ဖီဖာေျပာင္းလဲက်င့္သံုးမယ့္ေဘာလံုးဥပေဒသစ္မ်ား အပိုင္း(၁)

ကမၻာ့ေဘာလံုးအဖြဲ႕ခ်ဳပ္ (FIFA) ရဲ႕ အဖြဲ႕၀င္ ႏိုင္ငံမ်ားက အသိအမွတ္ျပဳထားတဲ့ ဒိုင္လူႀကီးမ်ား အားလံုးဟာ ေဘာလံုးပြဲတစ္ပြဲကို ဖီဖာက ထုတ္ျပန္ထားတဲ့ ဥပေဒသ (၁၇) မ်ဳိးနဲ႔ အညီ ကိုင္တြယ္ရပါတယ္။ ယခုႏွစ္ (၂၀၁၉) မွာေတာ့ ေဘာလံုးပြဲစဥ္ေတြကို ပိုမိုထိေရာက္စြာ ထိန္းေက်ာင္းႏိုင္ဖို႔အတြက္ ျပဌာန္းျပီးသား ဥပေဒသ (၁၇) မ်ဳိးထဲကမွ ဥပေဒ(၁)၊ ဥပေဒ(၂)၊ ဥပေဒ(၆)၊ ဥပေဒ(၁၁)နဲ႔ ဥပေဒ(၁၇) တို႔ကလြဲျပီး က်န္တဲ့ ဥပေဒ(၁၂)မ်ဳိးကို ေျပာင္းလဲျပင္ဆင္ခဲ့ပါတယ္။ ေျပာင္းလဲလိုက္တဲ့ ဥပေဒေတြကေတာ့-

ဥေပဒ(၃)

အရင္တုန္းက လူစားလဲတဲ့ေနရာမွာ လူစားလဲခံရတဲ့ ကစားသမားအေနနဲ႔ မိမိႀကိဳက္ႏွစ္သက္တဲ့ ေနရာကေန ကြင္းျပင္ပသို႔ ထြက္ခြာႏိုင္ေပမဲ့ ေျပာင္းလဲျပင္ဆင္ခဲ့တဲ့ ဥပေဒအရ မိမိနဲ႔ အနီးဆံုးမွာရွိတဲ့ ကြင္းစည္းကေနသာ ထြက္ခြာရမွာ ျဖစ္ပါတယ္။ တကယ္လို႔ ဒိုင္လူႀကီးက ကစားသမားကို အနီးဆံုးကြင္းစည္းကေနထြက္ခြာဖို႔ ညႊန္ၾကားတဲ့အခါ ကစားသမားက ျငင္းဆန္ခဲ့မယ္ဆိုရင္ အ၀ါကတ္ျပား ျပသခံရမွာ ျဖစ္ျပီး၊ တစ္၀ါထိျပီးသား ကစားသမားေတြအေနနဲ႔ (၂)၀ါ (၁)နီနဲ႔ ထုတ္ပယ္ခံရမွာပဲျဖစ္ပါတယ္။

ဥေပဒ(၄)

ဂိုးသြင္းျပီးတိုင္း အကၤ်ီခ်ြတ္ေအာင္ပြဲခံတက္တဲ့ ကစားသမားေတြ လိုက္နာရမယ့္ဥပေဒတစ္ခုျဖစ္ပါတယ္။ တခ်ိဳ႕ကစားသမားေတြဟာ ေဘာလံုးဂ်ာစီေအာက္မွာ ကိုယ္ၾကပ္အက်ၤ ီေတြ ခံ၀တ္ေလ့ ရွိၾကပါတယ္။ ေအာက္ခံအက်ၤ ီ၀တ္ဆင္လိုတဲ့ ကစားသမားမ်ားအေနနဲ႔ အသင္းဂ်ာစီလက္ေမာင္းအေရာင္နဲ႔ အေရာင္တူ အက်ၤ ီကိုသာ ၀တ္ဆင္ရမွာပါ။ ဂ်ာစီ လက္ေမာင္းရဲ႕ အေရာင္ဟာ တစ္ေရာင္ထက္ ပိုေနမယ္ဆိုရင္ အဓိက အေရာင္အတိုင္း ၀တ္ဆင္ရမွာျဖစ္ၿပီး လက္ေမာင္းအေရာင္ဟာ အေရာင္ဆတူ ျဖစ္ေနတယ္ဆိုရင္ေတာ့ လက္ေမာင္းမွာပါ၀င္တဲ့ အေရာင္ေတြထဲက အေရာင္တစ္ခုကို ေရြးခ်ယ္ႏိုင္ပါတယ္။ (ဥပမာ – ဂ်ာစီ၏ လက္ေမာင္းမွာ အနီ၊ အျဖဴ၊ အျပာ သံုးေရာင္ဆတူ ရွိေနမယ္ ဆိုရင္ ႀကိဳက္ႏွစ္သက္ရာ အေရာင္တစ္ခုႏွင့္ တူေသာ ေအာက္ခံ အက်ၤ ီကို ၀တ္ဆင္ႏိုင္ပါတယ္။ အဲ့လုိဂ်ာစီမ်ဳိးကို ၀တ္ဆင္မယ္ဆိုရင္ေတာ့ အသင္းသားအားလံုး ေအာက္ခံအေရာင္တူပဲ ၀တ္ရမွာျဖစ္ပါတယ္။)

ဥေပဒ(၅)

– အေျခအေနတစ္ခုမွာ ျပသခဲ့တဲ့ အ၀ါ၊ အနီကတ္ေတြကို ဒိုင္လူႀကီးအေနနဲ႔ ပြဲျပန္စေနခ်ိန္မွာ ေျပာင္းလဲခြင့္မရွိပါဘူး။ ဒါေပမဲ့ ဒိုင္လူႀကီးဟာ ဆံုးျဖတ္ခ်က္ ျပန္လည္ေျပာင္းလဲတာကို အက်ံဳး၀င္ဖို႔ ကြင္းအတြင္းကေန ထြက္ခြာၿပီး VAR ျပန္လည္ၾကည့္ရႈတာေတြ၊ ဒါမွမဟုတ္ ကစားပြဲအခ်ိန္ပိုင္းတစ္ခု ၿပီးဆံုးတဲ့အခါ ကစားသမားကို ကြင္းအတြင္း ျပန္လာေစဖို႔ ဆံုးျဖတ္ႏိုင္ပါတယ္။
– ယခုထုတ္ျပန္လိုက္တဲ့ ဥပေဒအရ ကြင္းေဘးမွာ ရွိေနတဲ့ နည္းျပေတြ၊ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ တျခားတာ၀န္ရွိသူေတြဟာလည္း ဥပေဒခ်ိဳးေဖာက္ခဲ့ရင္ အ၀ါကတ္ အနီကတ္ေတြ ျပသခံရဖို႔ ရွိေနပါတယ္။ နည္းျပေတြက ဒိုုင္လူႀကီးေတြကိုအလြန္အမင္းေစာဒကတက္လို႔ ဒိုင္လူႀကီးေတြက နည္းျပကို ကြင္းေဘးမွာ ႀကီးၾကပ္ခြင့္ ပိတ္ၿပီး ပြဲၾကည့္ စင္ေပၚကေနသာ ၾကည့္ဖို႔ ၫႊန္ၾကားတာကို ပရိသတ္ေတြ ေတြဖူးၾကမွာပါ။ အ၀ါကတ္ေတြ အနီကတ္ေတြကိုေတာ့ ျပသျခင္း မရွိၾကပါဘူး။ ဒါေပမဲ့ အခုျပင္ဆင္ ျဖည့္စြက္လိုက္တဲ့ ဥပေဒမွာေတာ့ ဒိုင္လူႀကီးေတြဟာ ျပစ္ဒဏ္အနည္း အမ်ားေပၚ မူတည္ၿပီး အုပ္ခ်ဳပ္သူ၊ နည္းျပေတြကို အ၀ါ၊ အနီ ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ျပစ္ဒဏ္က်ဴးလြန္မႈ မေသခ်ာေသာ အ၀ါအနီေတြကိုေတာ့ နည္းျပခ်ဳပ္ျဖစ္သူက တာ၀န္ယူရမွာပဲ ျဖစ္ပါတယ္။ (ဥပမာ – အရံထိုင္ခံုကေန ဒိုင္လူႀကီးကို ရင့္သီးတဲ့ စကားအသံုးအႏႈန္းတစ္ခုနဲ႔ လွမ္းေအာ္လိုက္တယ္ ဆိုပါစို႔၊ ဒိုင္လူႀကီးက ဒီစကားကို ၾကားလိုက္ေပမဲ့ ဘယ္သူေျပာလိုက္မွန္း ေသခ်ာမသိတဲ့ အေနအထားမ်ိဳးမွာဆိုရင္ေတာ့ အသံလာရာဘက္မွာရွိေနတဲ့ အသင္းရဲ႕ နည္းျပခ်ဳပ္က ဒိုင္လူႀကီး ျပသမယ့္ အ၀ါ၊အနီကို တာ၀န္ယူရမွာ ျဖစ္ပါတယ္။)
– ပင္နယ္တီျပစ္ဒဏ္သတ္မွတ္လိုက္ခ်ိန္မွာ ျပစ္ဒဏ္ က်ဴးလြန္ခံရသူအတြက္ အခြင့္အေရးေပးတဲ့အေနနဲ႔ ေျပာင္းလဲျပင္ဆင္လိုက္တဲ့ ဥပေဒတစ္ရပ္ျဖစ္ပါတယ္။ အရင္တုန္းက ပင္နယ္တီ ျပစ္ဒဏ္က်ဴးလြန္ခံရသူဟာ ေဆးကုသမႈ ခံယူရပါက ပင္နယ္တီကန္သြင္းခြင့္မရွိပဲ ကြင္းျပင္သို႔ ထြက္ခြာကာ ေဆးကုသျပီးမွ ကြင္းအတြင္း ျပန္၀င္ခြင့္ ရွိခဲ့ပါတယ္။ ယခု ဥပေဒအသစ္အရ သူကိုယ္တုိင္ ပင္နယ္တီကို ကန္ခ်င္တယ္ဆိုရင္ ကြင္းထဲမွာ ေဆးကုသမႈခံယူအၿပီး ကန္ခြင့္ရမွာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဖီဖာပြောင်းလဲကျင့်သုံးမယ့်ဘောလုံးဥပဒေသစ်များ အပိုင်း(၁)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ အဖွဲ့ဝင် နိုင်ငံများက အသိအမှတ်ပြုထားတဲ့ ဒိုင်လူကြီးများ အားလုံးဟာ ဘောလုံးပွဲတစ်ပွဲကို ဖီဖာက ထုတ်ပြန်ထားတဲ့ ဥပဒေသ (၁၇) မျိုးနဲ့ အညီ ကိုင်တွယ်ရပါတယ်။ ယခုနှစ် (၂၀၁၉) မှာတော့ ဘောလုံးပွဲစဉ်တွေကို ပိုမိုထိရောက်စွာ ထိန်းကျောင်းနိုင်ဖို့အတွက် ပြဌာန်းပြီးသား ဥပဒေသ (၁၇) မျိုးထဲကမှ ဥပဒေ(၁)၊ ဥပဒေ(၂)၊ ဥပဒေ(၆)၊ ဥပဒေ(၁၁)နဲ့ ဥပဒေ(၁၇) တို့ကလွဲပြီး ကျန်တဲ့ ဥပဒေ(၁၂)မျိုးကို ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။ ပြောင်းလဲလိုက်တဲ့ ဥပဒေတွေကတော့-

ဥပေဒ(၃)

အရင်တုန်းက လူစားလဲတဲ့နေရာမှာ လူစားလဲခံရတဲ့ ကစားသမားအနေနဲ့ မိမိကြိုက်နှစ်သက်တဲ့ နေရာကနေ ကွင်းပြင်ပသို့ ထွက်ခွာနိုင်ပေမဲ့ ပြောင်းလဲပြင်ဆင်ခဲ့တဲ့ ဥပဒေအရ မိမိနဲ့ အနီးဆုံးမှာရှိတဲ့ ကွင်းစည်းကနေသာ ထွက်ခွာရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဒိုင်လူကြီးက ကစားသမားကို အနီးဆုံးကွင်းစည်းကနေထွက်ခွာဖို့ ညွှန်ကြားတဲ့အခါ ကစားသမားက ငြင်းဆန်ခဲ့မယ်ဆိုရင် အဝါကတ်ပြား ပြသခံရမှာ ဖြစ်ပြီး၊ တစ်ဝါထိပြီးသား ကစားသမားတွေအနေနဲ့ (၂)ဝါ (၁)နီနဲ့ ထုတ်ပယ်ခံရမှာပဲဖြစ်ပါတယ်။

ဥပေဒ(၄)

ဂိုးသွင်းပြီးတိုင်း အင်္ကျီချွတ်အောင်ပွဲခံတက်တဲ့ ကစားသမားတွေ လိုက်နာရမယ့်ဥပဒေတစ်ခုဖြစ်ပါတယ်။ တချို့ကစားသမားတွေဟာ ဘောလုံးဂျာစီအောက်မှာ ကိုယ်ကြပ်အင်္ကျ ီတွေ ခံဝတ်လေ့ ရှိကြပါတယ်။ အောက်ခံအင်္ကျ ီဝတ်ဆင်လိုတဲ့ ကစားသမားများအနေနဲ့ အသင်းဂျာစီလက်မောင်းအရောင်နဲ့ အရောင်တူ အင်္ကျ ီကိုသာ ဝတ်ဆင်ရမှာပါ။ ဂျာစီ လက်မောင်းရဲ့ အရောင်ဟာ တစ်ရောင်ထက် ပိုနေမယ်ဆိုရင် အဓိက အရောင်အတိုင်း ဝတ်ဆင်ရမှာဖြစ်ပြီး လက်မောင်းအရောင်ဟာ အရောင်ဆတူ ဖြစ်နေတယ်ဆိုရင်တော့ လက်မောင်းမှာပါဝင်တဲ့ အရောင်တွေထဲက အရောင်တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ (ဥပမာ – ဂျာစီ၏ လက်မောင်းမှာ အနီ၊ အဖြူ၊ အပြာ သုံးရောင်ဆတူ ရှိနေမယ် ဆိုရင် ကြိုက်နှစ်သက်ရာ အရောင်တစ်ခုနှင့် တူသော အောက်ခံ အင်္ကျ ီကို ဝတ်ဆင်နိုင်ပါတယ်။ အဲ့လိုဂျာစီမျိုးကို ဝတ်ဆင်မယ်ဆိုရင်တော့ အသင်းသားအားလုံး အောက်ခံအရောင်တူပဲ ဝတ်ရမှာဖြစ်ပါတယ်။)

ဥပေဒ(၅)

– အခြေအနေတစ်ခုမှာ ပြသခဲ့တဲ့ အဝါ၊ အနီကတ်တွေကို ဒိုင်လူကြီးအနေနဲ့ ပွဲပြန်စနေချိန်မှာ ပြောင်းလဲခွင့်မရှိပါဘူး။ ဒါပေမဲ့ ဒိုင်လူကြီးဟာ ဆုံးဖြတ်ချက် ပြန်လည်ပြောင်းလဲတာကို အကျုံးဝင်ဖို့ ကွင်းအတွင်းကနေ ထွက်ခွာပြီး VAR ပြန်လည်ကြည့်ရှုတာတွေ၊ ဒါမှမဟုတ် ကစားပွဲအချိန်ပိုင်းတစ်ခု ပြီးဆုံးတဲ့အခါ ကစားသမားကို ကွင်းအတွင်း ပြန်လာစေဖို့ ဆုံးဖြတ်နိုင်ပါတယ်။
– ယခုထုတ်ပြန်လိုက်တဲ့ ဥပဒေအရ ကွင်းဘေးမှာ ရှိနေတဲ့ နည်းပြတွေ၊ အုပ်ချုပ်ရေးပိုင်းနဲ့ တခြားတာဝန်ရှိသူတွေဟာလည်း ဥပဒေချိုးဖောက်ခဲ့ရင် အဝါကတ် အနီကတ်တွေ ပြသခံရဖို့ ရှိနေပါတယ်။ နည်းပြတွေက ဒိုင်လူကြီးတွေကိုအလွန်အမင်းစောဒကတက်လို့ ဒိုင်လူကြီးတွေက နည်းပြကို ကွင်းဘေးမှာ ကြီးကြပ်ခွင့် ပိတ်ပြီး ပွဲကြည့် စင်ပေါ်ကနေသာ ကြည့်ဖို့ ညွှန်ကြားတာကို ပရိသတ်တွေ တွေဖူးကြမှာပါ။ အဝါကတ်တွေ အနီကတ်တွေကိုတော့ ပြသခြင်း မရှိကြပါဘူး။ ဒါပေမဲ့ အခုပြင်ဆင် ဖြည့်စွက်လိုက်တဲ့ ဥပဒေမှာတော့ ဒိုင်လူကြီးတွေဟာ ပြစ်ဒဏ်အနည်း အများပေါ် မူတည်ပြီး အုပ်ချုပ်သူ၊ နည်းပြတွေကို အဝါ၊ အနီ ပြသကြတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်ကျူးလွန်မှု မသေချာသော အဝါအနီတွေကိုတော့ နည်းပြချုပ်ဖြစ်သူက တာဝန်ယူရမှာပဲ ဖြစ်ပါတယ်။ (ဥပမာ – အရံထိုင်ခုံကနေ ဒိုင်လူကြီးကို ရင့်သီးတဲ့ စကားအသုံးအနှုန်းတစ်ခုနဲ့ လှမ်းအော်လိုက်တယ် ဆိုပါစို့၊ ဒိုင်လူကြီးက ဒီစကားကို ကြားလိုက်ပေမဲ့ ဘယ်သူပြောလိုက်မှန်း သေချာမသိတဲ့ အနေအထားမျိုးမှာဆိုရင်တော့ အသံလာရာဘက်မှာရှိနေတဲ့ အသင်းရဲ့ နည်းပြချုပ်က ဒိုင်လူကြီး ပြသမယ့် အဝါ၊အနီကို တာဝန်ယူရမှာ ဖြစ်ပါတယ်။)
– ပင်နယ်တီပြစ်ဒဏ်သတ်မှတ်လိုက်ချိန်မှာ ပြစ်ဒဏ် ကျူးလွန်ခံရသူအတွက် အခွင့်အရေးပေးတဲ့အနေနဲ့ ပြောင်းလဲပြင်ဆင်လိုက်တဲ့ ဥပဒေတစ်ရပ်ဖြစ်ပါတယ်။ အရင်တုန်းက ပင်နယ်တီ ပြစ်ဒဏ်ကျူးလွန်ခံရသူဟာ ဆေးကုသမှု ခံယူရပါက ပင်နယ်တီကန်သွင်းခွင့်မရှိပဲ ကွင်းပြင်သို့ ထွက်ခွာကာ ဆေးကုသပြီးမှ ကွင်းအတွင်း ပြန်ဝင်ခွင့် ရှိခဲ့ပါတယ်။ ယခု ဥပဒေအသစ်အရ သူကိုယ်တိုင် ပင်နယ်တီကို ကန်ချင်တယ်ဆိုရင် ကွင်းထဲမှာ ဆေးကုသမှုခံယူအပြီး ကန်ခွင့်ရမှာဖြစ်ပါတယ်။

လူညိုချော@SportsGabar