ဖီဖာေျပာင္းလဲက်င့္သံုးမယ့္ေဘာလံုးဥပေဒသစ္မ်ားအပိုင္း(၃)

ဥေပဒ (၁၂)

– လက္ထိေဘာနဲ႔ ပတ္သက္တဲ့ ျပစ္ဒဏ္ဆံုးျဖတ္ခ်က္ဟာ ဒိုင္လူႀကီးရဲ႕ ဆင္ျခင္တံုတရားနဲ႔ အမ်ားဆံုးသက္ဆိုင္ၿပီး လိုအပ္ရင္ အေရးယူပိုင္ခြင့္ရွိပါတယ္။
– ဂိုးသမားကို ျပစ္ဒဏ္ေဘာက်ဴးလြန္သြားတဲ့ လက္ထိေဘာနဲ႔ ပတ္သက္လုိ႔ အ၀ါ၊ အနီျပသခြင့္ မရွိပါ။
– ဂိုးသမားအား အသင္းေဖာ္မွ ေနာက္ျပန္ေပးျခင္းနဲ႔ လက္ပစ္ေဘာပစ္ေပးျခင္းမ်ား ျပဳလုပ္ခ်ိန္မွာ ဂိုးသမားေနနဲ႔ ေဘာလံုးကို ေျခေထာက္ျဖင့္ ကန္ခ်ိန္ ေျခေခ်ာ္ခဲ့ပါက လက္နဲ႔ ဖမ္းခြင့္ရွိပါတယ္။
– အနီ အ၀ါ ျပသရမည့္ ျပစ္ဒဏ္ျဖစ္ေနေပမဲ့ က်ဴးလြန္ခံရတဲ့အသင္းက ေဘာလံုးကို အျမန္ျပန္စလုိတယ္ဆိုရင္ ဒိုင္လူႀကီးမ်ား အေနနဲ႔ ခြင့္ျပဳေပးရမွာျဖစ္ပါတယ္။ ျပသရမယ့္ အ၀ါ၊ အနီ ျပစ္ဒဏ္ကိုေနာက္တစ္ႀကိမ္ ေဘာလံုးကစားမႈ ရပ္ဆိုင္းတဲ့ အခ်ိန္မွသာ ျပန္လည္ျပသရပါမယ္။
– ဂိုးသြင္းၿပီးတဲ့အခါ တရားမ၀င္ေအာင္ပြဲခံမႈ မွန္သမွ်ကို ဂိုးေပးသည္ျဖစ္ေစ၊ မေပးသည္ျဖစ္ေစ ဒိုင္လူႀကီးက အ၀ါကတ္ျပား ျပသရပါမယ္။
– အသင္းတာ၀န္ရွိသူမ်ားနဲ႔ နည္းျပမ်ားကို အေရးယူထားတဲ့ အ၀ါ၊အနီကတ္ ေတြနဲ႔ ပတ္သက္ၿပီး မွတ္တမ္းထားရွိရပါမယ္။
– ႏႈတ္နဲ႔ ျပစ္ဒဏ္ က်ဴးလြန္တာမ်ိဳးကိုလည္း တစ္ဆင့္ အလြတ္တည္ကန္ေဘာေပးမွာ ျဖစ္ပါတယ္။
– အရာ၀တၳဳတစ္ခုခုကို ကန္လိုက္တဲ့အခါမွာလည္၊း အရာ၀တၳဳတစ္ခုခုကို ပစ္သြင္းလိုက္တဲ့အခါ အေရးယူခံရသလုိမ်ဳိး အျပစ္ေပးမွာျဖစ္ပါတယ္။

ဥေပဒ (၁၃)

– တစ္ဆင့္အလြတ္တည္ကန္ေဘာ ကန္တင္ေပးတဲ့အခါ တိုက္ရိုက္ဂိုးမ၀င္ႏိုင္တဲ့အေနအထားမ်ဳိးမွာဆိုရင္ ဒိုင္လူႀကီးမ်ား အေနနဲ႔ လက္ေထာင္အခ်က္ျပသျခင္းကို ကန္တင္ၿပီးတာနဲ႔ ခ်လုိက္လုိ႔ ရပါတယ္။ အရင္က တျခားကစားသမားတစ္ဦးတစ္ေယာက္ထိရင္ ဒါမွမဟုတ္ ကစားမႈ ရပ္ဆိုင္းသြားမွသာ လက္ေထာင္အခ်က္ျပသျခင္းက ခ်လုိ႔ ရမွာျဖစ္ပါတယ္။
– ခုခံကစားတဲ့အသင္းအေနနဲ႔ မိမိရဲ႕ ပင္နယ္တီ ဧရိယာထဲမွာ တစ္ဆင့္အလြတ္တည္ကန္ေဘာ ကန္ခြင့္ရရွိခဲ့မယ္ဆိုရင္ အရင္လို ပင္နယ္တီဧရိယာ အျပင္ဘက္အထိ ေဘာလံုးကို ကန္ၿပီး စတင္စရာ မလိုေတာ့ပဲ သိသာတဲ့ ေဘာလံုးေရြ႕လ်ားမႈ ရွိရင္ ပင္နယ္တီ ဧရိယာအျပင္ဘက္ ေဘာလံုးမထြက္လဲ ေဘာလံုးပြဲ ျပန္လည္ စတင္မႈ အထေျမာက္တယ္လို႔ ေဖာ္ျပထားပါတယ္။
– လူတံတိုင္းကာရံျခင္းအတြက္ ေျပာင္းလဲ ျပင္ဆင္လိုက္ေသာ စည္းမ်ဥ္းပါ။ ဒီစည္းမ်ဥ္းအရ သံုးဦး (သို႔မဟုတ္) သံုးဦးထက္ပိုတဲ့ လူတံတိုင္းကာရံတဲ့အခါမွာ ျပစ္ဒဏ္ေဘာကန္ခြင့္ရတဲ့အသင္းက ကစားသမားမ်ားဟာ လူတံတိုင္းနဲ႔ (၁)မီတာ အကြာမွာ ရွိေနရမွာပဲ ျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဖီဖာပြောင်းလဲကျင့်သုံးမယ့်ဘောလုံးဥပဒေသစ်များအပိုင်း(၃)

ဥပေဒ (၁၂)

– လက်ထိဘောနဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်ဆုံးဖြတ်ချက်ဟာ ဒိုင်လူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အများဆုံးသက်ဆိုင်ပြီး လိုအပ်ရင် အရေးယူပိုင်ခွင့်ရှိပါတယ်။
– ဂိုးသမားကို ပြစ်ဒဏ်ဘောကျူးလွန်သွားတဲ့ လက်ထိဘောနဲ့ ပတ်သက်လို့ အဝါ၊ အနီပြသခွင့် မရှိပါ။
– ဂိုးသမားအား အသင်းဖော်မှ နောက်ပြန်ပေးခြင်းနဲ့ လက်ပစ်ဘောပစ်ပေးခြင်းများ ပြုလုပ်ချိန်မှာ ဂိုးသမားနေနဲ့ ဘောလုံးကို ခြေထောက်ဖြင့် ကန်ချိန် ခြေချော်ခဲ့ပါက လက်နဲ့ ဖမ်းခွင့်ရှိပါတယ်။
– အနီ အဝါ ပြသရမည့် ပြစ်ဒဏ်ဖြစ်နေပေမဲ့ ကျူးလွန်ခံရတဲ့အသင်းက ဘောလုံးကို အမြန်ပြန်စလိုတယ်ဆိုရင် ဒိုင်လူကြီးများ အနေနဲ့ ခွင့်ပြုပေးရမှာဖြစ်ပါတယ်။ ပြသရမယ့် အဝါ၊ အနီ ပြစ်ဒဏ်ကိုနောက်တစ်ကြိမ် ဘောလုံးကစားမှု ရပ်ဆိုင်းတဲ့ အချိန်မှသာ ပြန်လည်ပြသရပါမယ်။
– ဂိုးသွင်းပြီးတဲ့အခါ တရားမဝင်အောင်ပွဲခံမှု မှန်သမျှကို ဂိုးပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဒိုင်လူကြီးက အဝါကတ်ပြား ပြသရပါမယ်။
– အသင်းတာဝန်ရှိသူများနဲ့ နည်းပြများကို အရေးယူထားတဲ့ အဝါ၊အနီကတ် တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းထားရှိရပါမယ်။
– နှုတ်နဲ့ ပြစ်ဒဏ် ကျူးလွန်တာမျိုးကိုလည်း တစ်ဆင့် အလွတ်တည်ကန်ဘောပေးမှာ ဖြစ်ပါတယ်။
– အရာဝတ္ထုတစ်ခုခုကို ကန်လိုက်တဲ့အခါမှာလည်၊း အရာဝတ္ထုတစ်ခုခုကို ပစ်သွင်းလိုက်တဲ့အခါ အရေးယူခံရသလိုမျိုး အပြစ်ပေးမှာဖြစ်ပါတယ်။

ဥပေဒ (၁၃)

– တစ်ဆင့်အလွတ်တည်ကန်ဘော ကန်တင်ပေးတဲ့အခါ တိုက်ရိုက်ဂိုးမဝင်နိုင်တဲ့အနေအထားမျိုးမှာဆိုရင် ဒိုင်လူကြီးများ အနေနဲ့ လက်ထောင်အချက်ပြသခြင်းကို ကန်တင်ပြီးတာနဲ့ ချလိုက်လို့ ရပါတယ်။ အရင်က တခြားကစားသမားတစ်ဦးတစ်ယောက်ထိရင် ဒါမှမဟုတ် ကစားမှု ရပ်ဆိုင်းသွားမှသာ လက်ထောင်အချက်ပြသခြင်းက ချလို့ ရမှာဖြစ်ပါတယ်။
– ခုခံကစားတဲ့အသင်းအနေနဲ့ မိမိရဲ့ ပင်နယ်တီ ဧရိယာထဲမှာ တစ်ဆင့်အလွတ်တည်ကန်ဘော ကန်ခွင့်ရရှိခဲ့မယ်ဆိုရင် အရင်လို ပင်နယ်တီဧရိယာ အပြင်ဘက်အထိ ဘောလုံးကို ကန်ပြီး စတင်စရာ မလိုတော့ပဲ သိသာတဲ့ ဘောလုံးရွေ့လျားမှု ရှိရင် ပင်နယ်တီ ဧရိယာအပြင်ဘက် ဘောလုံးမထွက်လဲ ဘောလုံးပွဲ ပြန်လည် စတင်မှု အထမြောက်တယ်လို့ ဖော်ပြထားပါတယ်။
– လူတံတိုင်းကာရံခြင်းအတွက် ပြောင်းလဲ ပြင်ဆင်လိုက်သော စည်းမျဉ်းပါ။ ဒီစည်းမျဉ်းအရ သုံးဦး (သို့မဟုတ်) သုံးဦးထက်ပိုတဲ့ လူတံတိုင်းကာရံတဲ့အခါမှာ ပြစ်ဒဏ်ဘောကန်ခွင့်ရတဲ့အသင်းက ကစားသမားများဟာ လူတံတိုင်းနဲ့ (၁)မီတာ အကွာမှာ ရှိနေရမှာပဲ ဖြစ်ပါတယ်။

လူညိုချော@SportsGabar