပီးခ့ဲတ့ဲ(၁၂)ႏွစ္တာကာလအတြင္းမွာ ဘလြန္းဒီေအာ္ဆုကိုရရွိဖို႔ေသခ်ာတ့ဲအေျခအေနကို စီေရာ္နယ္ဒိုက့ဲသို႔ (၁၁)ၾကိမ္တိတိပိုင္ဆိုုင္ႏိုင္ခ့ဲပါတယ္။ ဒီထဲကမွ မက္ဆီဟာ (၅)ၾကိမ္မွာဘလြန္းဒီေအာ္ဆုကိုရရွိခ့ဲျတာျဖစ္ပါတယ္။ က်န္တ့ဲ(၆)ၾကိမ္မွာေတာ့ (၅)ၾကိမ္က ဒုတိယရခခ့ဲတာျဖစ္ျပီး၊ တစ္ၾကိမ္ကေတာ့ တတိယရခ့ဲတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ စီေရာ္နယ္ဒိုဟာ မက္ဆီနဲ႕ ယွဥ္ရင္ ဘလြန္းဒီေအာ္ဆုကို အၾကိမ္ေရမ်ားမ်ားပိုင္ဆိုင္ဖို႔ အခြင့္အေရးက ပိုျပီးသာလြန္ေနခ့ဲတာပဲျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ ျပီးခ့ဲတ့ဲ(၁၂)တာကာလအတြင္းမွာ ဘလြန္းဒီေအာ္ဆုအတြက္ ေနာက္ဆံုး(၃)ေယာက္စာရင္းမွာ (၁၁)ၾကိမ္ထိပါ၀င္ခ့ဲျပီး၊ စီေရာ္နယ္ဒိုအေနနဲ႔တတိယဆုကိုမရဖူးေသးတာပဲျဖစ္ပါတယ္။

အသက္(၃၄)ႏွစ္အရြယ္ကိုေရာက္ရွိေနျပီျဖစ္ေပမ့ဲ စီေရာ္နယ္ဒိုကေတာ့ စံခ်ိန္သစ္ေတြ၊မွတ္တမ္းသစ္ေတြကို ပိုင္ဆိုင္ထားႏိုင္ေနဆဲပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

သင်သတိမထားမိသေးတဲ့ စီရော်နယ်ဒိုရဲ့မှတ်တမ်းကောင်းတစ်ခု

အာလုံးသိပ်သတိမထားမိသေးတဲ့ စီရော်နယ်ဒိုနဲ့ပတ်သက်တဲ့ မှတ်တမ်းကောင်းတစ်ခုကတော့ စီရော်နယ်ဒိုဟာ ဘလွန်းဒီအော်ဆုကို ရရှိဖို့အခြားပြိုင်ဘက်ကစားသမားတွေအားလုံးထက် သာလွန်တဲ့ အခြေအနေကောင်းတွေကိုပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၀၇)ခုနှစ်ကနေ (၂၀၁၈)ခုနှစ်အထိ (၁၂)နှစ်တာကာလအတွင်း ဘလွန်းဒီအော်ဆု ကိုရရှိနိူင်တဲ့ အခွင့်အရေးကို(၁၁)ကြိမ်အထိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီထဲကမှ (၅)ကြိမ်ကတော့ ဘလွန်းဒီအော်ဆုကိုပိုင်ဆိုင်နိုင်ခဲ့ပြီး၊ ကျန်တဲ့ (၆)ကြိမ်ကတော့ ဒုတိယဆုတွေရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီမှတ်တမ်းဟာ စီရော်နယ်ဒိုနဲ့ဘလွန်းဒီအော်ဆုကို (၅)ကြိမ်စီရရှိထားတဲ့ မက်ဆီထက်လည်း သာလွန်နေတာကိုတွေ့ရပါတယ်။ မက်ဆီဟာလည်းပြီးခဲ့တဲ့(၁၂)နှစ်တာကာလအတွင်းမှာ ဘလွန်းဒီအော်ဆုကိုရရှိဖို့သေချာတဲ့အခြေအနေကို စီရော်နယ်ဒိုကဲ့သို့ (၁၁)ကြိမ်တိတိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီထဲကမှ မက်ဆီဟာ (၅)ကြိမ်မှာဘလွန်းဒီအော်ဆုကိုရရှိခဲ့တြာဖြစ်ပါတယ်။ ကျန်တဲ့(၆)ကြိမ်မှာတော့ (၅)ကြိမ်က ဒုတိယရခခဲ့တာဖြစ်ပြီး၊ တစ်ကြိမ်ကတော့ တတိယရခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် စီရော်နယ်ဒိုဟာ မက်ဆီနဲ့ ယှဉ်ရင် ဘလွန်းဒီအော်ဆုကို အကြိမ်ရေများများပိုင်ဆိုင်ဖို့ အခွင့်အရေးက ပိုပြီးသာလွန်နေခဲ့တာပဲဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့(၁၂)တာကာလအတွင်းမှာ ဘလွန်းဒီအော်ဆုအတွက် နောက်ဆုံး(၃)ယောက်စာရင်းမှာ (၁၁)ကြိမ်ထိပါဝင်ခဲ့ပြီး၊ စီရော်နယ်ဒိုအနေနဲ့တတိယဆုကိုမရဖူးသေးတာပဲဖြစ်ပါတယ်။

အသက်(၃၄)နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပေမဲ့ စီရော်နယ်ဒိုကတော့ စံချိန်သစ်တွေ၊မှတ်တမ်းသစ်တွေကို ပိုင်ဆိုင်ထားနိုင်နေဆဲပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar