ဂ်ဴဗင္တပ္ သို႔မဟုတ္ အေျပာင္းအေရႊ႕ဘုရင္ အပိုင္း(၂)

အပိုင္း (၁)ကို ျပန္လည္ ဖတ္ရႈရန္

လက္ရွိအေျပာင္းအေရႊ႕ကာလမွာလည္း ဂ်ဴဗင္တပ္ဟာ အာဆင္နယ္အသင္းနဲ႔စာခ်ဳပ္သစ္ ထပ္မခ်ဳပ္ေတာ့တဲ့ ေ၀းလ္ကြင္းလယ္လူ ရမ္းေဆးကို ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ အမိအရေခၚယူထားပါတယ္။ ဒါေၾကာင့္ ေစ်းကြက္အတြင္းမွာ ဂ်ဴဗင္တပ္အသင္း အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့တဲ့အျပင္ အသင္းအတြက္လည္း မ်ားစြာ အက်ိဳးျပဳခဲ့တဲ့ နာမည္ေက်ာ္ ကစားသမားေတြ အေၾကာင္းကိုေဖာ္ျပေပးသြားခ်င္ပါတယ္။

(၁) အန္ဒရီယာပီယာလို (၂၀၁၁-၂၀၁၂)

ကစားသမားဘ၀မွာ ပီယာလိုဟာ အီတလီလက္ေရြးစင္အသင္းနဲ႔အတူ ကမာၻ႔ဖလား (၁)ၾကိမ္၊ ေအစီမီလန္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား (၂)ၾကိမ္ နဲ႔ စကူဒက္တိုဖလား (၆)ၾကိမ္အထိ ရယူႏိုင္ခဲ့တဲ့ ကြင္းလယ္ကစားသမားၾကီးတစ္ဦးျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ဟာ(၂၀၁၁-၂၀၁၂) ေဘာလံုးရာသီမွာ အီတလီကြင္းလယ္ဖန္တီးရွင္ ပီယာလိုကို ေအစီမီလန္အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္မွာ (၄)ႏွစ္ၾကာကစားေပးခဲ့ျပီး၊ ကိုပါအီတလီယာဖလား(၁)ၾကိမ္ နဲ႔ စီးရီးေအခ်န္ပီယံဘြဲ႔ကို (၄)ႏွစ္ဆက္တိုက္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ (၂၀၁၅) ခုႏွစ္မွာ ေမဂ်ာလိဂ္ကလပ္ နယူးေယာက္စီးတီးအသင္းထံေျပာင္းေရႊ႕သြားခဲ့တဲ့ ဖရီးကစ္ဝိဇၨာၾကီးဟာ ဂ်ဴဗင္တပ္မွာ ေအာင္ျမင္တဲ့ကစားသမားဘ၀ကို ျဖတ္သန္းႏိုင္ခဲ့သလို အိုးေလဒီတို႔အတြက္လည္း အက်ိဳးရွိတဲ့ ေခၚယူမႈတစ္ခုျဖစ္ခဲ့ပါတယ္။

(၂) ေပါေပါ့ဘာ (၂၀၁၂-၂၀၁၃)

ဂ်ဴဗင္တပ္ကို ပီယာလိုနဲ႔ေ႔ရွဆင့္ေနာက္ဆင့္ ေရာက္ရွိခဲ့တဲ့ ျပင္သစ္ကြင္းလယ္ကစားသမားျဖစ္ပါတယ္။ လူငယ္ကစားသမားဘ၀ ယူႏိုက္တက္မွာ နည္းျပၾကီး ဖာဂူဆန္ရဲ႕မ်က္ႏွာသာေပးမႈကို မရခဲ့တဲ့ေနာက္ (၂၀၁၃)ခုႏွစ္မွာ ဂ်ဴဗင္တပ္အသင္းထံ ေျပာင္းေရႊ႔ဖို႔ ဆံုးျဖတ္ခဲ့သူပါ။ ေပါ့ဘာရဲ႕ဆံုးျဖတ္ခ်က္ဟာ မွန္ကန္ခဲ့တယ္လို႔ေျပာရမွာျဖစ္ျပီး ကံေကာင္းစြာနဲ႔ ပီယာလို၊ ဗီဒယ္တို႔လို ကြင္းလယ္ကစားသမားၾကီးေတြထံကေန သင္ယူခြင့္ရခဲ့ျပီး သူ႔ရဲ႕ေျခစြမ္းဟာလည္း ကမာၻ႔ထိပ္တန္းအဆင့္ကို ေရာက္ရွိလာခဲ့ပါတယ္။ မန္ယူႏိုက္တက္အပယ္ခံ ေပါ့ဘာဟာ ဂ်ဴဗင္တပ္မွာ ေအာင္ျမင္ခဲ့ျပီး စီးရီးေအခ်န္ပီယံ (၄)ၾကိမ္ဆက္၊ ကိုပါအီတလီယာ (၂)ၾကိမ္ဆက္ ရယူႏိုင္ခဲ့ကာ(၂၀၁၆)ခုႏွစ္မွာေတာ့အသင္းေဟာင္း မန္ယူႏိုက္တက္ထံ ျပန္လည္ေျပာင္းေရႊ႕ခဲ့ပါတယ္။ ဂ်ဴဗင္တပ္အေနနဲ႔ ေပါ့ဘာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရရွိခဲ့ေပမဲ့ ျပန္လည္ေရာင္းခ်ခ်ိန္မွာေတာ့ ယူရို (၁၀၅)သန္းျပန္လည္ ရရွိခဲ့လို႔ ေတာ္ေတာ္ေလးကို အက်ိဳးျဖစ္ထြန္းခဲ့တယ္လို႔ဆိုရမွာပါ။

(၃) ဒန္နီအဲလ္ဗက္ (၂၀၁၆-၂၀၁၇)

ဘာစီလိုနာမွာ ခ်န္ပီယံလိဂ္ဖလား (၃)ၾကိမ္ ရယူႏိုင္ခဲ့ျပီးေနာက္၊ (၂၀၁၆-၂၀၁၇)ေဘာလံုးရာသီမွာ ဂ်ဴဗင္တပ္ဟာ ေနာက္ခံလူအဲလ္ဗက္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္အတြက္ (၁)ရာသီၾကာသာ ကစားေပးခဲ့ေပမဲ့ စီးရီးေအဖလားနဲ႔ကိုပါအီတလီယာဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့ျပီး၊ (၃၃)ပြဲကစား (၆)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ (၂၀၁၇)ခုႏွစ္အကုန္မွာေတာ့ အဲလ္ဗက္ဟာ ျပင္သစ္ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေရႊ႕သြားခဲ့ျပီး၊ ဂ်ဴဗင္တပ္အတြက္ အခ်ိန္တိုအတြင္း မ်ားစြာအက်ိဳးျဖစ္ထြန္းေစခဲ့သူတစ္ဦး ျဖစ္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဂျူဗင်တပ် သို့မဟုတ် အပြောင်းအရွှေ့ဘုရင် အပိုင်း(၂)

အပိုင္း (၁)ကို ျပန္လည္ ဖတ္ရႈရန္

လက်ရှိအပြောင်းအရွှေ့ကာလမှာလည်း ဂျူဗင်တပ်ဟာ အာဆင်နယ်အသင်းနဲ့စာချုပ်သစ် ထပ်မချုပ်တော့တဲ့ ဝေးလ်ကွင်းလယ်လူ ရမ်းဆေးကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ အမိအရခေါ်ယူထားပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်းမှာ ဂျူဗင်တပ်အသင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့အပြင် အသင်းအတွက်လည်း များစွာ အကျိုးပြုခဲ့တဲ့ နာမည်ကျော် ကစားသမားတွေ အကြောင်းကိုဖော်ပြပေးသွားချင်ပါတယ်။

(၁) အန်ဒရီယာပီယာလို (၂၀၁၁-၂၀၁၂)

ကစားသမားဘဝမှာ ပီယာလိုဟာ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား (၁)ကြိမ်၊ အေစီမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၂)ကြိမ် နဲ့ စကူဒက်တိုဖလား (၆)ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားကြီးတစ်ဦးဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ(၂၀၁၁-၂၀၁၂) ဘောလုံးရာသီမှာ အီတလီကွင်းလယ်ဖန်တီးရှင် ပီယာလိုကို အေစီမီလန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်မှာ (၄)နှစ်ကြာကစားပေးခဲ့ပြီး၊ ကိုပါအီတလီယာဖလား(၁)ကြိမ် နဲ့ စီးရီးအေချန်ပီယံဘွဲ့ကို (၄)နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ (၂၀၁၅) ခုနှစ်မှာ မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းထံပြောင်းရွှေ့သွားခဲ့တဲ့ ဖရီးကစ်ဝိဇ္ဇာကြီးဟာ ဂျူဗင်တပ်မှာ အောင်မြင်တဲ့ကစားသမားဘဝကို ဖြတ်သန်းနိုင်ခဲ့သလို အိုးလေဒီတို့အတွက်လည်း အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်။

(၂) ပေါပေါ့ဘာ (၂၀၁၂-၂၀၁၃)

ဂျူဗင်တပ်ကို ပီယာလိုနဲ့ေ့ရှဆင့်နောက်ဆင့် ရောက်ရှိခဲ့တဲ့ ပြင်သစ်ကွင်းလယ်ကစားသမားဖြစ်ပါတယ်။ လူငယ်ကစားသမားဘ၀ ယူနိုက်တက်မှာ နည်းပြကြီး ဖာဂူဆန်ရဲ့မျက်နှာသာပေးမှုကို မရခဲ့တဲ့နောက် (၂၀၁၃)ခုနှစ်မှာ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သူပါ။ ပေါ့ဘာရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့တယ်လို့ပြောရမှာဖြစ်ပြီး ကံကောင်းစွာနဲ့ ပီယာလို၊ ဗီဒယ်တို့လို ကွင်းလယ်ကစားသမားကြီးတွေထံကနေ သင်ယူခွင့်ရခဲ့ပြီး သူ့ရဲ့ခြေစွမ်းဟာလည်း ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ မန်ယူနိုက်တက်အပယ်ခံ ပေါ့ဘာဟာ ဂျူဗင်တပ်မှာ အောင်မြင်ခဲ့ပြီး စီးရီးအေချန်ပီယံ (၄)ကြိမ်ဆက်၊ ကိုပါအီတလီယာ (၂)ကြိမ်ဆက် ရယူနိုင်ခဲ့ကာ(၂၀၁၆)ခုနှစ်မှာတော့အသင်းဟောင်း မန်ယူနိုက်တက်ထံ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျူဗင်တပ်အနေနဲ့ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိခဲ့ပေမဲ့ ပြန်လည်ရောင်းချချိန်မှာတော့ ယူရို (၁၀၅)သန်းပြန်လည် ရရှိခဲ့လို့ တော်တော်လေးကို အကျိုးဖြစ်ထွန်းခဲ့တယ်လို့ဆိုရမှာပါ။

(၃) ဒန်နီအဲလ်ဗက် (၂၀၁၆-၂၀၁၇)

ဘာစီလိုနာမှာ ချန်ပီယံလိဂ်ဖလား (၃)ကြိမ် ရယူနိုင်ခဲ့ပြီးနောက်၊ (၂၀၁၆-၂၀၁၇)ဘောလုံးရာသီမှာ ဂျူဗင်တပ်ဟာ နောက်ခံလူအဲလ်ဗက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်အတွက် (၁)ရာသီကြာသာ ကစားပေးခဲ့ပေမဲ့ စီးရီးအေဖလားနဲ့ကိုပါအီတလီယာဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး၊ (၃၃)ပွဲကစား (၆)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ (၂၀၁၇)ခုနှစ်အကုန်မှာတော့ အဲလ်ဗက်ဟာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီး၊ ဂျူဗင်တပ်အတွက် အချိန်တိုအတွင်း များစွာအကျိုးဖြစ်ထွန်းစေခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။

လူညိုချော@SportsGabar