အက္သလက္ဂိုးသမားကိုမ်က္စိက်လ်က္ရွေိနတ့ဲ မန္ယူႏိုက္တက္

လက္ရွိထြက္ေပၚေနတ့ဲသတင္းေတြအရ မန္ယူႏိုက္တက္အသင္းက အက္သလက္ဂိုးသမား အိုဘလက္ခ္ ကိုေခၚယူဖို႔စိတ္၀င္စားေနတယ္လို႔သိရပါတယ္။ ဒီရာသီမွာအသင္းကေနထြက္ခြာဖို႔ နာမည္ၾကီးေနတ့ဲ ဂိုးသမားဒီဂီယာရဲ႕ေနရာမွာအစားထိုးဖို႔ မန္ယူႏိုက္တက္ဘက္က အိုဘလက္ခ္ကိုပစ္မွတ္ထားလာတာျဖစ္တယ္လို႔သိရပါတယ္။

လက္ရွိအခ်ိန္မွာ မန္ယူႏိုက္တက္နဲ႔ ဂိုးသမားဒီဂီယာတို႔ဟာ စာခ်ဳသက္တမ္းတိုးဖို႔အဆင္မေျပျဖစ္ေနျပီး၊ ဒီဂီယာဘက္က စာခ်ဳပ္သက္တမ္းတိုးမယ့္ ကိစၥကို တြန္႕ဆုတ္လုပ္ေနတယ္လို႔သိရပါတယ္။ ဒီဂီယာကိုေခၚယူဖို႔ ျပင္သစ္ဘီလူးၾကီး ပီအက္စ္ဂ်ီနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔က စိတ္၀င္စားေနတာျဖစ္ျပီး၊ ဒီဂီယာဘက္ကလည္း အသင္းေျပာင္းေရႊ႕ဖို႔ စိတ္ကူးထားတယ္လို႔ သတင္းေတြအရ သိရပါတယ္။

ဒီလိုအေျခအေနမွာ မန္ယူႏိုက္တက္ဘက္ ဒီဂီယာေနရာမွာ အစားထိုးဖို႔အတြက္ ဂိုးသမားတစ္ဦးကိုေခၚယူဖို႔ၾကိဳးပမ္းလာတာျဖစ္ပါတယ္။ မန္ယူႏိုက္တက္ကစိတ္၀င္စားေနတ့ဲ အက္သလက္ဂိုးသမားအိုဘလက္ခ္ကိုေခၚယူဖို႔ ပီအက္စ္ဂ်ီအသင္းကလည္း စိတ္၀င္စားလ်က္၇ွိေနျပီး၊ ဂိုးသမားအိုဘလက္ခ္ကေတာ့ ပီအက္စ္ဂ်ီအသင္းရွိတ့ဲ ျပင္သစ္လိဂ္မွာ သြားကစားဖို႔ထက္ ပရီးမီးယားလိဂ္မွာ ကစားဖို႔ကိုပဲပိုျပီးစိတ္၀င္စားမႈရွိေနတယ္လို႔သိရပါတယ္။

အိုဘလက္ခ္ဟာ ဒီရာသီအေစာပိုင္းက အက္သလက္အသင္းနဲ႔ (၂၀၂၃)ခုႏွစ္အထိရွိေနမယ့္ စာခ်ဳပ္သစ္ကိုခ်ဳပ္ဆိုခ့ဲတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မန္ယူႏိုက္တက္အေနနဲ႔ အိုဘလက္ခ္ကိုေခၚယူခ်င္တယ္ဆိုရင္ေတာ့ ေျပာင္းေရႊ႕ေၾကးကို မ်ားမ်ားစားစားသံုးရဖို႔ရွိေနပါတယ္။ အက္သလက္တီကိုတိုက္စစ္မွဴး ဂရစ္မန္းကလည္း သူ႔အေနနဲပ ဒီေႏြေစ်းကြက္ထဲမွာ အသင္းကေနထြက္ခြာဖို႔ ဆံုးျဖတ္ထားတယ္လို႔ေျပာၾကားထားခ့ဲျပီး၊ အသင္းမွာရွိတ့ဲ အသင္းေခါင္းေဆာင္ ဂိုဒင္၊ ဟာနန္ဒက္ဇ္၊ ဂ်ဴရယ္ဖရန္နဲပ ဖီလစ္ပီ လူး၀စ္ တို႔ကလည္း အသင္းကေနထြက္ခြာသြားၾကပါျပီျဖစ္ပါတယ္။

ဒါ့ေၾကာင့္ အသင္းရဲ႕ဂိုးသမား အိုဘလက္ခ္အေနနဲပ အက္သလက္ကိုစြန္႔ခြာဖြယ္ရွိေနျပီး၊ သတင္းေတြထြက္ေနသလို မန္ယူႏိုက္တက္ကိုပဲေရာက္ရွိသြားမလား၊ ဒါမွမဟုတ္ အျခားအသင္းကိုပဲေရာက္ရွိသြားမလား၊ အက္သလက္မွာပဲဆက္ရွိေနမလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အက်သလက်ဂိုးသမားကိုမျက်စိကျလျက်ရှေိနတဲ့ မန်ယူနိုက်တက်

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ မန်ယူနိုက်တက်အသင်းက အက်သလက်ဂိုးသမား အိုဘလက်ခ် ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ဒီရာသီမှာအသင်းကနေထွက်ခွာဖို့ နာမည်ကြီးနေတဲ့ ဂိုးသမားဒီဂီယာရဲ့နေရာမှာအစားထိုးဖို့ မန်ယူနိုက်တက်ဘက်က အိုဘလက်ခ်ကိုပစ်မှတ်ထားလာတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာ မန်ယူနိုက်တက်နဲ့ ဂိုးသမားဒီဂီယာတို့ဟာ စာချုသက်တမ်းတိုးဖို့အဆင်မပြေဖြစ်နေပြီး၊ ဒီဂီယာဘက်က စာချုပ်သက်တမ်းတိုးမယ့် ကိစ္စကို တွန့်ဆုတ်လုပ်နေတယ်လို့သိရပါတယ်။ ဒီဂီယာကိုခေါ်ယူဖို့ ပြင်သစ်ဘီလူးကြီး ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပြီး၊ ဒီဂီယာဘက်ကလည်း အသင်းပြောင်းရွှေ့ဖို့ စိတ်ကူးထားတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒီလိုအခြေအနေမှာ မန်ယူနိုက်တက်ဘက် ဒီဂီယာနေရာမှာ အစားထိုးဖို့အတွက် ဂိုးသမားတစ်ဦးကိုခေါ်ယူဖို့ကြိုးပမ်းလာတာဖြစ်ပါတယ်။ မန်ယူနိုက်တက်ကစိတ်ဝင်စားနေတဲ့ အက်သလက်ဂိုးသမားအိုဘလက်ခ်ကိုခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားလျက်၇ှိနေပြီး၊ ဂိုးသမားအိုဘလက်ခ်ကတော့ ပီအက်စ်ဂျီအသင်းရှိတဲ့ ပြင်သစ်လိဂ်မှာ သွားကစားဖို့ထက် ပရီးမီးယားလိဂ်မှာ ကစားဖို့ကိုပဲပိုပြီးစိတ်ဝင်စားမှုရှိနေတယ်လို့သိရပါတယ်။

အိုဘလက်ခ်ဟာ ဒီရာသီအစောပိုင်းက အက်သလက်အသင်းနဲ့ (၂၀၂၃)ခုနှစ်အထိရှိနေမယ့် စာချုပ်သစ်ကိုချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် မန်ယူနိုက်တက်အနေနဲ့ အိုဘလက်ခ်ကိုခေါ်ယူချင်တယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးကို များများစားစားသုံးရဖို့ရှိနေပါတယ်။ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်မန်းကလည်း သူ့အနေနဲပ ဒီနွေဈေးကွက်ထဲမှာ အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ပြောကြားထားခဲ့ပြီး၊ အသင်းမှာရှိတဲ့ အသင်းခေါင်းဆောင် ဂိုဒင်၊ ဟာနန်ဒက်ဇ်၊ ဂျူရယ်ဖရန်နဲပ ဖီလစ်ပီ လူးဝစ် တို့ကလည်း အသင်းကနေထွက်ခွာသွားကြပါပြီဖြစ်ပါတယ်။

ဒါ့ကြောင့် အသင်းရဲ့ဂိုးသမား အိုဘလက်ခ်အနေနဲပ အက်သလက်ကိုစွန့်ခွာဖွယ်ရှိနေပြီး၊ သတင်းတွေထွက်နေသလို မန်ယူနိုက်တက်ကိုပဲရောက်ရှိသွားမလား၊ ဒါမှမဟုတ် အခြားအသင်းကိုပဲရောက်ရှိသွားမလား၊ အက်သလက်မှာပဲဆက်ရှိနေမလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar