မန္ယူႏိုက္တက္နဲ႔အတူ ဆုဖလားေတြရရွိဖို႔ေမ်ွာ္လင့္ေနတ့ဲ ရိုမီယို

မန္ယူႏိုက္တက္အသင္းရဲ႕အရန္ဂိုးသမား ရိုမီယို က သူ႔အေနနဲ႔ မန္ယူႏိုက္တက္အသင္းနဲ႔အတူလာမယ့္ေဘာလံုးရာသီမွာ အဓိကဆုဖလားေတြကိုကိုင္ေျမွာက္ႏိုင္ဖို႔ေမ်ွာ္လင့္ေနတယ္လို႔သိရပါတယ္။

မန္ယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ဂႏၳ၀င္နည္းျပၾကီး ဖာဂူဆန္အနားယူသြားခ့ဲတ့ဲ(၂၀၁၃)ခုႏွစ္ေနာက္ပိုင္းကထဲက အဓိကဆုဖလားေတြနဲ႔ေ၀းကြာေနတာျဖစ္ျပီး၊ ပရီးမီးယားလိဂ္မွာလည္း အျမင့္ဆံုးေအာင္ျမင္မႈအျဖစ္ အဆင့္ေလးအတြင္းႏွစ္ခါ၀င္ခ့ဲတာပဲရွိခ့ဲပါတယ္။ ဖာဂူဆန္အနားယူျပီးေနာက္ပိုင္း အဓိကဆုဖလားအျဖစ္ ေမာ္ရင္ဟိုလက္ထက္ ကယူရိုပါလိဂ္ဖလားရခ့ဲဖူးျပီး၊ ယခုအခါမွာေတာ့ ဂိုးသမားရိုမီယိုက အသင္းနဲ႔အတူေနာက္ထပ္အဓိကဆုဖလားေတြကိုကိုင္ေျမွာက္ႏိုင္ဖို႔ ေမ်ွာ္လင့္ေနတာလည္းျဖစ္ပါတယ္။

ရိုမီယိုက ” ဒီႏွစ္မွာ ကၽြန္ေတာ္တို႔ ဖလားတစ္လံုးေတာင္မရခ့ဲပါဘူး၊ ေနာက္ႏွစ္မွာေတာ့ ကၽြန္ေတာ္တို႔တတ္ႏိုင္သမ်ွ အျမင့္ဆံုးအေနအထားတစ္ခုကိုယူေဆာင္ျပီးေတာ့ ဖလားတစ္လံုးေလာက္ေတာ့ ရခ်င္မိပါတယ္၊ ကၽြန္ေတာ္တို႔တတ္ႏိုင္သေလာက္ၾကိဳးစားျပီးေတာ့ ဆုဖလားေတြယူျပီး ေအာင္ပြဲခံဖို႔ ျပင္ဆင္သြားမွာပါ ” လို႔ သူ႔ရဲ႕ခံစားခ်က္ကိုဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။

မန္ယူနိုက္တက္အသင္းအေနနဲ႔ ဖာဂူဆန္ေနာက္ပိုင္းရုန္းကန္ေနခ့ဲရျပီး၊ အသင္းရဲ႕အေနအထားဟာလည္း ယိုယြင္းေနခဲ့တာျဖစ္ပါတယ္။ ဖာဂူဆန္အနားယူျပီးကတည္းက မန္ယူႏိုက္တက္ရဲ႕နည္းျပေနရာကလည္း ေလးၾကိမ္အထိေျပာင္းလဲမႈေတြျပဳလုပ္ခ့ဲတာလည္းျဖစ္ျပီး၊ လက္ရွိမွာေတာ့ အသင္းရဲ႕ကစားသမားေဟာင္း အိုလီဂန္နာ ဆိုးလ္ရွားက နည္းျပအျဖစ္တာ၀န္ယူေနတာလည္းျဖစ္ပါတယ္။

ဂိုးသမားရိုမီယိုက အသင္းနဲ႔အတူ ဆုဖလားေတြကုိင္ေျမွာက္ခ်င္တယ္လို႔ေျပာခ့ဲေပမယ့္ သူ႔ရဲ႕မန္ယူႏိုက္တက္ကစညးသမားဘ၀ေတာ္ေတာ္မ်ားမ်ားဟာ ဒီဂီယာရဲ႕ေနာက္ အရန္ဂိုးသမားအျဖစ္နဲ႔သာအခ်ိန္ကုန္ခ့ဲရတာလည္းျဖစ္ပါတယ္။ ဒါေပမ့ဲ ဒီဂီယာက ယခုႏွစ္ေႏြေစ်းကြက္မွာအသင္းကေနထြက္ခြာဖို႔ ေရပန္းေနျပီး၊ အကယ္လို႔ ဒီဂီယာအသင္းကေနထြက္ခြာျဖစ္ခ့ဲရင္ ရိုမီယိုဟာမန္ယူႏုိက္တက္ရဲ႕အဓိကဂိုးသမားေနရာကိုရရွိဖို႔အလားအလာေတြရွိေနပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်ယူနိုက်တက်နဲ့အတူ ဆုဖလားတွေရရှိဖို့မျှော်လင့်နေတဲ့ ရိုမီယို

မန်ယူနိုက်တက်အသင်းရဲ့အရန်ဂိုးသမား ရိုမီယို က သူ့အနေနဲ့ မန်ယူနိုက်တက်အသင်းနဲ့အတူလာမယ့်ဘောလုံးရာသီမှာ အဓိကဆုဖလားတွေကိုကိုင်မြှောက်နိုင်ဖို့မျှော်လင့်နေတယ်လို့သိရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်အနားယူသွားခဲ့တဲ့(၂၀၁၃)ခုနှစ်နောက်ပိုင်းကထဲက အဓိကဆုဖလားတွေနဲ့ဝေးကွာနေတာဖြစ်ပြီး၊ ပရီးမီးယားလိဂ်မှာလည်း အမြင့်ဆုံးအောင်မြင်မှုအဖြစ် အဆင့်လေးအတွင်းနှစ်ခါဝင်ခဲ့တာပဲရှိခဲ့ပါတယ်။ ဖာဂူဆန်အနားယူပြီးနောက်ပိုင်း အဓိကဆုဖလားအဖြစ် မော်ရင်ဟိုလက်ထက် ကယူရိုပါလိဂ်ဖလားရခဲ့ဖူးပြီး၊ ယခုအခါမှာတော့ ဂိုးသမားရိုမီယိုက အသင်းနဲ့အတူနောက်ထပ်အဓိကဆုဖလားတွေကိုကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

ရိုမီယိုက ” ဒီနှစ်မှာ ကျွန်တော်တို့ ဖလားတစ်လုံးတောင်မရခဲ့ပါဘူး၊ နောက်နှစ်မှာတော့ ကျွန်တော်တို့တတ်နိုင်သမျှ အမြင့်ဆုံးအနေအထားတစ်ခုကိုယူဆောင်ပြီးတော့ ဖလားတစ်လုံးလောက်တော့ ရချင်မိပါတယ်၊ ကျွန်တော်တို့တတ်နိုင်သလောက်ကြိုးစားပြီးတော့ ဆုဖလားတွေယူပြီး အောင်ပွဲခံဖို့ ပြင်ဆင်သွားမှာပါ ” လို့ သူ့ရဲ့ခံစားချက်ကိုဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းအနေနဲ့ ဖာဂူဆန်နောက်ပိုင်းရုန်းကန်နေခဲ့ရပြီး၊ အသင်းရဲ့အနေအထားဟာလည်း ယိုယွင်းနေခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန်အနားယူပြီးကတည်းက မန်ယူနိုက်တက်ရဲ့နည်းပြနေရာကလည်း လေးကြိမ်အထိပြောင်းလဲမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပြီး၊ လက်ရှိမှာတော့ အသင်းရဲ့ကစားသမားဟောင်း အိုလီဂန်နာ ဆိုးလ်ရှားက နည်းပြအဖြစ်တာဝန်ယူနေတာလည်းဖြစ်ပါတယ်။

ဂိုးသမားရိုမီယို အသင်းနဲ့အတူ ဆုဖလားတွေကိုင်မြှောက်ချင်တယ်လို့ပြောခဲ့ပေမယ့် သူ့ရဲ့မန်ယူနိုက်တက်ကစညးသမားဘဝတော်တော်များများဟာ ဒီဂီယာရဲ့နောက် အရန်ဂိုးသမားအဖြစ်နဲ့သာအချိန်ကုန်ခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဂီယာက ယခုနှစ်နွေဈေးကွက်မှာအသင်းကနေထွက်ခွာဖို့ ရေပန်းနေပြီး၊ အကယ်လို့ ဒီဂီယာအသင်းကနေထွက်ခွာဖြစ်ခဲ့ရင် ရိုမီယိုဟာမန်ယူနိုက်တက်ရဲ့အဓိကဂိုးသမားနေရာကိုရရှိဖို့အလားအလာတွေရှိနေပါတယ်။

Sirဇော်ကြီး@SportsGabar