အဲရစ္ဆင္ကိုအသင္းမွာပဲဆက္ရွိေနဖို႔ေမ်ွာ္လင့္ေနတ့ဲ ဗာတြန္ဂန္

စပါးအသင္းရဲ႕ေနာက္ခံလူ ဗာတြန္ဂန္ဟာ အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္ကိုေျပာင္းေရႊ႕ဖို႔ခ်ိတ္ဆက္မႈေတြျပဳလုပ္ေနတ့ဲ ကြင္းလယ္လူ အဲရစ္ဆင္ကို ထိန္းထားႏိုင္ဖို႔ေမ်ွာ္လင့္ေနတယ္လို႔သိရပါတယ္။

စပါးအသင္းရဲ႕ကြင္းလယ္လူ အဲရစ္ဆင္က သူ႔အေနနဲ႔ စိန္ေခၚမႈအသစ္ေတြကို ေအာင္ျမင္ေအာင္ၾကိဳးစားခ်င္တယ္လို႔ ထုက္ေဖာ္ေျပာၾကားခ့ဲျပီးတ့ဲေနာက္မွာ ရီးရဲလ္မက္ဒရစ္အသင္းက အခုလိုပဲေခၚယူဖို႔ၾကိဳးစားလာခ့ဲတာျဖစ္ပါတယ္။ ဒါေပမ့ဲ အသင္းေဖာ္ ဗာတြန္ဂန္ကေတာ့ အဲရစ္ဆင္ကိုအသင္းမွာပဲဆက္ရွိေနဖို႔အလိုရွိေနျပီး၊ စပါးအေနနဲ႔ အဲရစ္ဆင္ကို ထိန္းထားႏိုင္လိမ့္မယ္လို႔ ေမ်ွာ္လင့္ေနတာလည္းျဖစ္ပါတယ္။

ဗာတြန္ဂန္က ” အေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္တ့ဲအခါတိုင္း ေကာလဟာလေတြကေတာ့ အမ်ားအျပားထြက္ေနတာပါပဲ၊ ဒီလိုေကာလဟလေတြရွိေနေပမ့ဲ သူကေတာ့ အသင္းနဲ႔အတူ ရွိေနခ့ဲပါတယ္၊ အခုလည္း အ့ဲလိုပဲေမ်ွာ္လင့္ပါတယ္၊ အဲရစ္ဆင္က တကယ့္ကိုကစားသမားေကာင္းတစ္ေယာက္ပါ၊ အဲရစ္ဆင္ကိုသူ႔အသက္(၁၆)ႏွစ္ကတည္းက ကၽြန္ေတာ္သိခ့ဲတာပါ၊ ကၽြန္ေတာ္တို႔ေအဂ်က္မွာလည္းတူတူကစားခ့ဲၾကတယ္၊ ေနာက္ရာသီမွာလည္း အသင္းနဲ႔အတူဆက္ရွိေနမယ္လို႔ကၽြန္ေတာ္ေမ်ွာ္လင့္ပါတယ္၊ သူကထူးျခားတ့ဲ ကစားသမားတစ္ေယာက္ပါပဲ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

အဲရစ္ဆင္ဟာ လြန္ခ့ဲတ့ဲ(၂၀၁၃)ခုႏွစ္က နယ္သာလန္ ဘီလူးၾကီး ေအဂ်က္အသင္းကေန စပါးကိုေရာက္ရွိခ့ဲတာျဖစ္ျပီး၊ စပါးအသင္းနဲ႔ သူ႔ရဲ႕႕ေတာက္ပတ့ဲ ေျခစြမ္းေတြကိုျပသထားႏိုင္ခ့ဲပါတယ္။ အဲရစ္ဆင္ဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္နဲ႔ ဥေရာပအေကာင္းဆံုးကြင္းလယ္ကစားသမားေတြထဲကတစ္ေယာက္အျဖစ္သတ္မွတ္ထားျခင္းကိုလည္းခံထားရတ့ဲသူပဲျဖစ္ပါတယ္။

