• Contact Us
Friday, December 13, 2019
Sports Gabar
  • Home
  • Local SG
  • International SG
  • Breaking SG
  • Knowledge SG
No Result
View All Result
  • Home
  • Local SG
  • International SG
  • Breaking SG
  • Knowledge SG
No Result
View All Result
Sports Gabar
No Result
View All Result


October 12, 2019
in International SG, Local SG
346
SHARES
27
VIEWS
Share on FacebookShare on Twitter







Unicode

အောင်လအန်ဆန်းနဲ့ထိုးသတ်မယ့် လူ့ဘီလူးကြီး ဘရန်ဒန်ဗီရာဆိုတာ…

ဂျပန်မှာ အောင်လအန်ဆန်းနဲ့ထိုးသတ်ဖို့ စိန်ခေါ်ထားတဲ့ ဘရန်ဒန်ဗီရာဆိုတာ လက်ရှိ one championship ရဲ့ ဟဲဗီးဝိတ် ချန်ပီယံတစ်ယောက်ပါ။ ဖိလစ်ပိုင်လူမျိုးဖခင်နဲ့အီတလီမိခင်တို့ကမွေးဖွားခဲ့တဲ့ ဖိလစ်ပိုင်၊ အီတလီကပြားကြီး ဗီရာဟာ (၂၀၀၂)ခုနှစ်ကတည်းက သူ့ရဲ့ပရော်ဖက်ရှင်နယ် အားကစားသမားဘဝကိုစတင်ခဲ့သူဖြစ်ပြီး၊ UFC နဲ့ WEC တို့မှာလည်း ဝင်ရောက်ထိုးသတ်ခဲ့ဖူးပါတယ်။

ဒါ့အပြင်(၂၀၀၅) WEC Heavyweight Grand Prix ချန်ပီယံဆုကို ရယူနိုင်ခဲ့ဖူးတာကြောင့် ဗီရာဟာ အတွေ့အကြုံပိုင်းမှာရော ပညာပိုင်းမှာပါ လုံးဝလျှော့တွက်လို့မရတဲ့ဖိုက်တာတစ်ယောက်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဗီရာဟာ ကိုယ်ခံပညာပေါင်းစုံသုံးပြီးယှဉ်ပြိုင်ရတဲ့ MMA ပြိုင်ပွဲမှာ စုစုပေါင်း(၂၄)ပွဲ ထိုးသတ်ခဲ့ပြီး၊ (၁၆)ပွဲအနိုင်ရထားကာ အဲဒီ့အထဲမှာ အလဲထိုးနိုင်ပွဲက (၁၁)ပွဲအထိရှိနေတာကြောင့် သူဘယ်လောက် လက်စောင်းထက်တယ်ဆိုတာ မြင်သာနေပါတယ်။

အရပ်အမောင်းအားဖြင့် အောင်လထက် (၃)လက်မခန့်ပိုမိုမြင့်မားတဲ့ ဗီရာဟာ ဒီအချက်ကိုပဲ သူ့ရဲ့အားသာချက်အဖြစ် အသုံးချလာဖွယ်ရှိနေပေမဲ့ အသက်(၄၁)နှစ်ရှိပြီဖြစ်လို့ ဗီရာအတွက် သက်လုံပိုင်းအရ အကန့်အသက်ရှိနေပြီး သူ့ထက် (၈)နှစ်ပိုငယ်တဲ့ အောင်လကို တရစပ်တိုက်စစ်ဆင်ထိုးသတ်ဖို့ဆိုတာ မဖြစ်နိုင်ဘဲ တန်ပြန်တိုက်စစ်နဲ့သာ ထိရောက်တဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်လာမှာပါ။

ဗီရာဟာ အောင်လအန်ဆန်းလက်ရှိပိုင်ဆိုင်ထားတဲ့ ချန်ပီယံခါးပတ်(၂)ခုထဲက လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်အတွက် စိန်ခေါ်ခဲ့တာဖြစ်ပြီး၊ အောင်လကို အနိုင်ရခဲ့မယ်ဆိုရင်တော့ လိုက်ဟဲဗီးဝိတ်ချန်ပီယံအဖြစ်ဗိုလ်ဝင်ခံသွားတော့မှာဖြစ်ပါတယ်။ အကယ်လို့ အောင်လကသာအနိုင်ရသွားမယ်၊ သို့မဟုတ် သရေကျခဲ့မယ်ဆိုရင်တော့ ချန်ပီယံခါးပတ်က အောင်လ လက်ထဲမှာပဲ ပိုနေမြဲ ကျားနေမြဲ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဒီပွဲရဲ့အရှုံး၊ အနိုင်ရလဒ်ဟာ ဗီရာလက်ရှိပိုင်ဆိုင်ထားတဲ့ ဟဲဗီးဝိတ်ချန်ပီယံခါးပတ်နဲ့ သက်ဆိုင်ခြင်းတော့မရှိပါဘူး။

အောင်လကလည်း ဒီပွဲကိုသာနိုင်လိုက်ရင် သူ့ရဲ့နာမည်ဂုဏ်သတင်းဟာ ကမ္ဘာ့ဖိုက်တာတွေကြား ပိုမိုကျော်ဇောသွားဖို့ရှိပြီး ဗီရာနိုင်ခဲ့ရင်လည်း ဟဲဗီးဝိတ်တန်း(၂)ခုရဲ့ချန်ပီယံဖြစ်လာမယ့် မက်လုံးရှိနေပါတယ်။ ဒါ့အပြင် (၂)ယောက်စလုံးက (၅)ချီအထိ အရောက်ခံမှာမဟုတ်ဘဲ အမှောက်သိပ်သွားမယ်လို့ တစ်ယောက်ကိုတစ်ယောက် ကြိုတင်သတိပေးထားကြတာကြောင့် ဒီပွဲကတော့ MMA သမိုင်းမှာ ခမ်းနားကြီးကျယ်တဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာတော့မှာ သေချာပါတယ်။

လူညိုချော@SportsGabar

Previous Post

ဘာစီလိုနာကနေ ထွက်ခွာဖို့ မက်ဆီ ဘာကြောင့် ဆုံးဖြတ်ခဲ့ဖူးတာလဲ?

Next Post

ဘောလုံးသမိုင်းမှာဂိုး(၇၀၀)ပြည့်တဲ့(၆)ယောက်မြောက်ဘောလုံးသမားဖြစ်လာတဲ့ရော်နယ်ဒို

Related Posts

အသင်းကြီးအားလုံးရုန်းကန်ခဲ့ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)
International SG

အသင်းကြီးအားလုံးရုန်းကန်ခဲ့ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)

November 3, 2019
ဂတ်မူလာရဲ့(၄၇)နှစ်ကြာစံချိန်ကိုချိုးဖြတ်နိုင်ဖို့ချိန်ရွယ်လာတဲ့လီဝမ်ဒေါစကီး
International SG

ဂတ်မူလာရဲ့(၄၇)နှစ်ကြာစံချိန်ကိုချိုးဖြတ်နိုင်ဖို့ချိန်ရွယ်လာတဲ့လီဝမ်ဒေါစကီး

November 2, 2019
သဘာဝလွန်ပယောဂတွေပါဝင်နေတဲ့ခရိုအေးရှားလိဂ်ကအံ့ဖွယ်သွင်းဂိုးတစ်ဂိုး
International SG

သဘာဝလွန်ပယောဂတွေပါဝင်နေတဲ့ခရိုအေးရှားလိဂ်ကအံ့ဖွယ်သွင်းဂိုးတစ်ဂိုး

November 2, 2019
ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲကြိုသုံးသပ်ချက်များ
International SG

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲကြိုသုံးသပ်ချက်များ

November 2, 2019
ဗီလာနဲ့ပွဲကိုဆာလက်ဝင်ကန်နိုင်၊မကန်နိုင်ပြောခဲ့တဲ့နည်းပြကလော့
International SG

ဗီလာနဲ့ပွဲကိုဆာလက်ဝင်ကန်နိုင်၊မကန်နိုင်ပြောခဲ့တဲ့နည်းပြကလော့

November 2, 2019
အသင်းကြီးတွေပွဲချောင်နေတဲ့ကာရာဘာအိုဖလားကွာတားဖိုင်နယ်
International SG

အသင်းကြီးတွေပွဲချောင်နေတဲ့ကာရာဘာအိုဖလားကွာတားဖိုင်နယ်

November 1, 2019
Next Post
ဘောလုံးသမိုင်းမှာဂိုး(၇၀၀)ပြည့်တဲ့(၆)ယောက်မြောက်ဘောလုံးသမားဖြစ်လာတဲ့ရော်နယ်ဒို

ဘောလုံးသမိုင်းမှာဂိုး(၇၀၀)ပြည့်တဲ့(၆)ယောက်မြောက်ဘောလုံးသမားဖြစ်လာတဲ့ရော်နယ်ဒို

အသင်းကြီးအားလုံးရုန်းကန်ခဲ့ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)
International SG

အသင်းကြီးအားလုံးရုန်းကန်ခဲ့ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)

November 3, 2019

ညကယှဉ်ပြိုင်ကစားသွားတဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ ထင်သလောက်တိုး မပေါက်ခဲ့ဘဲ...

Read more
ဂတ်မူလာရဲ့(၄၇)နှစ်ကြာစံချိန်ကိုချိုးဖြတ်နိုင်ဖို့ချိန်ရွယ်လာတဲ့လီဝမ်ဒေါစကီး
International SG

ဂတ်မူလာရဲ့(၄၇)နှစ်ကြာစံချိန်ကိုချိုးဖြတ်နိုင်ဖို့ချိန်ရွယ်လာတဲ့လီဝမ်ဒေါစကီး

November 2, 2019

လက်ရှိအချိန်မှာရပ်တန့်လို့မရနိုင်လောက်အောင် ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူနေတဲ့...

Read more
သဘာဝလွန်ပယောဂတွေပါဝင်နေတဲ့ခရိုအေးရှားလိဂ်ကအံ့ဖွယ်သွင်းဂိုးတစ်ဂိုး
International SG

သဘာဝလွန်ပယောဂတွေပါဝင်နေတဲ့ခရိုအေးရှားလိဂ်ကအံ့ဖွယ်သွင်းဂိုးတစ်ဂိုး

November 2, 2019

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ခရိုအေးရှားလိဂ်ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆလာဗန်ဘလူပိုအသင်းနဲ့ဟက်ဂ်ျဒူစပလစ်တို့ရဲ့ပွဲစဉ်မှာ အလွန်ထူးဆန်းတဲ့...

Read more
ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲကြိုသုံးသပ်ချက်များ
International SG

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲကြိုသုံးသပ်ချက်များ

November 2, 2019

ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ပွဲကို စနေနဲ့တနင်္ဂနွေ(၂)ရက်ခွဲပြီးကျင်းပသွားမှာဖြစ်ပါတယ်။ အဲဗာတန်နဲ့စပါးပွဲစဉ်ကလွဲလို့ အသင်းကြီးအချင်းချင်းထိပ်တိုက်တွေ့ဆုံနေတာမျိုးမရှိတဲ့အတွက်...

Read more
Facebook Youtube

About Us

Sports Gabar

Sports Gabar

အားကစားသတင်းများစုစည်းရာ SportsGabar

Sports Gabar

Categories

  • Breaking SG
  • International SG
  • Knowledge SG
  • Local SG

Popular

  • အသင်းကြီးအားလုံးရုန်းကန်ခဲ့ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)

    အသင်းကြီးအားလုံးရုန်းကန်ခဲ့ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)

    1056 shares
    Share 1056 Tweet 0
  • ကိုပါအမေရိကဖလားပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် လူငယ်ကစားသမား(၃)ဦး

    49 shares
    Share 49 Tweet 0
  • ဘောလွန်းဒီအော်(၂၀၁၉)ဆုအတွက်ဆန်ခါတင်စာရင်းမှာဆွန်ဟောင်မင်လည်းပါဝင်လာ

    167 shares
    Share 167 Tweet 0
  • အင်္ဂလန်ဒါဘီပွဲမတိုင်ခင်ဆိုးလ်ရှားကိုအရှိုက်ထိအောင်ထိုးနှက်လိုက်တဲ့ကာရေဂါ

    125 shares
    Share 125 Tweet 0
  • ဆယ့်တစ်မိနစ်အတွင်း(၃)ဂိုးသွင်းခဲ့တဲ့အံ့ဖွယ်စတာလင်

    165 shares
    Share 165 Tweet 0

Copyrights © 2019 Sports Gabar - All Rights Reserved.

No Result
View All Result
  • Home
  • Local SG
  • International SG
  • Breaking SG
  • Knowledge SG

Copyrights © 2019 Sports Gabar - All Rights Reserved.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In