ဖီဖာေျပာင္းလဲက်င့္သံုးမယ့္ေဘာလံုးဥပေဒသစ္မ်ားအပိုင္း(၄)

ဥေပဒ (၁၄)

– ပင္နယ္တီကန္သြင္းမႈ နဲ႔ ပတ္သက္တဲ့ ဥပေဒျဖစ္ပါတယ္။ ပင္နယ္တီ ကာကြယ္ရမယ့္ ဂိုးသမားဟာ ဂိုးတိုင္၊ ဂိုးဘား၊ ဂိုးပိုက္တို႔နဲ႔ ထိထားျခင္းမ်ိဳး မရွိရဘူးလို႔ဆိုပါတယ္။
– အရင္ကဆိုရင္ ပင္နယ္တီ ကာကြယ္မယ့္ ဂိုးသမားဟာ ေျခေထာက္ႏွစ္ ဘက္လံုး ဂိုးစည္းေပၚရွိေနရမွာ ျဖစ္ပါတယ္။ ေျပာင္းလဲ ျပင္ဆင္ထားတဲ့ ဥပေဒအရ အခုအခ်ိန္မွာေတာ့ ေျခေထာက္တစ္ဖက္က ဂိုးစည္းေပၚမွာ ရွိေနရင္ ေနာက္တစ္ဖက္က ဂိုးစည္း အေရွ႕မွာ ထားခြင့္ရွိမွာျဖစ္ပါတယ္။
– ပင္နယ္တီ ကန္သြင္းရန္အတြက္ ဒိုင္လူႀကီးက ၀ီစီမႈတ္အခ်က္ျပၿပီးျဖစ္ေသာ္လည္း ကန္သြင္းမႈ မျပဳလုပ္ရေသးခ်ိန္မွာ ျပစ္မႈတစ္ခုခုက်ဴးလြန္ခဲ့ပါက ပင္နယ္တီကို ဆက္လက္ကန္သြင္းခြင့္ မျပဳေသးဘဲ ျပစ္ဒဏ္အေလ်ာက္ အ၀ါ၊အနီကတ္ ျပၿပီးွမွသာ ပင္နယ္တီကို ျပန္လည္ ကန္သြင္းခိုင္းရမယ္လို႔လည္း ေျပာင္းလဲ ျပင္ဆင္ထားတဲ့ ဥပေဒမွာ ျပဌာန္းထားပါတယ္။

ဥေပဒ (၁၅)

– လက္ပစ္ေဘာ ပစ္သြင္းမႈအတြက္ ျပင္ဆင္ထားတဲ့ ဥပေဒ ျဖစ္ပါတယ္။ အရင္က လက္ပစ္ေဘာ ပစ္သြင္းမယ့္သူရဲ႕ ၿပိဳင္ဘက္ ကစားသမားဟာ လက္ပစ္ေဘာ ပစ္သြင္းမယ့္ သူရဲ႕ အေရွ႕တည့္တည့္မွာ ရပ္ေနတာမ်ိဳးေတြကို ေတြ႕ဖူးၾကပါလိမ့္မယ္။ အဲ့တုန္းက ျပိဳင္ဘက္ဟာ လက္ပစ္ေဘာပစ္မယ့္ သူရွိေနတဲ့ ေနရာနဲ႔ အနည္းဆံုး ႏွစ္မီတာ အကြာမွာ ရွိေနရမွာ ျဖစ္ပါတယ္။ ဥပေဒသစ္မွာေတာ့ လက္ျပစ္ေဘာပစ္သြင္းသူဟာ စည္းရဲ႕ အျပင္ဘက္ ဘယ္ေနရာကေနပဲပစ္ပစ္ တဖက္အသင္းကလူကေတာ့ စည္းရဲ႕အတြင္းဘက္ ၂ မီတာအကြာကေနပဲ တားဆီးခြင့္ရွိတယ္လုိ႔ သတ္မွတ္လုိက္တာပါ။

ဥေပဒ (၁၆)
– ဂိုးလြန္ေဘာ စတင္ရာမွာေတာ့ အရင္ကဆိုရင္ ပင္နယ္တီ ဧရိယာ အျပင္ဘက္ ေရာက္မွသာ မိမိ အသင္းသားေရာ ၿပိဳင္ဘက္ အသင္းသားပါ ေဘာလံုးကိုလက္ခံၿပီး စတင္လို႔ ရပါတယ္။ ပင္နယ္တီ ဧရိယာထဲမွာ ေဘာလံုးကို လက္ခံခဲ့မိရင္ ဂိုးလြန္ေဘာကို ျပန္ကန္ဖို႔ သတ္မွတ္ခဲ့ပါတယ္။ ျပင္ဆင္လိုက္တဲ့ ဥပေဒမွာေတာ့ ဂိုးလြန္ေဘာအျဖစ္ကန္လိုက္တဲ့ ေဘာလံုးဟာ ပင္နယ္တီဧရိယာအျပင္ဘက္ကို မထြက္ေသာ္လည္း သိသာထင္ရွားတဲ့ ေဘာလံုးေရြ႕လ်ားမႈ ျဖစ္တာနဲ႔ ဂိုးလြန္ေဘာကန္တင္တာ စတင္တယ္လုိ႔ သတ္မွတ္လိုက္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဖီဖာပြောင်းလဲကျင့်သုံးမယ့်ဘောလုံးဥပဒေသစ်များအပိုင်း(၄)

ဥပေဒ (၁၄)

– ပင်နယ်တီကန်သွင်းမှု နဲ့ ပတ်သက်တဲ့ ဥပဒေဖြစ်ပါတယ်။ ပင်နယ်တီ ကာကွယ်ရမယ့် ဂိုးသမားဟာ ဂိုးတိုင်၊ ဂိုးဘား၊ ဂိုးပိုက်တို့နဲ့ ထိထားခြင်းမျိုး မရှိရဘူးလို့ဆိုပါတယ်။
– အရင်ကဆိုရင် ပင်နယ်တီ ကာကွယ်မယ့် ဂိုးသမားဟာ ခြေထောက်နှစ် ဘက်လုံး ဂိုးစည်းပေါ်ရှိနေရမှာ ဖြစ်ပါတယ်။ ပြောင်းလဲ ပြင်ဆင်ထားတဲ့ ဥပဒေအရ အခုအချိန်မှာတော့ ခြေထောက်တစ်ဖက်က ဂိုးစည်းပေါ်မှာ ရှိနေရင် နောက်တစ်ဖက်က ဂိုးစည်း အရှေ့မှာ ထားခွင့်ရှိမှာဖြစ်ပါတယ်။
– ပင်နယ်တီ ကန်သွင်းရန်အတွက် ဒိုင်လူကြီးက ဝီစီမှုတ်အချက်ပြပြီးဖြစ်သော်လည်း ကန်သွင်းမှု မပြုလုပ်ရသေးချိန်မှာ ပြစ်မှုတစ်ခုခုကျူးလွန်ခဲ့ပါက ပင်နယ်တီကို ဆက်လက်ကန်သွင်းခွင့် မပြုသေးဘဲ ပြစ်ဒဏ်အလျောက် အဝါ၊အနီကတ် ပြပြီးှမှသာ ပင်နယ်တီကို ပြန်လည် ကန်သွင်းခိုင်းရမယ်လို့လည်း ပြောင်းလဲ ပြင်ဆင်ထားတဲ့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

ဥပေဒ (၁၅)
– လက်ပစ်ဘော ပစ်သွင်းမှုအတွက် ပြင်ဆင်ထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ အရင်က လက်ပစ်ဘော ပစ်သွင်းမယ့်သူရဲ့ ပြိုင်ဘက် ကစားသမားဟာ လက်ပစ်ဘော ပစ်သွင်းမယ့် သူရဲ့ အရှေ့တည့်တည့်မှာ ရပ်နေတာမျိုးတွေကို တွေ့ဖူးကြပါလိမ့်မယ်။ အဲ့တုန်းက ပြိုင်ဘက်ဟာ လက်ပစ်ဘောပစ်မယ့် သူရှိနေတဲ့ နေရာနဲ့ အနည်းဆုံး နှစ်မီတာ အကွာမှာ ရှိနေရမှာ ဖြစ်ပါတယ်။ ဥပဒေသစ်မှာတော့ လက်ပြစ်ဘောပစ်သွင်းသူဟာ စည်းရဲ့ အပြင်ဘက် ဘယ်နေရာကနေပဲပစ်ပစ် တဖက်အသင်းကလူကတော့ စည်းရဲ့အတွင်းဘက် ၂ မီတာအကွာကနေပဲ တားဆီးခွင့်ရှိတယ်လို့ သတ်မှတ်လိုက်တာပါ။

ဥပေဒ (၁၆)
– ဂိုးလွန်ဘော စတင်ရာမှာတော့ အရင်ကဆိုရင် ပင်နယ်တီ ဧရိယာ အပြင်ဘက် ရောက်မှသာ မိမိ အသင်းသားရော ပြိုင်ဘက် အသင်းသားပါ ဘောလုံးကိုလက်ခံပြီး စတင်လို့ ရပါတယ်။ ပင်နယ်တီ ဧရိယာထဲမှာ ဘောလုံးကို လက်ခံခဲ့မိရင် ဂိုးလွန်ဘောကို ပြန်ကန်ဖို့ သတ်မှတ်ခဲ့ပါတယ်။ ပြင်ဆင်လိုက်တဲ့ ဥပဒေမှာတော့ ဂိုးလွန်ဘောအဖြစ်ကန်လိုက်တဲ့ ဘောလုံးဟာ ပင်နယ်တီဧရိယာအပြင်ဘက်ကို မထွက်သော်လည်း သိသာထင်ရှားတဲ့ ဘောလုံးရွေ့လျားမှု ဖြစ်တာနဲ့ ဂိုးလွန်ဘောကန်တင်တာ စတင်တယ်လို့ သတ်မှတ်လိုက်ပါတယ်။

လူညိုချော@SportsGabar