ဖီဖာေျပာင္းလဲက်င့္သံုးမယ့္ေဘာလံုးဥပေဒသစ္မ်ားအပိုင္း(၂)

ဥေပဒ (၇)

– ဒိုင္လူႀကီးမ်ား အေနနဲ႔ ရာသီဥတု ပူျပင္းလြန္းတဲ့ ပြဲစဥ္မ်ားမွာ Cooling Break နဲ႔ Drinking Break တို႔ကို ရွင္းလင္းစြာ သိထားရမွာ ျဖစ္ပါတယ္။ Cooling Break ေပးသင့္သလား၊ Drinking Break ေပးသင့္သလား ဆံုးျဖတ္ရမယ့္ အဓိကလူကေတာ့ သက္ဆိုင္ရာ ၿပိဳင္ပြဲရဲ႕ Medical Officer ပဲျဖစ္ျပီး သူနဲ႔ ၿပိဳင္ပြဲႀကီးၾကပ္သူတို႔ ညွိႏိႈင္း ဆံုးျဖတ္ရျခင္းျဖစ္သည္။ Drinking Break အတြက္ ကြင္းေဘးစည္းကို မေက်ာ္ပဲ သြားေရာက္ေရေသာက္ႏိုင္ပါတယ္။ အဲဒီ့အတြက္ ရရွိမယ့္ အခ်ိန္ကေတာ့ တစ္မိနစ္ပါ။
Cooling Break အတြက္ အခ်ိန္ တစ္မိနစ္ခြဲကေန သံုးမိနစ္အထိ ေပးႏိုင္ၿပီး အရံခုံတန္းအထိ သြားေရာက္ကာ ကစားသမားေတြကို အပူခ်ိန္ကိုေလွ်ာ့ခ်ခြင့္ေပးမွာျဖစ္ပါတယ္။

ဥေပဒ (၈)

– ပြဲမစခင္မွာ ႏွစ္ဖက္အသင္းေခါင္းေဆာင္မ်ားဟာ ဒိုင္လူႀကီးဆီမွာ ေခါင္းပန္းလွန္ၿပီး ကြင္းတစ္ဖက္ျခမ္းကို ေရြးၾကရပါတယ္။ အရင္ကေတာ့ ေခါင္းပန္းလွန္တဲ့ အခ်ိန္မွာ အႏိုင္ရတဲ့ သူက ကိုယ္ႀကိဳက္တဲ့ ကြင္းဘက္ျခမ္းကို ေရြးခြင့္ ရပါတယ္။ ဒါေပမဲ့ စေပးေဘာကိုေတာ့ ရယူႏိုင္ျခင္း မရွိခဲ့ပါဘူး။ အခုေျပာင္းလဲ ျပင္ဆင္လိုက္တဲ့ ဥပေဒအရ ေခါင္းပန္းလွန္တဲ့ အခ်ိန္မွာ အႏိုင္ရတဲ့ အသင္းက ကိုယ္ႀကိဳက္တဲ့ ကြင္းဘက္ကို ေရြးမလား၊ စေပးေဘာ အရင္ေပးခ်င္လားဆိုတာကို ေရြးခ်ယ္ခြင့္ရပါတယ္။ ဒါေပမဲ့ ကြင္းကိုေရြးရင္ စေပးေဘာကို ေရြးခ်ယ္ခြင့္ မရွိသလို စေပးေဘာကို ေရြးရင္လည္း ၿပိဳင္ဘက္ကို ကြင္းေရြးခြင့္ ေပးရမွာပါ။
– ေျမခ်ေဘာနဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္း ျဖစ္ပါတယ္။ ေျမခ်ေဘာဆိုတာက အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ဒိုင္လူႀကီးက ပြဲကို ေခတၱရပ္နားၿပီး ျပန္စတဲ့ အခ်ိန္မွာ ျပဳလုပ္ေလ့ရွိတဲ့ အရာတစ္ခုပါ။(ဥပမာ – ကြင္းအတြင္း ေဘာလံုးအပို တစ္လံုး၀င္လာျခင္း) ဒိုင္လူႀကီးက ေဘာလံုးကို လက္က ကိုင္ၿပီး ေျမႀကီးေပၚခ်ရမွာျဖစ္ျပီး ေဘာလံုးက ေျမနဲ႔ ထိတာနဲ႔ ေဘာလံုးပြဲျပန္လည္ စတင္တာပါ။ ဒီလို ေျမခ်ေဘာ ျပဳလုပ္တဲ့ အခါမွာ ပင္နယ္တီဧရိယာထဲ ျဖစ္ေနပါက ဂိုးသမားဆီကို ေျမခ်ေဘာ ေပးရမွာျဖစ္ပါတယ္။ ပင္နယ္တီ ဧရိယာ ျပင္ပမွာဆိုရင္ေတာ့ ဒိုင္လူႀကီးက ေဘာလံုးပြဲကို ေခတၱမရပ္နားခင္မွာ ေနာက္ဆံုး ေဘာလံုးထိခဲ့တဲ့ ကစားသမားကို ခ်ေပးရမွာ ျဖစ္ပါတယ္။ ေျမခ်ေဘာ စတင္ခ်ိန္မွာ ေဘာလံုးစတင္မည့္သူက လြဲၿပီး အျခားကစားသမားမ်ားဟာ ေဘာလံုးနဲ႔ အနည္းဆံုး ၄ မီတာ အကြာမွာ ရွိေနရမွာ ျဖစ္ပါတယ္။