စပါးအသင္းနဲ႔အတူေတာက္ပထားႏိုင္ခ့ဲတ့ဲ အဲရစ္ဆင္တစ္ေယာက္ ဒီေႏြရာသီမွာ ရီးရဲလ္အသင္းကိုေျပာင္းေရႊ႕မလားဆိုတာေတာ့ အားလံုးတူတူေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အဲရစ်ဆင်ကိုအသင်းမှာပဲဆက်ရှိနေဖို့မျှော်လင့်နေတဲ့ ဗာတွန်ဂန်

စပါးအသင်းရဲ့နောက်ခံလူ ဗာတွန်ဂန်ဟာ အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ဖို့ချိတ်ဆက်မှုတွေပြုလုပ်နေတဲ့ ကွင်းလယ်လူ အဲရစ်ဆင်ကို ထိန်းထားနိုင်ဖို့မျှော်လင့်နေတယ်လို့သိရပါတယ်။

စပါးအသင်းရဲ့ကွင်းလယ်လူ အဲရစ်ဆင်က သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို အောင်မြင်အောင်ကြိုးစားချင်တယ်လို့ ထုက်ဖော်ပြောကြားခဲ့ပြီးတဲ့နောက်မှာ ရီးရဲလ်မက်ဒရစ်အသင်းက အခုလိုပဲခေါ်ယူဖို့ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းဖော် ဗာတွန်ဂန်ကတော့ အဲရစ်ဆင်ကိုအသင်းမှာပဲဆက်ရှိနေဖို့အလိုရှိနေပြီး၊ စပါးအနေနဲ့ အဲရစ်ဆင်ကို ထိန်းထားနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

ဗာတွန်ဂန်က ” အပြောင်းအရွှေ့ဈေးကွက်ဖွင့်တဲ့အခါတိုင်း ကောလဟာလတွေကတော့ အများအပြားထွက်နေတာပါပဲ၊ ဒီလိုကောလဟလတွေရှိနေပေမဲ့ သူကတော့ အသင်းနဲ့အတူ ရှိနေခဲ့ပါတယ်၊ အခုလည်း အဲ့လိုပဲမျှော်လင့်ပါတယ်၊ အဲရစ်ဆင်က တကယ့်ကိုကစားသမားကောင်းတစ်ယောက်ပါ၊ အဲရစ်ဆင်ကိုသူ့အသက်(၁၆)နှစ်ကတည်းက ကျွန်တော်သိခဲ့တာပါ၊ ကျွန်တော်တို့အေဂျက်မှာလည်းတူတူကစားခဲ့ကြတယ်၊ နောက်ရာသီမှာလည်း အသင်းနဲ့အတူဆက်ရှိနေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်၊ သူကထူးခြားတဲ့ ကစားသမားတစ်ယောက်ပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။

အဲရစ်ဆင်ဟာ လွန်ခဲ့တဲ့(၂၀၁၃)ခုနှစ်က နယ်သာလန် ဘီလူးကြီး အေဂျက်အသင်းကနေ စပါးကိုရောက်ရှိခဲ့တာဖြစ်ပြီး၊ စပါးအသင်းနဲ့ သူ့ရဲ့တောက်ပတဲ့ ခြေစွမ်းတွေကိုပြသထားနိုင်ခဲ့ပါတယ်။ အဲရစ်ဆင်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်နဲ့ ဥရောပအကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲကတစ်ယောက်အဖြစ်သတ်မှတ်ထားခြင်းကိုလည်းခံထားရတဲ့သူပဲဖြစ်ပါတယ်။

စပါးအသင်းနဲ့အတူတောက်ပထားနိုင်ခဲ့တဲ့ အဲရစ်ဆင်တစ်ယောက် ဒီနွေရာသီမှာ ရီးရဲလ်အသင်းကိုပြောင်းရွှေ့မလားဆိုတာတော့ အားလုံးတူတူစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar