ဒီဂီယာရဲ႕ေနရာမွာအစားထိုးဖြယ္ရွိတ့ဲဂိုးသမားကိုေဖာ္ျပခ့ဲတ့ဲ မန္ယူႏိုက္တက္

မန္ယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ဂိုးသမား ေဒးဗစ္ဒီဂီယာယခုႏွစ္ေႏြရာသီမွာ အသင္းကေနထြက္ခြြာမယ္ဆိုရင္ သူ႔ေနရာမွာ အစားထိုးဖြယ္ရွိတ့ဲဂိုးသမားေတြက္ုေဖာ္ျပခ့ဲပါတယ္။

မန္ယူႏိုက္တက္ရဲ႕ဂိုးသမား ဒီဂီယာဟာ (၂၀၁၇-၁၈)ေဘာလံုးရာသီက မန္ယူႏုိက္တက္နဲ႔အတူ (၁၈)ပြဲအထိေပးဂိုးမရွိခ့ဲပဲ အသင္းရဲကတစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကိုလည္းရရွိခ့ဲပါတယ္။ ဒီရာသီမွာေတာ့ ဒီဂီယာရဲ႕လက္စြမ္းပိုင္းဟာ က်ဆင္းမႈေတြရွိေနျပီး၊ ဒီရာသီမွာ ဂိုးမေပးရတ့ဲပြဲဆိုလို႔(၇)ပြဲသာရွိခ့ဲပါတယ္။ စပိန္အသင္းနဲ႔အတူ(၂၀၁၈)ကမာၻ႕ဖလားမွာလည္း ဒီဂီယာရဲကလက္စြမ္းပိုင္းလူေျပာစရာျဖစ္ခ့ဲျပီး၊ လက္စြမ္းပိုင္းမတည္ျငိမ္မႈေတြရွိေနခ့ဲပါတယ္။

ဒီဂီယာဟာ မန္ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာက်န္ရွိေတာ့တာျဖစ္ျပီး၊ ယခုအခ်ိန္ထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပေသးတာလည္းျဖစ္ပါတယ္။ မန္ယူႏုိက္အေနနဲ႔ ဒီဂီယာကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔မလုပ္ႏိုင္ဘူးဆိုရင္ေတာ့ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ဆံုးရံႈးရဖို႔ရွိေနတာလည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္မန္ယူႏိုက္တက္က ဒီဂီယာကို ဒီေႏြရာသီမွာ ေရာင္းခ်ဖို႔စီစဥ္ေနတယ္လို႔လည္းသိရပါတယ္။

ဒီဂီယာကို ေခၚယူဖို႔ ပီအက္စ္ဂ်ီအသင္းကစိတ္၀င္စားေနတာျဖစ္ျပီး အကယ္လို႔ ဒီဂီယာအသင္းကေနထြက္ခြာျဖစ္ခ့ဲရင္ ဒီဂီယာရဲ႕ေနရာမွာအစားထိုးဖို႔ မန္ယူႏိုက္တက္အသင္းက ေအဂ်က္ဂိုးသမား အိုနာနာ ကို စိတ္၀င္စားေနတယ္လို႔သိရပါတယ္။ မန္ယူႏိုက္တက္ဟာ အေစာပိုင္းက ဒီဂီယာရဲ႕ေနရၾကိုအစားဖို႔ အက္သလက္ဂိုးသမား အိုဘက္လက္ကိုေခၚယူဖို႔စိတ္၀င္စားခ့ဲေပမ့ဲ အိုဘလက္ရဲကစာခ်ဳပ္ဖ်က္သိမ္းေၾကးကျမင့္မားေနတာေၾကာင့္ ေအဂ်က္ဂိုးသမား အိုနာနာကို ေခၚယူဖို႔ စိတ္၀င္စားလာတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ မန္ယူႏိုက္တက္၊ ဒီဂီယာနဲ႔အိုနာနာတို႔ရဲ႕အေျပာင္းအေရႊ႕ပံုျပင္ဟာဘာေတြဆက္ျဖစ္လာမလဲဆိုတာ ဒီေႏြရာသီေစ်းကြက္ထဲမွာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဒီဂီယာရဲ့နေရာမှာအစားထိုးဖွယ်ရှိတဲ့ဂိုးသမားကိုဖော်ပြခဲ့တဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ဂိုးသမား ဒေးဗစ်ဒီဂီယာယခုနှစ်နွေရာသီမှာ အသင်းကနေထွက်ခွာမယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖွယ်ရှိတဲ့ဂိုးသမားတွေက်ုဖော်ပြခဲ့ပါတယ်။

မန်ယူနိုက်တက်ရဲ့ဂိုးသမား ဒီဂီယာဟာ (၂၀၁၇-၁၈)ဘောလုံးရာသီက မန်ယူနိုက်တက်နဲ့အတူ (၁၈)ပွဲအထိပေးဂိုးမရှိခဲ့ပဲ အသင်းရဲကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။ ဒီရာသီမှာတော့ ဒီဂီယာရဲ့လက်စွမ်းပိုင်းဟာ ကျဆင်းမှုတွေရှိနေပြီး၊ ဒီရာသီမှာ ဂိုးမပေးရတဲ့ပွဲဆိုလို့(၇)ပွဲသာရှိခဲ့ပါတယ်။ စပိန်အသင်းနဲ့အတူ(၂၀၁၈)ကမ္ဘာ့ဖလားမှာလည်း ဒီဂီယာရဲကလက်စွမ်းပိုင်းလူပြောစရာဖြစ်ခဲ့ပြီး၊ လက်စွမ်းပိုင်းမတည်ငြိမ်မှုတွေရှိနေခဲ့ပါတယ်။

ဒီဂီယာဟာ မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တာဖြစ်ပြီး၊ ယခုအချိန်ထိစာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေသေးတာလည်းဖြစ်ပါတယ်။ မန်ယူနိုက်အနေနဲ့ ဒီဂီယာကိုစာချုပ်သစ်ချုပ်ဆိုဖို့မလုပ်နိုင်ဘူးဆိုရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ဆုံးရှုံးရဖို့ရှိနေတာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်မန်ယူနိုက်တက်က ဒီဂီယာကို ဒီနွေရာသီမှာ ရောင်းချဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။

ဒီဂီယာကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းကစိတ်ဝင်စားနေတာဖြစ်ပြီး အကယ်လို့ ဒီဂီယာအသင်းကနေထွက်ခွာဖြစ်ခဲ့ရင် ဒီဂီယာရဲ့နေရာမှာအစားထိုးဖို့ မန်ယူနိုက်တက်အသင်းက အေဂျက်ဂိုးသမား အိုနာနာ ကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ မန်ယူနိုက်တက်ဟာ အစောပိုင်းက ဒီဂီယာရဲ့နေရကြိုအစားဖို့ အက်သလက်ဂိုးသမား အိုဘက်လက်ကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမဲ့ အိုဘလက်ရဲကစာချုပ်ဖျက်သိမ်းကြေးကမြင့်မားနေတာကြောင့် အေဂျက်ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာဖြစ်ပါတယ်။

ဒါ့ကြောင့် မန်ယူနိုက်တက်၊ ဒီဂီယာနဲ့အိုနာနာတို့ရဲ့အပြောင်းအရွှေ့ပုံပြင်ဟာဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဒီနွေရာသီဈေးကွက်ထဲမှာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar