နည္းျပအေျပာင္းအလဲနဲ႔အတူ လီဗာပူးေနာက္ခံလူကို စိတ္၀င္စားလာတဲ့ ေအစီမီလန္အသင္း

ေအစီမီလန္အသင္းဟာ သူတို႔ရဲ႕ နည္းျပျဖစ္တဲ့ ဂတ္တူဆိုကို အသင္းကထြက္ခြာေစျပီးတဲ့ေနာက္မွာ နည္းျပသစ္အေျပာင္းအလဲလုပ္ဖို႔ကို စဥ္းစားလာပါတယ္။ ဆမ္ဒိုးရီးယားအသင္းရဲ႕နည္းျပ ဂီယမ္ပါအိုလိုကို လ်ာထားျပီး၊ မၾကာခင္မွာ နည္းျပသစ္အျဖစ္ ခန္႔အပ္သြားမယ့္ သတင္းေတြ ထြက္ေနတာပါ။

အသင္းရဲ႕ ျပဳျပင္ေျပာင္းလဲမႈအၾကီးစားေတြကို လာမယ့္ႏွစ္ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ျပင္ဆင္သြားဖို႔၊ အားကစားဒါရိုက္တာအသစ္ကိုပါ ခန္႔အပ္သြားဖို႔ရွိေနျပီး၊ ကစားသမားေခၚယူမႈေတြအတြက္ ေျခလွမ္းသြက္သြက္လွမ္းေတာ့မယ္လို႔ ယူဆရပါတယ္။ ပထမဆံုး ပစ္မွတ္အေနနဲ႔ ဗဟုိေနာက္ခံလူတစ္ေယာက္ကို ေခၚယူသြားဖို႔ ျဖစ္ျပီး၊ လီဗာပူးအသင္းရဲ႕ ေနာက္ခံလူ ေလာဗရန္ကို ခ်ဥ္းကပ္လာပါတယ္။

ေလာဗရန္ဟာ ျပီးခဲ့တဲ့ႏွစ္ လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖိုင္နယ္ေရာက္ေအာင္ အဓိက ကူညီေပးခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ေပမဲ့ ဒီႏွစ္မွာ နည္းျပရဲ႕ ပံုမွန္ပြဲထြက္ကစားသမားမဟုတ္ခဲ့ဘဲ မာတစ္၊ ဂိုမက္တို႔ရဲ႕ေနာက္အရန္ ဦးစားေပးအေနနဲ႔ ပြဲထြက္ခဲ့ရတဲ့အျပင္ မာတစ္၊ ဗန္ဒိုက္အတြဲကိုပါ ပံုေဖာ္ခံခဲ့ရလို႔ သူ႕ရဲ႕အေရးပါမႈေတြဟာ ေမွးမွိန္ခဲ့ရတာပါ။

ဒါ့အျပင္ ခရိုေအးရွားအသင္းနဲ႔ ကမာၻ႕ဖလားဗိုလ္လုပြဲကို အဓိကပို႔ေဆာင္ေပးခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ျပီး၊ ေျခစြမ္းေကာင္းေတြ ပိုင္ဆိုင္ထားခဲ့သူပါ။ ေအစီမီလန္အသင္းဟာ ကစားသမားကို ေခၚယူဖို႔ ေအစီမီလန္ ဂႏၶ၀င္ကစားသမား မာဒီနီကိုယ္တိုင္ ေလာဗရန္ရဲ႕ ေအ့ဂ်င့္ျဖစ္သူနဲ႔ တုိက္ရိုက္ေတြ႔ဆံုေနတယ္လို႕ ေကာလာဟလေတြ ထြက္လာတဲ့အတြက္ မၾကာခင္မွာေရာက္ေတာ့မွာလားလို႔ ေမးခြန္းထုတ္ရဖို႔ ရွိေနပါတယ္။

ဒီအေၾကာင္းကို အီတလီသတင္းေထာက္ ဒီမာဇီရိုက သူ႕႔ရဲ႕ တရား၀င္တြစ္တာအေကာင့္မွာ တင္ခဲ့တာျဖစ္လို႔ ေအစီမီလန္တို႕ ကစားသမားအင္အားျဖည္႔တင္းေရးမွာ ေလာဗရန္က ပထမဦးဆံုး ေရာက္လာတဲ့ ကစားသမားျဖစ္မလားဆိုတာကို ေစာင့္ၾကည္႔သြားရပါမယ္။

ေရႊရင္ေအး@SportsGabar

Unicode

နည်းပြအပြောင်းအလဲနဲ့အတူ လီဗာပူးနောက်ခံလူကို စိတ်ဝင်စားလာတဲ့ အေစီမီလန်အသင်း

အေစီမီလန်အသင်းဟာ သူတို့ရဲ့ နည်းပြဖြစ်တဲ့ ဂတ်တူဆိုကို အသင်းကထွက်ခွာစေပြီးတဲ့နောက်မှာ နည်းပြသစ်အပြောင်းအလဲလုပ်ဖို့ကို စဉ်းစားလာပါတယ်။ ဆမ်ဒိုးရီးယားအသင်းရဲ့နည်းပြ ဂီယမ်ပါအိုလိုကို လျာထားပြီး၊ မကြာခင်မှာ နည်းပြသစ်အဖြစ် ခန့်အပ်သွားမယ့် သတင်းတွေ ထွက်နေတာပါ။

အသင်းရဲ့ ပြုပြင်ပြောင်းလဲမှုအကြီးစားတွေကို လာမယ့်နှစ်ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြင်ဆင်သွားဖို့၊ အားကစားဒါရိုက်တာအသစ်ကိုပါ ခန့်အပ်သွားဖို့ရှိနေပြီး၊ ကစားသမားခေါ်ယူမှုတွေအတွက် ခြေလှမ်းသွက်သွက်လှမ်းတော့မယ်လို့ ယူဆရပါတယ်။ ပထမဆုံး ပစ်မှတ်အနေနဲ့ ဗဟိုနောက်ခံလူတစ်ယောက်ကို ခေါ်ယူသွားဖို့ ဖြစ်ပြီး၊ လီဗာပူးအသင်းရဲ့ နောက်ခံလူ လောဗရန်ကို ချဉ်းကပ်လာပါတယ်။

လောဗရန်ဟာ ပြီးခဲ့တဲ့နှစ် လီဗာပူးအသင်း ချန်ပီယံလိဂ်ဖိုင်နယ်ရောက်အောင် အဓိက ကူညီပေးခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပေမဲ့ ဒီနှစ်မှာ နည်းပြရဲ့ ပုံမှန်ပွဲထွက်ကစားသမားမဟုတ်ခဲ့ဘဲ မာတစ်၊ ဂိုမက်တို့ရဲ့နောက်အရန် ဦးစားပေးအနေနဲ့ ပွဲထွက်ခဲ့ရတဲ့အပြင် မာတစ်၊ ဗန်ဒိုက်အတွဲကိုပါ ပုံဖော်ခံခဲ့ရလို့ သူ့ရဲ့အရေးပါမှုတွေဟာ မှေးမှိန်ခဲ့ရတာပါ။

ဒါ့အပြင် ခရိုအေးရှားအသင်းနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အဓိကပို့ဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး၊ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားခဲ့သူပါ။ အေစီမီလန်အသင်းဟာ ကစားသမားကို ခေါ်ယူဖို့ အေစီမီလန် ဂန္ဓဝင်ကစားသမား မာဒီနီကိုယ်တိုင် လောဗရန်ရဲ့ အေ့ဂျင့်ဖြစ်သူနဲ့ တိုက်ရိုက်တွေ့ဆုံနေတယ်လို့ ကောလာဟလတွေ ထွက်လာတဲ့အတွက် မကြာခင်မှာရောက်တော့မှာလားလို့ မေးခွန်းထုတ်ရဖို့ ရှိနေပါတယ်။

ဒီအကြောင်းကို အီတလီသတင်းထောက် ဒီမာဇီရိုက သူ့ရဲ့ တရားဝင်တွစ်တာအကောင့်မှာ တင်ခဲ့တာဖြစ်လို့ အေစီမီလန်တို့ ကစားသမားအင်အားဖြည့်တင်းရေးမှာ လောဗရန်က ပထမဦးဆုံး ရောက်လာတဲ့ ကစားသမားဖြစ်မလားဆိုတာကို စောင့်ကြည့်သွားရပါမယ်။

ရွှေရင်အေး@SportsGabar