စီေရာ္နယ္ဒို(သို႔မဟုတ္)စိတ္ဓာတ္အျပင္းထန္ဆံုးကစားသမား

ယေန႔မ်က္ေခတ္ေဘာလံုးေလာကရဲ႕ အေကာင္းဆံုးေဘာလံုးသမားကဘယ္သူလဲလို႔ေမးလိုက္ရင္ ေဘာလံုးကိုခ်စ္တ့ဲပရိသတ္္အားလံုးက မက္ဆီနဲ႔စီေရာ္နယ္ဒိုပာဆိုျပီး တစ္ညီတစ္ညြတ္ထဲေျဖေလ့ရွိၾကပါတယ္။ ဒီထဲမွာမွ မက္ဆီကိုပါရမီရွင္ေဘာလံုးသမား၊ တစ္ျခားကမာၻကလာတ့ဲ ျဂိဳလ္သားရယ္လို႔အားလံုးက လက္ခံသတ္မွတ္ထားျပီးေတာ့၊ စီေရာ္နယ္ဒိုကိုေတာ့ ေအာင္ျမင္မႈအတြက္ အလုပ္ကို ၾကိဳးစားျပီးေတာ့ အေကာင္းဆံုးဆိုတာကိုသတ္ေသျပဖို႔ၾကိဳးစားေနတ့ဲသူလို႔ အားလံုးက လက္ခံထားၾကပါတယ္။

စီေရာ္နယ္ဒိုဟာ သူကိုယ္သူအေကာင္းဆံုးကစားသမားတစ္ေယာက္ျဖစ္တယ္ဆိုတာကို အၾကိမ္ၾကိမ္သက္ေသျပခ့ဲျပီး၊ ၊ ဒီေန႔အခ်ိန္ထိ ကမာၻ႔အေကာင္းဆံုးေဘာလံုးသမားဆုျဖစ္တ့ဲဘလြန္းဒီေအာ္ဆုကို(၅)ၾကိမ္တိုင္တိုင္ရရွိထားခ့ဲျပီးျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ စပို႔တင္းလက္စၥဘြန္း။ မန္ယူႏိုက္တက္နဲ႔ရီးရဲလ္မက္ဒရစ္အသင္းတို႔မွာ ကစားခ့ဲျပီး၊ လက္ရွိမွာေတာ့ စီးရီးေအကလပ္ဂ်ဳဗင္တပ္အသင္းမွာကစားေနတ့ဲ လည္းျဖစ္ပါတယ္။

ႏိုင္ငံအသင္း၊ကလပ္အသင္းေတြနဲ႔အတူေအာင္ျမင္မႈေတြအၾကိမ္ၾကိမ္ရခ့ဲတ့ဲ စီေရာ္နယ္ဒိုဟာ ဒီလိုမ်ိဳးေအာင္ျမင္မႈေတြကို လြယ္လြယ္နဲ႔ရရွိခ့ဲတာေတာ့မဟုတ္ပါဘူး။ စီေရာ္နယ္ဒိုရဲ႕စိတ္ဓာတ္ၾကံ႕ခိုင္မႈနဲ႔ အႏိုင္ရလိုစိတ္ျပင္းထန္မႈေတြကိုသူနဲ႔အတူတြဲကစားခ့ဲတ့ဲ ကစားေဖာ္ေတြနဲ႔ ျပိဳင္ဘက္ကစားသမားေတြကေတာင္မၾကာခဏခ်ီးက်ဴးရေလ့ရွိတ့ဲသူလည္းျဖစ္ပါတယ္။

စီေရာ္နယ္ဒိုဟာ ေ၀ဖန္မႈေတြကိုလည္းၾကိမ္ၾကိမ္ရင္ဆိုင္ခ့ဲရဖူးျပီး၊ အ့ဲဒီလုိေ၀ဖန္မႈေတြကိုလည္း ဆုဖလားေတြ ေအာင္ျမင္မႈေတြနဲ႔ အၾကိမ္ၾကိမ္တုန္႔ျပန္ျပခ့ဲတ့ဲသူတစ္ေယာက္လည္းျဖစ္ပါတယ္။ အေကာင္းဆံုးျဖစ္ဖို႔ တစ္ျခားကစားသမားေတြထက္အျမဲပိုၾကိဳးစားေလ့ရွိ႕တ့ဲသူတစ္ေယာက္ျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ ေလ့က်င့္ေရးကြင္းကိုအေစာဆံုးေရာက္တ့ဲကစားသမားတစ္ဦးျဖစ္ျပီးေတာ့ ေလ့က်င့္ေရးကြင္းကေနေနာက္ဆံုးမွျပန္ေလ့ရွိတ့ဲ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

အသက္(၂၀)အရြယ္ေလာက္ကစျပီး ယေန႔အသက္(၃၄)ႏွစ္အရြယ္ထိေအင္ျမင္မႈေတြကိုသိမ္းပိုက္ထားဆဲျဖစ္ျပီး၊ သူ႕ရဲ႕သြင္းဂိုးေတြဟာလည္း ဥေရာပရဲ႕ေကာင္းေပ့ဆိုတ့ဲ ခံစစ္မွဴးေတြ၊ ဂိုးသမားေတြအတြက္ေတာ့ အိပ္မက္ဆိုးၾကီးတစ္ခုျဖစ္ေနတုန္းပါပဲ။ စီေရာ္နယ္ဒိုအတြက္ေတာ့ အသက္အရြယ္ဆိုတာအေရးပါပံုမရပဲ၊ သူ႔ရဲ႕ႏိုင္ပြဲဆာေလာင္မႈ၊ကြင္းအတြင္းက အားမာန္ပါတ့ဲ ကစားဟန္ေတြေၾကာင့္ ဒီေန႔အခ်ိန္ထိ ေအာင္ျမင္မႈေတြ ကိုသိမ္းပိုက္ေနတုန္းပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

စီရော်နယ်ဒို(သို့မဟုတ်)စိတ်ဓာတ်အပြင်းထန်ဆုံးကစားသမား

ယနေ့မျက်ခေတ်ဘောလုံးလောကရဲ့ အကောင်းဆုံးဘောလုံးသမားကဘယ်သူလဲလို့မေးလိုက်ရင် ဘောလုံးကိုချစ်တဲ့ပရိသတ်အားလုံးက မက်ဆီနဲ့စီရော်နယ်ဒိုပာဆိုပြီး တစ်ညီတစ်ညွတ်ထဲဖြေလေ့ရှိကြပါတယ်။ ဒီထဲမှာမှ မက်ဆီကိုပါရမီရှင်ဘောလုံးသမား၊ တစ်ခြားကမ္ဘာကလာတဲ့ ဂြိုလ်သားရယ်လို့အားလုံးက လက်ခံသတ်မှတ်ထားပြီးတော့၊ စီရော်နယ်ဒိုကိုတော့ အောင်မြင်မှုအတွက် အလုပ်ကို ကြိုးစားပြီးတော့ အကောင်းဆုံးဆိုတာကိုသတ်သေပြဖို့ကြိုးစားနေတဲ့သူလို့ အားလုံးက လက်ခံထားကြပါတယ်။

စီရော်နယ်ဒိုဟာ သူကိုယ်သူအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကို အကြိမ်ကြိမ်သက်သေပြခဲ့ပြီး၊ ၊ ဒီနေ့အချိန်ထိ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုဖြစ်တဲ့ဘလွန်းဒီအော်ဆုကို(၅)ကြိမ်တိုင်တိုင်ရရှိထားခဲ့ပြီးဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ စပို့တင်းလက်စ္စဘွန်း။ မန်ယူနိုက်တက်နဲ့ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ ကစားခဲ့ပြီး၊ လက်ရှိမှာတော့ စီးရီးအေကလပ်ဂျုဗင်တပ်အသင်းမှာကစားနေတဲ့ လည်းဖြစ်ပါတယ်။

နိုင်ငံအသင်း၊ကလပ်အသင်းတွေနဲ့အတူအောင်မြင်မှုတွေအကြိမ်ကြိမ်ရခဲ့တဲ့ စီရော်နယ်ဒိုဟာ ဒီလိုမျိုးအောင်မြင်မှုတွေကို လွယ်လွယ်နဲ့ရရှိခဲ့တာတော့မဟုတ်ပါဘူး။ စီရော်နယ်ဒိုရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ အနိုင်ရလိုစိတ်ပြင်းထန်မှုတွေကိုသူနဲ့အတူတွဲကစားခဲ့တဲ့ ကစားဖော်တွေနဲ့ ပြိုင်ဘက်ကစားသမားတွေကတောင်မကြာခဏချီးကျူးရလေ့ရှိတဲ့သူလည်းဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ဝေဖန်မှုတွေကိုလည်းကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရဖူးပြီး၊ အဲ့ဒီလိုဝေဖန်မှုတွေကိုလည်း ဆုဖလားတွေ အောင်မြင်မှုတွေနဲ့ အကြိမ်ကြိမ်တုန့်ပြန်ပြခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အကောင်းဆုံးဖြစ်ဖို့ တစ်ခြားကစားသမားတွေထက်အမြဲပိုကြိုးစားလေ့ရှိ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းကိုအစောဆုံးရောက်တဲ့ကစားသမားတစ်ဦးဖြစ်ပြီးတော့ လေ့ကျင့်ရေးကွင်းကနေနောက်ဆုံးမှပြန်လေ့ရှိတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

အသက်(၂၀)အရွယ်လောက်ကစပြီး ယနေ့အသက်(၃၄)နှစ်အရွယ်ထိအေင်မြင်မှုတွေကိုသိမ်းပိုက်ထားဆဲဖြစ်ပြီး၊ သူ့ရဲ့သွင်းဂိုးတွေဟာလည်း ဥရောပရဲ့ကောင်းပေ့ဆိုတဲ့ ခံစစ်မှူးတွေ၊ ဂိုးသမားတွေအတွက်တော့ အိပ်မက်ဆိုးကြီးတစ်ခုဖြစ်နေတုန်းပါပဲ။ စီရော်နယ်ဒိုအတွက်တော့ အသက်အရွယ်ဆိုတာအရေးပါပုံမရပဲ၊ သူ့ရဲ့နိုင်ပွဲဆာလောင်မှု၊ကွင်းအတွင်းက အားမာန်ပါတဲ့ ကစားဟန်တွေကြောင့် ဒီနေ့အချိန်ထိ အောင်မြင်မှုတွေ ကိုသိမ်းပိုက်နေတုန်းပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar