ဂ်ဴဗင္တပ္ သို႔မဟုတ္ အေျပာင္းအေရႊ႕ဘုရင္ အပိုင္း(၁)

ေမာ္ဒန္ေဘာလံုးေလာကရဲ႕အေျပာင္းအေရႊ႕ေစ်းကြက္မွာ ကစားသမားေတြရဲ႕ေျပာင္းေရႊ႕ေၾကးေတြက အဆမတန္ျမင့္တက္လာေနပါတယ္။ အရင္တုန္းက အျမင့္ဆံုးေျပာင္းေရႊ႕ေၾကးနဲ႔ ကစားသမားအေျပာင္းအေရႊ႕တစ္ခု ျဖစ္ေပၚျပီဆိုရင္ ဒီစံခ်ိန္ကို ေတာ္ရံုခ်ိဳးျဖတ္ႏိုင္ဖို႔ခက္ခဲျပီး ႏွစ္ခ်ီၾကာတက္ပါတယ္။

ဒါေပမဲ့ ဒီဘက္ေခတ္မွာေတာ့ ဂိုးသမားကအစ တိုက္စစ္မွဴးအဆံုး ေနရာအလိုက္ ေျပာင္းေရႊ႕ေၾကးစံခ်ိန္ေတြဟာလည္း စံခ်ိန္တင္ျပီး အခ်ိန္သိပ္မၾကာခင္မွာပဲဘဲ ေတာက္ေလွ်ာက္က်ိဳးပ်က္ေနပါတယ္။ အနည္းငယ္ေျခစြမ္းေျခစရွိရံုနဲ႔ အဲဒီကစားသမားကို ယူရို (၁၀) သန္း၊ သန္း(၂၀) ေလာက္နဲ႔ ေခၚယူလို႔မရေႏိုင္ေတာ့ပါဘူး။

ေရာင္းခ်မယ့္ ကလပ္အသင္းေတြဟာလည္း ကစားသမားရဲ႕အေျပာင္းအေရႊ႕ကေန ရႏိုင္သေလာက္အက်ိဳးအျမတ္ကို ျခစ္ျခဳတ္ယူဖို႔ ရွိသင့္တဲ့တန္ေၾကးထက္အဆမတန္ေစ်းျမွင့္သတ္မွတ္လိုက္ၾကပါတယ္။ ဒီဒဏ္ကို အခံရဆံုးကေတာ့ ေငြေၾကးခ်မ္းသာတဲ့ အသင္းၾကီးေတြျဖစ္ျပီး သူတို႔အေနနဲ႔ေခၚယူခ်င္တဲ့ကစားသမားကို မ်က္ေစာင္းထိုးလိုက္ျပီဆိုတာနဲ႔ ကစားသမားရဲ႕ေျပာင္းေရႊ႕ေၾကးက (၂)ဆ ဒါမွမဟုတ္ (၃)ဆေလာက္ကို ျမင့္တက္သြားေတာ့တာပါပဲ။

ဒီလိုမ်ိဳး သာမန္ကစားသမားေတြကိုေတာင္ ေခၚယူဖို႔ ခ်င့္ခ်ိန္ေနရတဲ့အခ်ိန္မွာ ကမာၻေက်ာ္ကစားသမားေကာင္းေတြကို ေခၚယူႏိုင္ဖို႔ဆိုတာကေတာ့ ကလပ္အသင္းေတြအတြက္ ေတာ္ေတာ့္ကိုမလြယ္တဲ့ကိစၥတစ္ခုပါပဲ။ ဒါေပမဲ့ ေခၚယူတဲ့ ကစားသမားေတြက ကမာၻေက်ာ္ေတြ ျဖစ္ေနတဲ့အျပင္ ေျပာင္းေရႊ႕ေၾကးကိုလည္းတစ္ျပားမွမေပးရေအာင္ ေစ်းကြက္အတြင္း ပါးပါးနပ္နပ္လႈပ္ရွားေနတဲ့ ဥေရာပအသင္းၾကီးတစ္သင္းရွိေနပါတယ္။

အဲဒီအသင္းၾကီးကေတာ့ အီတလီစီးရီးေအကလပ္ ဂ်ဴဗင္တပ္ပဲျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ဟာ အေျပာင္းအေရႊ႕ကာလေရာက္ျပီဆိုရင္ သက္ဆိုင္ရာကလပ္အသီးသီးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ ကစားသမားေတြကို လိုက္လံရွာေဖြေလ့ရွိျပီး၊ အသင္းနဲ႔ကိုက္ညီမယ့္သူမ်ိဳးကိုေတြ႔ရင္ ျမင့္မားတဲ့ လုပ္ခလစာနဲ႔ စတင္ကမ္းလွမ္းပါေတာ့တယ္။

ဥေရာပအသင္းၾကီးလည္းျဖစ္ျပန္၊ လုပ္ခလစာကလည္းမက္ေလာက္စရာပမာဏတစ္ရပ္ဆိုေတာ့ ကစားသမားေတြဟာ ဂ်ဴဗင္တပ္ကိုပဲဆိုက္ဆိုက္ျမိဳက္ျမိဳက္ ေရာက္လာၾကပါေတာ့တယ္။ သက္ဆိုင္ရာကလပ္ေတြမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးေနတဲ့သူေတြျဖစ္တဲ့အတြက္ေၾကာင့္ ဂ်ဴဗင္တပ္ေပးရတဲ့ ေျပာင္းေရႊ႕ေၾကးကလည္း ဇီးရိုးျဖစ္သြားပါတယ္။

အပိုင္း (၂) ဆက္ဖတ္ရန္ ႏွိပ္ပါ။

လူညိဳေခ်ာ@SportsGabar

unicode

ဂျူဗင်တပ် သို့မဟုတ် အပြောင်းအရွှေ့ဘုရင် အပိုင်း(၁)

မော်ဒန်ဘောလုံးလောကရဲ့အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားတွေရဲ့ပြောင်းရွှေ့ကြေးတွေက အဆမတန်မြင့်တက်လာနေပါတယ်။ အရင်တုန်းက အမြင့်ဆုံးပြောင်းရွှေ့ကြေးနဲ့ ကစားသမားအပြောင်းအရွှေ့တစ်ခု ဖြစ်ပေါ်ပြီဆိုရင် ဒီစံချိန်ကို တော်ရုံချိုးဖြတ်နိုင်ဖို့ခက်ခဲပြီး နှစ်ချီကြာတက်ပါတယ်။

ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ဂိုးသမားကအစ တိုက်စစ်မှူးအဆုံး နေရာအလိုက် ပြောင်းရွှေ့ကြေးစံချိန်တွေဟာလည်း စံချိန်တင်ပြီး အချိန်သိပ်မကြာခင်မှာပဲဘဲ တောက်လျှောက်ကျိုးပျက်နေပါတယ်။ အနည်းငယ်ခြေစွမ်းခြေစရှိရုံနဲ့ အဲဒီကစားသမားကို ယူရို (၁၀) သန်း၊ သန်း(၂၀) လောက်နဲ့ ခေါ်ယူလို့မရနေိုင်တော့ပါဘူး။

ရောင်းချမယ့် ကလပ်အသင်းတွေဟာလည်း ကစားသမားရဲ့အပြောင်းအရွှေ့ကနေ ရနိုင်သလောက်အကျိုးအမြတ်ကို ခြစ်ခြုတ်ယူဖို့ ရှိသင့်တဲ့တန်ကြေးထက်အဆမတန်ဈေးမြှင့်သတ်မှတ်လိုက်ကြပါတယ်။ ဒီဒဏ်ကို အခံရဆုံးကတော့ ငွေကြေးချမ်းသာတဲ့ အသင်းကြီးတွေဖြစ်ပြီး သူတို့အနေနဲ့ခေါ်ယူချင်တဲ့ကစားသမားကို မျက်စောင်းထိုးလိုက်ပြီဆိုတာနဲ့ ကစားသမားရဲ့ပြောင်းရွှေ့ကြေးက (၂)ဆ ဒါမှမဟုတ် (၃)ဆလောက်ကို မြင့်တက်သွားတော့တာပါပဲ။

ဒီလိုမျိုး သာမန်ကစားသမားတွေကိုတောင် ခေါ်ယူဖို့ ချင့်ချိန်နေရတဲ့အချိန်မှာ ကမ္ဘာကျော်ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ဖို့ဆိုတာကတော့ ကလပ်အသင်းတွေအတွက် တော်တော့်ကိုမလွယ်တဲ့ကိစ္စတစ်ခုပါပဲ။ ဒါပေမဲ့ ခေါ်ယူတဲ့ ကစားသမားတွေက ကမ္ဘာကျော်တွေ ဖြစ်နေတဲ့အပြင် ပြောင်းရွှေ့ကြေးကိုလည်းတစ်ပြားမှမပေးရအောင် ဈေးကွက်အတွင်း ပါးပါးနပ်နပ်လှုပ်ရှားနေတဲ့ ဥရောပအသင်းကြီးတစ်သင်းရှိနေပါတယ်။

အဲဒီအသင်းကြီးကတော့ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်ပဲဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ အပြောင်းအရွှေ့ကာလရောက်ပြီဆိုရင် သက်ဆိုင်ရာကလပ်အသီးသီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားတွေကို လိုက်လံရှာဖွေလေ့ရှိပြီး၊ အသင်းနဲ့ကိုက်ညီမယ့်သူမျိုးကိုတွေ့ရင် မြင့်မားတဲ့ လုပ်ခလစာနဲ့ စတင်ကမ်းလှမ်းပါတော့တယ်။

ဥရောပအသင်းကြီးလည်းဖြစ်ပြန်၊ လုပ်ခလစာကလည်းမက်လောက်စရာပမာဏတစ်ရပ်ဆိုတော့ ကစားသမားတွေဟာ ဂျူဗင်တပ်ကိုပဲဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြပါတော့တယ်။ သက်ဆိုင်ရာကလပ်တွေမှာ စာချုပ်သက်တမ်းကုန်ဆုံးနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် ဂျူဗင်တပ်ပေးရတဲ့ ပြောင်းရွှေ့ကြေးကလည်း ဇီးရိုးဖြစ်သွားပါတယ်။

အပိုင္း (၂) ဆက္ဖတ္ရန္ ႏွိပ္ပါ။

လူညိုချော@SportsGabar