ယခုႏွစ္ေႏြရာသီေစ်းကြက္ထဲမွာျဖစ္လာႏိုင္ဖြယ္ရွိတ့ဲ ထိပ္တန္းအေျပာင္းအေရႊ႕(၃)ခု

(၂၀၁၈-၁၉)ေဘာလံုးရာသီကေတာ့လီဗာပူးလ္နဲ႔စပါးအသင္းတို႔ရဲ႕ခ်န္ပီယံလိဂ္ဗိုလ္လုပဲြၾကီးနဲ႔အတူျပီးဆံုးသြားခ့ဲပါျပီ။ လီဗာပူးလ္အသင္းက စပါးအသင္းကုိအႏိုင္ယူျပီး၊ ဥေရာပရဲ႕ခ်န္ပီယံသရဖူဘြဲ႕ကိုသိမ္းပိုုက္ရရွိသြားခ့ဲပါတယ္။

ေဘာလံုးရာသီတစ္ခုျပီးဆံုးသြားတာနဲ႔တစ္ျပိဳင္နက္ဥေရာပအသင္းေတြကလည္းလာမယ့္ရာသီအတြက္ကစားသမားေခၚယူမႈေတြျပဳလုပ္ၾကပါတယ္။ ဒီထဲကမွ ယခုႏွစ္ေႏြေစ်းကြက္ထဲမွာ အၾကီးမားဆံုးျဖစ္လာမယ့္ ထိပ္တန္းအေျပာင္းအေရႊ႕(၃)ခုကိုေဖာ္ေပးခ်င္ပါတယ္။

#၃ ဘရူႏို ဖာနန္ဒက္စ္(စပို႔စ္တင္းလစၥဘြန္း)
လက္ရွိမွာ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ လူေတြစိတ္၀င္စားေနတ့ဲ အေျပာင္းအေရႊ႕တစ္ခုကေတာ့မန္ယူႏိုက္တက္ကေခၚယူဖို႔စိတ္၀င္စားေနတ့ဲ စပို႔စ္တင္းလစၥဘြန္းအသင္းရဲ႕ ကစားသမား ဘရူႏိုဖာနန္ဒက္စ္ရဲ႕အေျပာင္းအေရႊ႕ပဲျဖစ္ပါတယ္။ ဖာနန္ဒက္စ္ ဟာ ေျခစြမ္းပိုင္းေကာင္းမြန္တ့ဲကစားသမားတစ္ဦးျဖစ္ျပီးေတာ့ လက္ရွိမွာပူပူေႏြေႏြး ေပၚတူဂီႏိုင္ငံလက္ေရြးစင္အသင္းနဲ႔ ေနရွင္လိဂ္ဖလားကိုဆြတ္ခူးရရွိထားတ့ဲသူပဲျဖစ္ပါတယ္။

ဒီရာသီမွာ စပို႔စ္တင္းလစၥဘြန္းအသင္းအတြက္သြင္းဂိုး(၂၀)ဂိုးသြင္းယူေပးထားျပီးေတာ့ ဂိုးဖန္တီးမႈ(၁၃)ၾကိမ္ထိျပဳလုပ္ေပးထားႏိုင္ခ့ဲပါတယ္။ အသက္(၂၄)ႏွစ္အရြယ္သာရွိေသးျပီးေတာ့ မန္ယူႏိုက္တက္ေခၚယူဖို႔ ၾကိဳးပမ္းေနတ့ဲကစားသမားျဖစ္ျပီး၊ ေရာက္ရွိဖို႔လည္းမ်ားေနပါတယ္။ ဖာနန္ဒက္စ္ရဲ႕ေျပာင္းေရႊ႕ေၾကးဟာ ယူရိုသန္း(၇၀)နဲ႔(၈၀)ပတ္လည္မွာရွိေနႏိုင္ျပီးေတာ့ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ခ့ဲရင္ ယခုႏွစ္အေျပာင္းအေရႊ႕ေစ်းကြက္ရဲ႕ ထိပ္တန္းအေျပာင္းအေရႊ႕တစ္ခုျဖစ္လာႏိုင္ပါတယ္။

#၂ အန္တိုနီယို ဂရစ္မန္း(အက္သလက္တီကိုမက္ဒရစ္)
အက္သလက္တီကိုအသင္းရဲ႕တိုက္စစ္မွဴး ဂရစ္မန္းဟာ ဒီေႏြေစ်းကြက္ထဲမွာအသင္းကေနထြက္ခြာမယ္လို႔ ထုတ္ေဖာ္ေျပာၾကားခ့ဲျပီး၊ လတ္တေလာမွာ ဘာစီလိုနာအသင္းနဲ႔ သတင္းေတြထြက္ေနတာလည္းျဖစ္ပါတယ္။ ဒီရာသီလာလီဂါမွာ အက္သလက္အတြက္ သြင္းဂိုး(၁၅)ဂိုးနဲ႔ဂိုးဖန္တီးမႈ(၉)ၾကိမ္ထိျပဳလုပ္ေပးထားႏိုင္ခ့ဲပါတယ္။ ဥေရာပအသင္းၾကီးေတြရဲ႕ကမ္းလွမ္းမႈေတြလည္း ေတာ္ေတာ္မ်ားမ်ား ရွိေနျပီး၊ဘယ္အသင္းကိုေရာက္မလဲဆိုတာေတာ့ တိတိက်က်မသိေသးပါဘူး။ အေျပာင္းအေရႊ႕ျဖစ္လာခ့ဲရင္ေတာ့ ဂရစ္မန္းရဲ႕အေျပာင္းအေရႊ႕ဟာ ဒီရာသီရဲ႕ ထိပ္တန္းအေျပာင္းအေရႊ႕တစ္ခုျဖစ္ႏိုင္ဖြယ္ရွိေနပါတယ္။

#၁ ဒီလစ္(ေအဂ်က္)
ေအဂ်က္အသင္းရဲ႕(၁၉)ႏွစ္အရြယ္ကစားသမားေလး ဒီလစ္ရဲ႕အေျပာင္းအေရႊ႕ကိုေတာ့ အားလံုးက စိတ္၀င္စားေနၾကတာပဲျဖစ္ပါတယ္။ ဒီလစ္ကိုေခၚယူဖို႔ ဥေရာပအသင္းၾကီးတစ္ခ်ိဳ႕က မ်က္စိက်လ်က္ရွိေနျပီး၊ အထူးသျဖင့္ မန္ယူႏုိက္တက္နဲ႔ ဘာစီလိုနာအသင္းတို႔က ေခၚယူႏိုင္ဖို႔ ၾကိဳးပမ္းေနၾကတာျဖစ္ပါတယ္။ မာေက်ာတ့ဲ ကစားဟန္ တည္ျငိမ္တ့ဲ ေျခစြမ္းေတြေၾကာင့္ ဒီလစ္ကိုေခၚယူခ်င္တ့ဲအသင္းေတြကမ်ားျပားေနတာလည္းျဖစ္ပါတယ္။ ဒီလစ္ကိုေခၚယူဖို႔ မန္ယူႏိုက္တက္နဲ႔ဘာစီလိုနာတို႔က ခ်ိတ္ဆက္လ်က္ရွိေနေပမ့ဲ ဒီလစ္ကေတာ့ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး၊ဘာမွမဆံုးျဖတ္ရေသးဘူးလို႔ေျပာၾကားထားခ့ဲပါတယ္။ ဒါေပမ့ဲ ဒီလစ္ရဲ႕အေျပာင္းအေရႊ႕ဟာေသခ်ာေပါက္ျဖစ္လာႏိုင္ဖြယ္ရွိေနျပီး၊ ဒီရာသီရဲ႕အၾကီးမားဆံုးထိပ္တန္းအေျပာင္းအေရႊ႕တစ္ခုျဖစ္လာမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ယခုနှစ်နွေရာသီဈေးကွက်ထဲမှာဖြစ်လာနိုင်ဖွယ်ရှိတဲ့ ထိပ်တန်းအပြောင်းအရွှေ့(၃)ခု

(၂၀၁၈-၁၉)ဘောလုံးရာသီကတော့လီဗာပူးလ်နဲ့စပါးအသင်းတို့ရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးနဲ့အတူပြီးဆုံးသွားခဲ့ပါပြီ။ လီဗာပူးလ်အသင်းက စပါးအသင်းကိုအနိုင်ယူပြီး၊ ဥရောပရဲ့ချန်ပီယံသရဖူဘွဲ့ကိုသိမ်းပိုက်ရရှိသွားခဲ့ပါတယ်။

ဘောလုံးရာသီတစ်ခုပြီးဆုံးသွားတာနဲ့တစ်ပြိုင်နက်ဥရောပအသင်းတွေကလည်းလာမယ့်ရာသီအတွက်ကစားသမားခေါ်ယူမှုတွေပြုလုပ်ကြပါတယ်။ ဒီထဲကမှ ယခုနှစ်နွေဈေးကွက်ထဲမှာ အကြီးမားဆုံးဖြစ်လာမယ့် ထိပ်တန်းအပြောင်းအရွှေ့(၃)ခုကိုဖော်ပေးချင်ပါတယ်။

