သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီးတစ္စြန္းတစ္စဖြင့္ဟသြားခဲ့တဲ့ဒီလစ္

ဘာစီလိုနာအသင္းဟာ ဒီရာသီမွာ ကစားသမားေခၚယူမႈ အနည္းဆံုး (၄)ခုျပဳလုပ္သြားဖို႔ရွိေနျပီး၊ ေအဂ်က္လူငယ္ ဒီေဂ်ာင္ကို ေခၚယူထားျပီးျဖစ္ကာ ေစ်းကြက္အတြင္း ေနာက္ထပ္ေျခလွမ္းအျဖစ္ ဒီလစ္နဲ႔ ဂေရ႕ဇ္မန္း တို႔ကို ပစ္မွတ္ထားေနပါတယ္။

အသက္(၁၉)အရြယ္သာရွိေသးတဲ့ ဒီလစ္ဟာ ျပီးခဲ့တဲ့ တနဂၤေႏြေန႔က ေပၚတူဂီအသင္းနဲ႔ကစားခဲ့တဲ့ ေနရွင္လိဂ္ဗိုလ္လုပြဲမွာ နယ္သာလန္အတြက္ ပြဲထြက္ကစားေပးခဲ့သူလည္းျဖစ္ပါတယ္။ ေနရွင္လိဂ္ျပိဳင္ပြဲ ျပီးဆံုးခ်ိန္က်မွ သူ႕ရဲ႕အနာဂတ္နဲ႔ပက္သက္ျပီး ဆံုးျဖတ္မယ္လို႔ ေျပာၾကားထားတဲ့ ဒီလစ္တစ္ေယာက္ အခုဆိုရင္ သူေျပာထားတဲ့ အခ်ိန္ကာလ ထဲကိုေရာက္ေနျပီလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ သူေျပာင္းေရႊ႕မယ့္ အသင္းနဲ႔ပက္သက္ျပီး အရိပ္အေငြ႔ေတြပါေနတဲ့ အေျဖတစ္ခုကို အင္တာဗ်ဴးတစ္ခုမွာ အခုလိုေျပာၾကားသြားခဲ့ပါတယ္။ ဒီလစ္က-

” ဘာစီလိုနာကို ေျပာင္းျဖစ္ခဲ့ရင္လား? အဲဒါဆို အရမ္းေကာင္းပါလိမ့္မယ္၊ ဒါေပမဲ့ ကြ်န္ေတာ့္အတြက္ ဘာက အေကာင္းဆံုးျဖစ္ႏိုင္မလဲဆိုတာကို ျပန္ၾကည့္ရပါဦးမယ္၊ ကြ်န္ေတာ့္ ႏွလံုးသားက ဘာေျပာလဲဆိုတာကို ကြ်န္ေတာ္ခုထိ မသိေသးဘူး ”

” ေအဂ်က္နဲ႔ နယ္သာလန္တို႔အတြက္ ကြ်န္ေတာ္ တစ္ခ်ိန္လံုး အာရံုစိုက္ခဲ့ျပီးျပီ၊ အခု ကြ်န္ေတာ့္ရဲ႕အားလပ္ရက္အတြင္းမွာ အနာဂတ္အေၾကာင္းကို စဥ္းစားသြားမွာပါ၊ ျပီးေတာ့ ကြ်န္ေတာ္ ဘာလုပ္သင့္လဲဆိုတာကို ဆံုးျဖတ္ခ်က္ခ်သြားပါမယ္၊ ေလာေလာဆယ္ေတာ့ ကြ်န္ေတာ္ အနားယူပါဦးမယ္ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဒီလစ္ရဲ႕ေျပာၾကားခ်က္အရ နယ္သာလန္နဲ႔ေအဂ်က္အသင္းေဖာ္ ဒီေဂ်ာင္ ရွိေနတဲ့ ဘာစီလိုနာအသင္းထံ ေျပာင္းေရႊ႕ဖို႔ သူ႔အေနနဲ႔ဆႏၵရွိေနပံုရျပီး၊ သူ႔ရဲ႕ကိုယ္ပိုင္အားလပ္ရက္ အျပီးမွာေတာ့ တိက်ေသခ်ာတဲ့အေျဖတစ္ခုကို ထုတ္ေပးသြားဖြယ္ရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တစ်စွန်းတစ်စ ဖွင့်ဟသွားခဲ့တဲ့ ဒီလစ်

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ကစားသမားခေါ်ယူမှု အနည်းဆုံး (၄)ခုပြုလုပ်သွားဖို့ရှိနေပြီး၊ အေဂျက်လူငယ် ဒီဂျောင်ကို ခေါ်ယူထားပြီးဖြစ်ကာ ဈေးကွက်အတွင်း နောက်ထပ်ခြေလှမ်းအဖြစ် ဒီလစ်နဲ့ ဂရေ့ဇ်မန်း တို့ကို ပစ်မှတ်ထားနေပါတယ်။

အသက်(၁၉)အရွယ်သာရှိသေးတဲ့ ဒီလစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပေါ်တူဂီအသင်းနဲ့ကစားခဲ့တဲ့ နေရှင်လိဂ်ဗိုလ်လုပွဲမှာ နယ်သာလန်အတွက် ပွဲထွက်ကစားပေးခဲ့သူလည်းဖြစ်ပါတယ်။ နေရှင်လိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်ကျမှ သူ့ရဲ့အနာဂတ်နဲ့ပက်သက်ပြီး ဆုံးဖြတ်မယ်လို့ ပြောကြားထားတဲ့ ဒီလစ်တစ်ယောက် အခုဆိုရင် သူပြောထားတဲ့ အချိန်ကာလ ထဲကိုရောက်နေပြီလည်းဖြစ်ပါတယ်။

ဒါကြောင့် သူပြောင်းရွှေ့မယ့် အသင်းနဲ့ပက်သက်ပြီး အရိပ်အငွေ့တွေပါနေတဲ့ အဖြေတစ်ခုကို အင်တာဗျူးတစ်ခုမှာ အခုလိုပြောကြားသွားခဲ့ပါတယ်။ ဒီလစ်က-

” ဘာစီလိုနာကို ပြောင်းဖြစ်ခဲ့ရင်လား? အဲဒါဆို အရမ်းကောင်းပါလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော့်အတွက် ဘာက အကောင်းဆုံးဖြစ်နိုင်မလဲဆိုတာကို ပြန်ကြည့်ရပါဦးမယ်၊ ကျွန်တော့် နှလုံးသားက ဘာပြောလဲဆိုတာကို ကျွန်တော်ခုထိ မသိသေးဘူး ”

” အေဂျက်နဲ့ နယ်သာလန်တို့အတွက် ကျွန်တော် တစ်ချိန်လုံး အာရုံစိုက်ခဲ့ပြီးပြီ၊ အခု ကျွန်တော့်ရဲ့အားလပ်ရက်အတွင်းမှာ အနာဂတ်အကြောင်းကို စဉ်းစားသွားမှာပါ၊ ပြီးတော့ ကျွန်တော် ဘာလုပ်သင့်လဲဆိုတာကို ဆုံးဖြတ်ချက်ချသွားပါမယ်၊ လောလောဆယ်တော့ ကျွန်တော် အနားယူပါဦးမယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီလစ်ရဲ့ပြောကြားချက်အရ နယ်သာလန်နဲ့အေဂျက်အသင်းဖော် ဒီဂျောင် ရှိနေတဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ သူ့အနေနဲ့ဆန္ဒရှိနေပုံရပြီး၊ သူ့ရဲ့ကိုယ်ပိုင်အားလပ်ရက် အပြီးမှာတော့ တိကျသေချာတဲ့အဖြေတစ်ခုကို ထုတ်ပေးသွားဖွယ်ရှိနေပါတယ်။

လူညိုချော@SportsGabar