ဥေပဒ (၉)

– ေျမခ်ေဘာေပးရမယ့္ အေျခအေနတစ္ရပ္ျဖစ္ပါတယ္။ အရင္က ေဘာလံုးကစားေနရင္း ဒိုင္လူႀကီး(အကူဒိုင္မ်ား အပါအ၀င္)နဲ႔ ထိခဲ့ပါက ေဘာလံုးပြဲကို ရပ္ဆိုင္းၿပီး ေျမခ်ေဘာ ေပးရန္ မလိုအပ္ခဲ့ပါဘူး။ ဒါေပမဲ့ အခု ေျပာင္းလဲျပင္ဆင္ခ်က္မ်ားအရေတာ့ ေဘာလံုးဟာ ဒိုင္လူႀကီးနဲ႔ ထိၿပီး ဂိုး၀င္သြားျခင္း၊ ေဘာလံုးပိုင္ဆိုင္မႈ ေျပာင္းသြားျခင္း၊ လမ္းေၾကာင္းေျပာင္းသြားျခင္းတို႔ ျဖစ္ေပၚခဲ့ပါက ေျမခ်ေဘာအျဖစ္ သတ္မွတ္ေပးရန္ ျဖစ္ပါတယ္။

ဥေပဒ (၁၀)

– ဂိုးသမားသည္ ၿပိဳင္ဘက္ ဧရိယာအတြင္းသို႔ လက္ျဖင့္ ပစ္သြင္းလို႔ ဂိုး၀င္ခဲ့ပါက ဂိုးရရွိမွာ မဟုတ္ပါဘူး။ ေျပာင္းလဲျပင္ဆင္လိုက္တဲ့ ဥပေဒထဲမွာ အသိအလင္း ထည့္သြင္းခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုဥပေဒကလည္း ေတာ္ေတာ့္ကိုျဖစ္ေတာင့္ျဖစ္ခဲအေျခအေနအတြက္ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဖီဖာပြောင်းလဲကျင့်သုံးမယ့်ဘောလုံးဥပဒေသစ်များ အပိုင်း(၂)

ဥပေဒ (၇)

– ဒိုင်လူကြီးများ အနေနဲ့ ရာသီဥတု ပူပြင်းလွန်းတဲ့ ပွဲစဉ်များမှာ Cooling Break နဲ့ Drinking Break တို့ကို ရှင်းလင်းစွာ သိထားရမှာ ဖြစ်ပါတယ်။ Cooling Break ပေးသင့်သလား၊ Drinking Break ပေးသင့်သလား ဆုံးဖြတ်ရမယ့် အဓိကလူကတော့ သက်ဆိုင်ရာ ပြိုင်ပွဲရဲ့ Medical Officer ပဲဖြစ်ပြီး သူနဲ့ ပြိုင်ပွဲကြီးကြပ်သူတို့ ညှိနှိုင်း ဆုံးဖြတ်ရခြင်းဖြစ်သည်။ Drinking Break အတွက် ကွင်းဘေးစည်းကို မကျော်ပဲ သွားရောက်ရေသောက်နိုင်ပါတယ်။ အဲဒီ့အတွက် ရရှိမယ့် အချိန်ကတော့ တစ်မိနစ်ပါ။
Cooling Break အတွက် အချိန် တစ်မိနစ်ခွဲကနေ သုံးမိနစ်အထိ ပေးနိုင်ပြီး အရံခုံတန်းအထိ သွားရောက်ကာ ကစားသမားတွေကို အပူချိန်ကိုလျှော့ချခွင့်ပေးမှာဖြစ်ပါတယ်။

ဥပေဒ (၈)
– ပွဲမစခင်မှာ နှစ်ဖက်အသင်းခေါင်းဆောင်များဟာ ဒိုင်လူကြီးဆီမှာ ခေါင်းပန်းလှန်ပြီး ကွင်းတစ်ဖက်ခြမ်းကို ရွေးကြရပါတယ်။ အရင်ကတော့ ခေါင်းပန်းလှန်တဲ့ အချိန်မှာ အနိုင်ရတဲ့ သူက ကိုယ်ကြိုက်တဲ့ ကွင်းဘက်ခြမ်းကို ရွေးခွင့် ရပါတယ်။ ဒါပေမဲ့ စပေးဘောကိုတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုပြောင်းလဲ ပြင်ဆင်လိုက်တဲ့ ဥပဒေအရ ခေါင်းပန်းလှန်တဲ့ အချိန်မှာ အနိုင်ရတဲ့ အသင်းက ကိုယ်ကြိုက်တဲ့ ကွင်းဘက်ကို ရွေးမလား၊ စပေးဘော အရင်ပေးချင်လားဆိုတာကို ရွေးချယ်ခွင့်ရပါတယ်။ ဒါပေမဲ့ ကွင်းကိုရွေးရင် စပေးဘောကို ရွေးချယ်ခွင့် မရှိသလို စပေးဘောကို ရွေးရင်လည်း ပြိုင်ဘက်ကို ကွင်းရွေးခွင့် ပေးရမှာပါ။
– မြေချဘောနဲ့ ပတ်သက်တဲ့ စည်းမျဉ်း ဖြစ်ပါတယ်။ မြေချဘောဆိုတာက အကြောင်း အမျိုးမျိုးကြောင့် ဒိုင်လူကြီးက ပွဲကို ခေတ္တရပ်နားပြီး ပြန်စတဲ့ အချိန်မှာ ပြုလုပ်လေ့ရှိတဲ့ အရာတစ်ခုပါ။(ဥပမာ – ကွင်းအတွင်း ဘောလုံးအပို တစ်လုံးဝင်လာခြင်း) ဒိုင်လူကြီးက ဘောလုံးကို လက်က ကိုင်ပြီး မြေကြီးပေါ်ချရမှာဖြစ်ပြီး ဘောလုံးက မြေနဲ့ ထိတာနဲ့ ဘောလုံးပွဲပြန်လည် စတင်တာပါ။ ဒီလို မြေချဘော ပြုလုပ်တဲ့ အခါမှာ ပင်နယ်တီဧရိယာထဲ ဖြစ်နေပါက ဂိုးသမားဆီကို မြေချဘော ပေးရမှာဖြစ်ပါတယ်။ ပင်နယ်တီ ဧရိယာ ပြင်ပမှာဆိုရင်တော့ ဒိုင်လူကြီးက ဘောလုံးပွဲကို ခေတ္တမရပ်နားခင်မှာ နောက်ဆုံး ဘောလုံးထိခဲ့တဲ့ ကစားသမားကို ချပေးရမှာ ဖြစ်ပါတယ်။ မြေချဘော စတင်ချိန်မှာ ဘောလုံးစတင်မည့်သူက လွဲပြီး အခြားကစားသမားများဟာ ဘောလုံးနဲ့ အနည်းဆုံး ၄ မီတာ အကွာမှာ ရှိနေရမှာ ဖြစ်ပါတယ်။

ဥပေဒ (၉)

– မြေချဘောပေးရမယ့် အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ အရင်က ဘောလုံးကစားနေရင်း ဒိုင်လူကြီး(အကူဒိုင်များ အပါအဝင်)နဲ့ ထိခဲ့ပါက ဘောလုံးပွဲကို ရပ်ဆိုင်းပြီး မြေချဘော ပေးရန် မလိုအပ်ခဲ့ပါဘူး။ ဒါပေမဲ့ အခု ပြောင်းလဲပြင်ဆင်ချက်များအရတော့ ဘောလုံးဟာ ဒိုင်လူကြီးနဲ့ ထိပြီး ဂိုးဝင်သွားခြင်း၊ ဘောလုံးပိုင်ဆိုင်မှု ပြောင်းသွားခြင်း၊ လမ်းကြောင်းပြောင်းသွားခြင်းတို့ ဖြစ်ပေါ်ခဲ့ပါက မြေချဘောအဖြစ် သတ်မှတ်ပေးရန် ဖြစ်ပါတယ်။

ဥပေဒ (၁၀)

– ဂိုးသမားသည် ပြိုင်ဘက် ဧရိယာအတွင်းသို့ လက်ဖြင့် ပစ်သွင်းလို့ ဂိုးဝင်ခဲ့ပါက ဂိုးရရှိမှာ မဟုတ်ပါဘူး။ ပြောင်းလဲပြင်ဆင်လိုက်တဲ့ ဥပဒေထဲမှာ အသိအလင်း ထည့်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဥပဒေကလည်း တော်တော့်ကိုဖြစ်တောင့်ဖြစ်ခဲအခြေအနေအတွက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

လူညိုချော@SportsGabar