#၃ ဘရူနို ဖာနန်ဒက်စ်(စပို့စ်တင်းလစ္စဘွန်း)

လက်ရှိမှာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လူတွေစိတ်ဝင်စားနေတဲ့ အပြောင်းအရွှေ့တစ်ခုကတော့မန်ယူနိုက်တက်ကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ စပို့စ်တင်းလစ္စဘွန်းအသင်းရဲ့ ကစားသမား ဘရူနိုဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့ပဲဖြစ်ပါတယ်။ ဖာနန်ဒက်စ် ဟာ ခြေစွမ်းပိုင်းကောင်းမွန်တဲ့ကစားသမားတစ်ဦးဖြစ်ပြီးတော့ လက်ရှိမှာပူပူနွေနွေး ပေါ်တူဂီနိုင်ငံလက်ရွေးစင်အသင်းနဲ့ နေရှင်လိဂ်ဖလားကိုဆွတ်ခူးရရှိထားတဲ့သူပဲဖြစ်ပါတယ်။

ဒီရာသီမှာ စပို့စ်တင်းလစ္စဘွန်းအသင်းအတွက်သွင်းဂိုး(၂၀)ဂိုးသွင်းယူပေးထားပြီးတော့ ဂိုးဖန်တီးမှု(၁၃)ကြိမ်ထိပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်သာရှိသေးပြီးတော့ မန်ယူနိုက်တက်ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ကစားသမားဖြစ်ပြီး၊ ရောက်ရှိဖို့လည်းများနေပါတယ်။ ဖာနန်ဒက်စ်ရဲ့ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း(၇၀)နဲ့(၈၀)ပတ်လည်မှာရှိနေနိုင်ပြီးတော့ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ရင် ယခုနှစ်အပြောင်းအရွှေ့ဈေးကွက်ရဲ့ ထိပ်တန်းအပြောင်းအရွှေ့တစ်ခုဖြစ်လာနိုင်ပါတယ်။

#၂ အန်တိုနီယို ဂရစ်မန်း(အက်သလက်တီကိုမက်ဒရစ်)
အက်သလက်တီကိုအသင်းရဲ့တိုက်စစ်မှူး ဂရစ်မန်းဟာ ဒီနွေဈေးကွက်ထဲမှာအသင်းကနေထွက်ခွာမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး၊ လတ်တလောမှာ ဘာစီလိုနာအသင်းနဲ့ သတင်းတွေထွက်နေတာလည်းဖြစ်ပါတယ်။ ဒီရာသီလာလီဂါမှာ အက်သလက်အတွက် သွင်းဂိုး(၁၅)ဂိုးနဲ့ဂိုးဖန်တီးမှု(၉)ကြိမ်ထိပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဥရောပအသင်းကြီးတွေရဲ့ကမ်းလှမ်းမှုတွေလည်း တော်တော်များများ ရှိနေပြီး၊ဘယ်အသင်းကိုရောက်မလဲဆိုတာတော့ တိတိကျကျမသိသေးပါဘူး။ အပြောင်းအရွှေ့ဖြစ်လာခဲ့ရင်တော့ ဂရစ်မန်းရဲ့အပြောင်းအရွှေ့ဟာ ဒီရာသီရဲ့ ထိပ်တန်းအပြောင်းအရွှေ့တစ်ခုဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

#၁ ဒီလစ်(အေဂျက်)
အေဂျက်အသင်းရဲ့(၁၉)နှစ်အရွယ်ကစားသမားလေး ဒီလစ်ရဲ့အပြောင်းအရွှေ့ကိုတော့ အားလုံးက စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ ဒီလစ်ကိုခေါ်ယူဖို့ ဥရောပအသင်းကြီးတစ်ချို့က မျက်စိကျလျက်ရှိနေပြီး၊ အထူးသဖြင့် မန်ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့က ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ မာကျောတဲ့ ကစားဟန် တည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် ဒီလစ်ကိုခေါ်ယူချင်တဲ့အသင်းတွေကများပြားနေတာလည်းဖြစ်ပါတယ်။ ဒီလစ်ကိုခေါ်ယူဖို့ မန်ယူနိုက်တက်နဲ့ဘာစီလိုနာတို့က ချိတ်ဆက်လျက်ရှိနေပေမဲ့ ဒီလစ်ကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး၊ဘာမှမဆုံးဖြတ်ရသေးဘူးလို့ပြောကြားထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလစ်ရဲ့အပြောင်းအရွှေ့ဟာသေချာပေါက်ဖြစ်လာနိုင်ဖွယ်ရှိနေပြီး၊ ဒီရာသီရဲ့အကြီးမားဆုံးထိပ်တန်းအပြောင်းအရွှေ့တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar